ဂ်ာရက္ကသာ အေကာင္းဆံုးလို႔ခ်ီးက်ဳးသြားခ့ဲတ့ဲ ေတာရက္စ္

ျပီးခ့ဲတ့ဲရက္ပိုင္းေလးကမွ ကစားသမားဘ၀ကေနအနားယူျပီလို႔ေၾကျငာခ့ဲတ့ဲ ဖာနန္ဒိုေတာရက္စ္ဟာ အတူတူ တြဲကစားဖူးတ့ဲကစားသမားေတြထဲမွာ လီဗာပူးလ္မွာကစားခ့ဲတုန္းက အတူတြဲကစားခ့ဲတ့ဲ ဂ်ာရက္က အေကာင္းဆံုးပဲလို႔ေျပာဆိုသြားခ့ဲပါတယ္။

ေတာရက္စ္ဟာ မတူညီတ့ဲလိဂ္(၄)ခုမွာ (၁၈)ႏွစ္ေက်ာ္ၾကာ ကစားသမားဘ၀ကိုျဖတ္သန္းခ့ဲတာျဖစ္ပါတယ္။ ဒီ(၁၈)ႏွစ္ေက်ာ္ၾကာ ကာလအတြင္း အသင္းေပါင္းမ်ားစြာမွာ ကစားသမားေပါင္းမ်ားစြာနဲ႔အတူတြဲကစားဖူးခ့ဲတ့ဲ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲရက္က အင္တာဗ်ဳးတစ္ခုမွာ အတူတြဲကစားဖူးခ့ဲသမ်ွကစားသမားေတြထဲမွာဘယ္ကစားသမားကအေကာင္းဆံုးျဖစ္ခ့ဲလဲဆိုတ့ဲေမးခြန္းနဲ႔ပတ္သက္ျပီး ေတာရက္စ္ကအခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။

ေတာရက္စ္က ” ကၽြန္ေတာ္အျမဲတမ္းေျပာခ့ဲဖူးပါတယ္၊ စတီဗင္ဂ်ာရက္ကအေကာင္းဆံုးပါပဲ၊ သူကကၽြန္ေတာ္ကို ေဘာလံုးေသခ်ာကစားႏိုင္ေအာင္ေအာင္ျပဳလုပ္ေပးႏိုင္တ့ဲကစားသမားဆိုတာကၽြန္ေတာ္သိခ့ဲရပါတယ္၊ သူနဲ႔တြဲကစားခ့ဲတုန္းက ကၽြန္ေတာ္ရဲ႕ေျခစြမ္းကအေကာင္းမွာရွိခ့ဲတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္ ” လို႔ ထုက္ေဖာ္ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

ေနာက္ျပီးေတာရက္စ္ဟာ ကစားသမားဘ၀ကအနားယူဖို႔ဆံုးျဖတ္ခ့ဲတာနဲ႔ပတ္သက္ျပီးေတာ့လည္း အခုလိုပဲေျပာၾကားသြားခ့ဲပါေသးတယ္။ ေတာရက္စ္က ” ကၽြန္ေတာ္က အျမဲတမ္းရိုးသားဖို႔နဲ႔ အဆင့္တစ္ခုမွာ အေကာင္းဆံုးလုပ္ျပႏိုင္ဖို႔အလိုရွိခ့ဲတာပါ၊ ကၽြန္ေတာ္ရဲ႕ခႏၶာကိုယ္ကို ညာလို႔မရပါဘူး၊ လံုး၀မလုပ္ႏိုင္ေတာ့တ့ဲအခ်ိန္မွ ကၽြန္ေတာ္အနားမယူခ်င္ပါဘူး၊ ဒီလိုေတြျဖစ္မလာခင္ ကၽြန္ေတာ္ရဲ႕ကစားသမားဘ၀ကိုအေကာင္းဆံုး အဆံုးသတ္ခ်င္ပါတယ္ ” လို႔ ေျပာၾကားသြားခ့ဲပါတယ္။

ေတာ၇က္စ္ဟာ လီဗာပူးလ္နဲ႔အတူေတာက္ပခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ျပီးေတာ့ သူ႔ရဲ႕ကစားသမားဘ၀မွတ္တမ္းမွတ္ရာေတြကလည္း တကယ္ကိုေလးစားထိုက္တ့ဲအေနအထားမွာရွိေနခ့ဲတာျဖစ္ပါတယ္။ ေဘာလံုးခ်စ္တ့ဲပရိသတ္ၾကီးကေတာ့ တစ္ခ်ိန္က ေတာရက္စ္ရဲ႕ ကစားပံုေလးေတြကို လြမ္းဆြတ္ေနမိၾကမွာအေသအခ်ာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဂျာရက်ကသာ အကောင်းဆုံးလို့ချီးကျုးသွားခဲ့တဲ့ တောရက်စ်

ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ကစားသမားဘဝကနေအနားယူပြီလို့ကြေငြာခဲ့တဲ့ ဖာနန်ဒိုတောရက်စ်ဟာ အတူတူ တွဲကစားဖူးတဲ့ကစားသမားတွေထဲမှာ လီဗာပူးလ်မှာကစားခဲ့တုန်းက အတူတွဲကစားခဲ့တဲ့ ဂျာရက်က အကောင်းဆုံးပဲလို့ပြောဆိုသွားခဲ့ပါတယ်။

တောရက်စ်ဟာ မတူညီတဲ့လိဂ်(၄)ခုမှာ (၁၈)နှစ်ကျော်ကြာ ကစားသမားဘဝကိုဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒီ(၁၈)နှစ်ကျော်ကြာ ကာလအတွင်း အသင်းပေါင်းများစွာမှာ ကစားသမားပေါင်းများစွာနဲ့အတူတွဲကစားဖူးခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က အင်တာဗျုးတစ်ခုမှာ အတူတွဲကစားဖူးခဲ့သမျှကစားသမားတွေထဲမှာဘယ်ကစားသမားကအကောင်းဆုံးဖြစ်ခဲ့လဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီး တောရက်စ်ကအခုလိုပဲပြောကြားသွားခဲ့ပါတယ်။

တောရက်စ်က ” ကျွန်တော်အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ စတီဗင်ဂျာရက်ကအကောင်းဆုံးပါပဲ၊ သူကကျွန်တော်ကို ဘောလုံးသေချာကစားနိုင်အောင်အောင်ပြုလုပ်ပေးနိုင်တဲ့ကစားသမားဆိုတာကျွန်တော်သိခဲ့ရပါတယ်၊ သူနဲ့တွဲကစားခဲ့တုန်းက ကျွန်တော်ရဲ့ခြေစွမ်းကအကောင်းမှာရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် ” လို့ ထုက်ဖော်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ပြီးတောရက်စ်ဟာ ကစားသမားဘဝကအနားယူဖို့ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း အခုလိုပဲပြောကြားသွားခဲ့ပါသေးတယ်။ တောရက်စ်က ” ကျွန်တော်က အမြဲတမ်းရိုးသားဖို့နဲ့ အဆင့်တစ်ခုမှာ အကောင်းဆုံးလုပ်ပြနိုင်ဖို့အလိုရှိခဲ့တာပါ၊ ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို ညာလို့မရပါဘူး၊ လုံးဝမလုပ်နိုင်တော့တဲ့အချိန်မှ ကျွန်တော်အနားမယူချင်ပါဘူး၊ ဒီလိုတွေဖြစ်မလာခင် ကျွန်တော်ရဲ့ကစားသမားဘဝကိုအကောင်းဆုံး အဆုံးသတ်ချင်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

တော၇က်စ်ဟာ လီဗာပူးလ်နဲ့အတူတောက်ပခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့ကစားသမားဘဝမှတ်တမ်းမှတ်ရာတွေကလည်း တကယ်ကိုလေးစားထိုက်တဲ့အနေအထားမှာရှိနေခဲ့တာဖြစ်ပါတယ်။ ဘောလုံးချစ်တဲ့ပရိသတ်ကြီးကတော့ တစ်ချိန်က တောရက်စ်ရဲ့ ကစားပုံလေးတွေကို လွမ်းဆွတ်နေမိကြမှာအသေအချာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar