အသင္း(၂)သင္းကိုကိုယ္စားျပဳထားတ့ဲဂႏၳ၀င္ကစားသမား(၃)ဦး

ပံုမွန္အားျဖင့္ကစားသမားတစ္ဦးဟာ အသင္းတစ္သင္းထဲမွာပဲ ႏွစ္ရွည္လညမ်ားစြားကစားခ့ဲျပီးေအာင္ျမင္မႈေတြရယူႏိုင္မွသာ အ့ဲဒီကစားသမားကိုအသင္းတစ္သင္းရဲ႕ဂႏၳ၀င္ကစားသမားအျဖစ္သတ္မွတ္ေလ့ရွိတာျဖစ္ပါတယ္။ အသင္းႏွစ္သင္း ဒါမွမဟုတ္ သံုးသင္းေလာက္မွာ စံခ်ိန္တင္ေအာင္ျမင္မႈေတြရရွိခ့ဲျပီး အသင္းႏွစ္သင္း သံုးသင္းေလာက္ရဲ႕ ဂႏၳ၀င္ကစားသမားေတြျဖစ္ဖို႔ဆိုတာ တကယ္ကိုမလြယ္ကူတ့ဲကိစၥပဲျဖစ္ပါတယ္။

ဒါေပမ့ဲယခုေဖာ္ျပေပးမွာကေတာ့ အသင္း(၂)သင္းရဲ႕ဂႏၳ၀င္ကစားသမားေတြအျဖစ္သတ္မွတ္ထားျခင္းခံရတ့ဲကစားသမား(၃)ဦးကိုေဖာ္ျပေပးမွာပဲျဖစ္ပါတယ္။ အသင္း(၂)သင္းရဲ႕ဂႏၳ၀င္ကစားသမားေတြအျဖစ္သက္မွတ္ထားခံရတ့ဲကစားသမား(၃)ဦးကေတာ့…

(၃)လူး၀စ္ဆြာရက္(လီဗာပူးလ္၊ဘာစီလိုနာ)
ဘာစိီလိုနာနဲ႔ဥရုေဂြးစူပါစတား ဆြာရက္ဟာ လီဗာပူးလ္နဲ႔အတူ ကမာၻ႔ေဘာလံုးေလာကရဲ႕လူသိရွင္ၾကားနာမည္ေက်ာ္ၾကားတ့ဲ ကစားသမားတစ္ေယာက္အျဖစ္ထင္ေပၚလာခ့ဲတာပဲျဖစ္ပါတယ္။ ၾကိဳးၾကာနီတို႔နဲ႔အတူ(၃)ႏွစ္ၾကာပ်ံသန္းခ့ဲျပီးတ့ဲေနာက္မွာေတာ့ ဥေရာပေဘာလံုးေလာကရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးေတြထဲကတစ္ေယာက္ျဖစ္လာခ့ဲပါတယ္။ ေနာက္ပိုင္းဘာစီလိုနာကိုေျပာင္းေရႊ႕ခ့ဲျပီးမက္ဆီ၊ဆြာရက္နဲ႔ေနမာတို႔ရဲ႕(MSN)တိုက္စစ္အတြဲဟာလည္းကမာၻေက်ာ္ခ့ဲပါတယ္။

ဆြာရက္ဟာ ဘာစီလိုနာမွာလည္းသြင္းဂိုးေပါင္းမ်ားစြာနဲ႔ဆုဖလားေပါင္းမ်ားစြာရရွိႏိုင္ခ့ဲျပီး၊ အသင္းေဟာင္းလီဗာပူးလ္နဲ႔ႏိုင္ငံအသင္းျဖစ္တ့ဲ ဥရုေဂြးတို႔မွာလည္းေအင္ျမင္မႈေတြမ်ားစြာရရွိခ့ဲတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆြာရက္ကို ဘာစီလိုနာနဲ႔လီဗာပူးလ္အသင္းတို႔ရဲ႕ဂႏၳ၀င္ကစားသမားအျဖစ္သက္မွတ္ထားၾကတာပဲျဖစ္ပါတယ္။

(၂)အက္ရွေလကိုးလ္(အာဆင္နယ္၊ခ်ဲလ္ဆီး)
တစ္ခ်ိန္က အာဆင္နယ္နဲ႔ခ်ဲလ္ဆီးအသင္းတို႔မွာကစားခ့ဲတ့ဲ အက္ရွေလကိုးဟာ သူ႔ရဲ႕ကစားသမားဘ၀အေကာင္းဆံုးအခ်ိန္ေတြတုန္းက ပရီးမီးယားလိဂ္မွာနာမည္ေက်ာ္ ဘယ္ေနာက္ခံလူတစ္ဦးျဖစ္ခ့ဲတ့ဲသူပါ။ လက္ရွိမွာ ဒါဘီေကာင္တီအသင္းမွာကစားေနျပီး၊သူ႔ရဲ႕ကစားသမားဘ၀မွာ အသင္းေပါင္း(၆)သင္းမွာကစားခ့ဲတ့ဲသူတစ္ဦးျဖစ္ပါတယ္။ အာဆင္နယ္နဲ႔ခ်ဲလ္ဆီးအသင္းတို႔မွာကစားခ့ဲတ့ဲအခ်ိန္ကာလမွာ အက္ရွေလကိုးလ္ရဲ႕စြမ္းေဆာင္ရည္ေတြကအျမင့္ဆံုးအပိုင္းမွာရွိေနခ့ဲျပီး၊ လက္ရွိ အက္ရွေလကိုးလ္ကို အာဆင္နယ္နဲ႔ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ဂႏၳ၀င္အျဖစ္သက္မွတ္ထားတာပဲျဖစ္ပါတယ္။

(၁)ခရစၥတီယာႏို ေရာ္နယ္ဒို(မန္ယူႏိုက္တက္၊ရီးရဲလ္မက္ဒရစ္)
စီေရာ္နယ္ဒိုဟာ စပို႔တင္းလစၥဘြန္းအသင္းကေနမန္ယူႏိုက္တက္ကိုေရာက္ရွိတ့ဲအခ်ိန္ကစျပီး၊ ကစားသမားအေတာက္ပဆံုးေန႔ရက္ေတြကိုပိုင္ဆိုင္ႏိုင္ခ့ဲတာဟာ ဒီေန႔အခ်ိန္ထိပဲျဖစ္ပါတယ္။ မန္ယူႏိုက္တက္နဲ႔အတူခ်န္ပီယံလိဂ္ဖလားတစ္ၾကိမ္နဲ႔ဘလြန္းဒီေအာ္ဆုတို႔ကိုရရွိခ့ဲတ့ဲစီေရာ္နယ္ဒိုဟာ ဒီေန႔အခ်ိန္ထိမန္ယူႏိုက္တက္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္ေနဆဲပဲျဖစ္ပါတယ္။ မန္ယူႏိုက္တက္ကေနရီးရဲလ္အသင္းကိုေျပာင္းေရႊ႕ခ့ဲဲျပီးေနာက္မွာလည္း စီေရာ္နယ္ဒိုဟာ ဆက္လက္ေအာင္ျမင္ခ့ဲျပီး ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား(၄)ၾကိမ္နဲ႔ဘလြန္းဒီေအာ္ု(၄)ၾကိမ္တို႔ကိုထပ္မံရရွိခ့ဲတ့ဲသူပဲျဖစ္ပါတယ္။

