“အာဂ်င္တီးနားဟာစစ္ပြဲတစ္ခုမွာရွိေနတ့ဲပံုပါပဲ” -စကယ္လိုနီ

ဒီစကားကိုေျပာၾကားခ့ဲတ့ဲသူကေတာ့အာဂ်င္တီးနားအသင္းရဲ႕နည္းျပၾကီးစကယ္လိုနီပဲျဖစ္ပါတယ္။ ဒီေန႔မနက္အေစာပိုင္းက ယွဥ္ျပိဳင္ကစားခ့ဲၾကတ့ဲ အာဂ်င္တီးနားနဲ႔ကာတာတို႔ရဲ႕ပြဲစဥ္အျပီးမွာ အခုလိုေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဒီေန႔မနက္အေစာပိုင္းကယွဥ္ျပိဳင္ခ့ဲၾကတ့ဲ ကာတာနဲ႔အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ႏွစ္ဂိုးဂိုးမရွိနဲ႔အႏိုင္ရခ့ဲတာေၾကာင့္ ရမွတ္ေလးမွတ္နဲ႔ အုပ္စုဒုတိယေနရာကိုရရွိကာ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခ့ဲျပီးျဖစ္ပါတယ္။ အဆိုပါပြဲစဥ္က အာဂ်င္တီးနားကစားသမားေတြရဲ႕ကစားပံုကိုၾကည့္ျပီး စကယ္လိုနီက အခုလိုမ်ိဳးေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

စကယ္လိုနီက ” ကၽြန္ေတာ္တို႔တိုးတက္ဖို႔လိုပါေသးတယ္၊ ဒါေပမ့ဲ ႏိုင္ပြဲအတြက္ေက်နပ္ပါတယ္၊ ကစားသမားေတြဟာ ယံုၾက္မႈအျပည့္နဲ႔ကစားၾကဖို႔လိုအပ္ခ့ဲပါတယ္၊ အထူးသျဖင့္ ကၽြန္ေတာ္တို႔ရဲ႕ဒုတိယပိုင္းကစားပံုဟာ တကယ့္ကိုအေၾကာက္အလန္႔ကင္းမ့ဲေနတ့ဲပံုမ်ိဳးကစားခ့ဲၾကတာပါ၊ ဘယ္လို ျပိဳင္ဘက္မ်ိဳးကိုမဆိုအႏိုင္ကစားဖို႔ ကၽြန္ေတာ္ ျပင္ဆင္ရမွာေတြေတာ့၇ွိပါေသးတယ္၊ ကၽြန္ေတာ့္အသင္းရဲ႕ကစားသမားေတြဟာ စစ္ပြဲတစ္ပြဲမွာေရာက္ေနသလိုကစားခ့ဲၾကပါတယ္၊ တစ္ခါတစ္ေလမွာ ဖိအားေတြရွိေနတ့ဲအခ်ိန္မွာဆိုအေကာင္းဆံုးကစားႏိုင္ဖို႔က တကယ္ကိုခက္ခဲပါတယ္ ” လို႔ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ကြာတားဖိုင္နယ္မွာ ဗင္နီဇြဲလားအသင္းနဲ႔ေတြ႔ဆံုရဖို႔ရွိေနျပီး၊ ကြာတားဖိုင္နယ္ပြဲစဥ္ေတြကို လာမယ့္(၂၈)ရက္ေန႔မွာစတင္ယွဥ္ျပိဳင္သြားၾကမွာပဲျဖစ္ပါတယ္။ ႏိုင္ငံအသင္းနဲ႔ေအာင္ျမင္မႈေတြမရႏိုင္ျဖစ္ေနတ့ဲ မက္ဆီတစ္ေယာက္ ဒီတစ္ၾကိမ္မွာေရာ ဘရာဇီးေျမမွာ ကိုပါအေမရိကဖလားၾကီးကိုသိမ္းပိုက္သြားႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

“အာဂျင်တီးနားဟာစစ်ပွဲတစ်ခုမှာရှိနေတဲ့ပုံပါပဲ” -စကယ်လိုနီ

ဒီစကားကိုပြောကြားခဲ့တဲ့သူကတော့အာဂျင်တီးနားအသင်းရဲ့နည်းပြကြီးစကယ်လိုနီပဲဖြစ်ပါတယ်။ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဂျင်တီးနားနဲ့ကာတာတို့ရဲ့ပွဲစဉ်အပြီးမှာ အခုလိုပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့ကြတဲ့ ကာတာနဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာ နှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာကြောင့် ရမှတ်လေးမှတ်နဲ့ အုပ်စုဒုတိယနေရာကိုရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါပွဲစဉ်က အာဂျင်တီးနားကစားသမားတွေရဲ့ကစားပုံကိုကြည့်ပြီး စကယ်လိုနီက အခုလိုမျိုးပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

စကယ်လိုနီက ” ကျွန်တော်တို့တိုးတက်ဖို့လိုပါသေးတယ်၊ ဒါပေမဲ့ နိုင်ပွဲအတွက်ကျေနပ်ပါတယ်၊ ကစားသမားတွေဟာ ယုံြက်မှုအပြည့်နဲ့ကစားကြဖို့လိုအပ်ခဲ့ပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ဒုတိယပိုင်းကစားပုံဟာ တကယ့်ကိုအကြောက်အလန့်ကင်းမဲ့နေတဲ့ပုံမျိုးကစားခဲ့ကြတာပါ၊ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆိုအနိုင်ကစားဖို့ ကျွန်တော် ပြင်ဆင်ရမှာတွေတော့၇ှိပါသေးတယ်၊ ကျွန်တော့်အသင်းရဲ့ကစားသမားတွေဟာ စစ်ပွဲတစ်ပွဲမှာရောက်နေသလိုကစားခဲ့ကြပါတယ်၊ တစ်ခါတစ်လေမှာ ဖိအားတွေရှိနေတဲ့အချိန်မှာဆိုအကောင်းဆုံးကစားနိုင်ဖို့က တကယ်ကိုခက်ခဲပါတယ် ” လို့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်မှာ ဗင်နီဇွဲလားအသင်းနဲ့တွေ့ဆုံရဖို့ရှိနေပြီး၊ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်(၂၈)ရက်နေ့မှာစတင်ယှဉ်ပြိုင်သွားကြမှာပဲဖြစ်ပါတယ်။ နိုင်ငံအသင်းနဲ့အောင်မြင်မှုတွေမရနိုင်ဖြစ်နေတဲ့ မက်ဆီတစ်ယောက် ဒီတစ်ကြိမ်မှာရော ဘရာဇီးမြေမှာ ကိုပါအမေရိကဖလားကြီးကိုသိမ်းပိုက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar