ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး အမ်ဘာပေဟာ မကြာခင်မှာရီးရဲလ်အသင်းကိုရောက်ရှိလာလိမ့်မယ်လို့ ရီးရဲလ်အသင်းရဲ့အသက်(၁၈)နှစ်အရွယ်လူငယ်ကစားသမားလေး ဗင်နီးစပ်စ်က ပြောကြားသွားခဲ့ပါတယ်။
အသက်(၁၈)နှစ်အရွယ် ဗင်နီးစပ်စ်ဟာ ဘာပေရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားသွားခဲ့တာပါ။ ဗင်နီးစပ်စ်က ” ကျွန်တော်နေမာနဲ့အတူ တွဲကစားချင်ပါတယ်၊ ပြီးတော့ ဘာပေနဲ့ရောပေါ့ဗျာ၊ အသင်းရဲ့ပရိသတ်တွေအားလုံးကသူတို့နှစ်ယောက်ကိုဒီမှာ လာကစားကြဖို့အိပ်မက်မက်နေကြတာပါ၊ အသင်းရဲ့ပရိသတ်တွေအားလုံးက ဘာပေကို ရီးရဲလ်ဂျာစီဝတ်ထားတာကိုမြင်ချင်ကြမှာပါ၊ ကျွန်တော်သူ့ကိုအများကြီးလေးစားပါတယ်၊
သူက သူ့ရဲ့ကစားသမားဘ၀အစမှာတင်အောင်မြင်မှုတွေအများကြီးယူပြနိုင်ခဲ့တဲ့သူပါ၊ သူကရီးရဲလ်ကိုလာခဲ့မယ်ဆိုရင်တကယ်ကိုကောင်းမှာပါ၊ သူ့ကိုအားလုံးကရီးရဲလ်ကိုလာစေချင်ကြပါတယ်၊ သူမကြာခင်၇ီးရဲလ်ကိုရောက်လာမယ်ဆိုတာ သေချာပါတယ်၊ သူနဲ့အတူ ကျွန်တော်တို့ ဖလားများစွားကိုသိမ်းပိုက်ကြမှာပါ၊ ဒါကအသေအချာပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်ဟာ ဒီနွေဈေးကွက်ထဲမှာကစားသမား(၆)ဦးအထိခေါ်ယူထားပြီးဖြစ်ကာ၊ ဗင်နီးစပ်စ်ရဲ့ပြောစကားအရ ဘာပေကိုပါခေါ်ယူနိုင်တော့မှာလာဆိုတာ တကယ်ကိုစိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။
unicode
အမ်ဘာပေ ရီးရဲလ်ကိုရောက်မယ်လို့ပြောကြားလိုက်တဲ့ ဗင်နီးစပ်စ်
ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး အမ်ဘာပေဟာ မကြာခင်မှာရီးရဲလ်အသင်းကိုရောက်ရှိလာလိမ့်မယ်လို့ ရီးရဲလ်အသင်းရဲ့အသက်(၁၈)နှစ်အရွယ်လူငယ်ကစားသမားလေး ဗင်နီစပ်စ်က ပြောကြားသွားခဲ့ပါတယ်။
ဒီလအစောပိုင်းတုန်းက အမ်ဘာပေဟာ သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို လုပ်ချင်တယ်လို့ပြောကြားခဲ့ဲပြီးတဲ့နောက်မှာ ဘာပေရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအခုလိုပဲသတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒေါပမဲ့ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌဖြစ်သူကတော့ ဘာပေဟာ အသင်းမှာဆက်ရှိနေဖို့(၂၀၀%)ရာခိုင်နှုန်းသေချာပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။
အသက်(၁၈)နှစ်အရွယ် ဗင်နီစပ်စ်ဟာ ဘာပေရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားသွားခဲ့တာပါ။ ဗင်နီစပ်စ်က ” ကျွန်တော်နေမာနဲ့အတူ တွဲကစားချင်ပါတယ်၊ ပြီးတော့ ဘာပေနဲ့ရောပေါ့ဗျာ၊ အသင်းရဲ့ပရိသတ်တွေအားလုံးကသူတို့နှစ်ယောက်ကိုဒီမှာ လာကစားကြဖို့အိပ်မက်မက်နေကြတာပါ၊ အသင်းရဲ့ပရိသတ်တွေအားလုံးက ဘာပေကို ရီးရဲလ်ဂျာစီဝတ်ထားတာကိုမြင်ချင်ကြမှာပါ၊ ကျွန်တော်သူ့ကိုအများကြီးလေးစားပါတယ်၊
သူက သူ့ရဲ့ကစားသမားဘဝအစမှာတင်အောင်မြင်မှုတွေအများကြီးယူပြနိုင်ခဲ့တဲ့သူပါ၊ သူကရီးရဲလ်ကိုလာခဲ့မယ်ဆိုရင်တကယ်ကိုကောင်းမှာပါ၊ သူ့ကိုအားလုံးကရီးရဲလ်ကိုလာစေချင်ကြပါတယ်၊ သူမကြာခင်ရီးရဲလ်ကိုရောက်လာမယ်ဆိုတာ သေချာပါတယ်၊ သူနဲ့အတူ ကျွန်တော်တို့ ဖလားများစွားကိုသိမ်းပိုက်ကြမှာပါ၊ ဒါကအသေအချာပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်ဟာ ဒီနွေဈေးကွက်ထဲမှာကစားသမား(၆)ဦးအထိခေါ်ယူထားပြီးဖြစ်ကာ၊ ဗင်နီစပ်စ်ရဲ့ပြောစကားအရ ဘာပေကိုပါခေါ်ယူနိုင်တော့မှာလာဆိုတာ တကယ်ကိုစိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။
Sirဇော်ကြီး@SportsGabar