လက္ရွိမွာ ဂ်ဳဗင္တပ္အသင္းမွာကစားေနျပီး ျပီးခ့ဲတ့ဲရာသီကဂ်ဳဗင္တပ္နဲ႔အတူ စီးရီးေအဖလားကိုသိမ္းပိုက္ႏိုင္ခ့ဲပါတယ္။ အသက္(၃၄)ႏွစ္အရြယ္ကိုေရာက္ရွိေနျပီျဖစ္ကာ ဒီေန႔အခ်ိန္ထိအေကာင္းဆံုးေျခစြမ္းေတြကိုျပသေနဆဲျဖစ္တာေၾကာင့္ စီေရာ္နယ္ဒိုတစ္ေယာက္ဘယ္အခ်ိန္မွ အနားယူမလဲဆိုတာ အားလံုးကစိတ္၀င္စားေနၾကတာလည္းျဖစ္ပါတယ္။ ရီးရဲလ္နဲ႔မန္ယူႏိုက္တက္တို႔မွာ သမိုင္း၀င္ေအာင္ျမင္မႈေတြရရွိခ့ဲတ့ဲ စီေရာ္နယ္ဒိုကို ရီးရဲလ္နဲ႔မန္ယူႏိုက္တက္တို႔ရဲ႕ဂႏၳ၀င္ကစားသမားအျဖစ္ သက္မွတ္ထားတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အသင်း(၂)သင်းကိုကိုယ်စားပြုထားတဲ့ဂန္ထဝင်ကစားသမား(၃)ဦး

ပုံမှန်အားဖြင့်ကစားသမားတစ်ဦးဟာ အသင်းတစ်သင်းထဲမှာပဲ နှစ်ရှည်လညများစွားကစားခဲ့ပြီးအောင်မြင်မှုတွေရယူနိုင်မှသာ အဲ့ဒီကစားသမားကိုအသင်းတစ်သင်းရဲ့ဂန္ထဝင်ကစားသမားအဖြစ်သတ်မှတ်လေ့ရှိတာဖြစ်ပါတယ်။ အသင်းနှစ်သင်း ဒါမှမဟုတ် သုံးသင်းလောက်မှာ စံချိန်တင်အောင်မြင်မှုတွေရရှိခဲ့ပြီး အသင်းနှစ်သင်း သုံးသင်းလောက်ရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူတဲ့ကိစ္စပဲဖြစ်ပါတယ်။

ဒါပေမဲ့ယခုဖော်ပြပေးမှာကတော့ အသင်း(၂)သင်းရဲ့ဂန္ထဝင်ကစားသမားတွေအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ကစားသမား(၃)ဦးကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်။ အသင်း(၂)သင်းရဲ့ဂန္ထဝင်ကစားသမားတွေအဖြစ်သက်မှတ်ထားခံရတဲ့ကစားသမား(၃)ဦးကတော့…

(၃)လူးဝစ်ဆွာရက်(လီဗာပူးလ်၊ဘာစီလိုနာ)
ဘာစီလိုနာနဲ့ဥရုဂွေးစူပါစတား ဆွာရက်ဟာ လီဗာပူးလ်နဲ့အတူ ကမ္ဘာ့ဘောလုံးလောကရဲ့လူသိရှင်ကြားနာမည်ကျော်ကြားတဲ့ ကစားသမားတစ်ယောက်အဖြစ်ထင်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ကြိုးကြာနီတို့နဲ့အတူ(၃)နှစ်ကြာပျံသန်းခဲ့ပြီးတဲ့နောက်မှာတော့ ဥရောပဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပြီးမက်ဆီ၊ဆွာရက်နဲ့နေမာတို့ရဲ့(MSN)တိုက်စစ်အတွဲဟာလည်းကမ္ဘာကျော်ခဲ့ပါတယ်။

ဆွာရက်ဟာ ဘာစီလိုနာမှာလည်းသွင်းဂိုးပေါင်းများစွာနဲ့ဆုဖလားပေါင်းများစွာရရှိနိုင်ခဲ့ပြီး၊ အသင်းဟောင်းလီဗာပူးလ်နဲ့နိုင်ငံအသင်းဖြစ်တဲ့ ဥရုဂွေးတို့မှာလည်းအေင်မြင်မှုတွေများစွာရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆွာရက်ကို ဘာစီလိုနာနဲ့လီဗာပူးလ်အသင်းတို့ရဲ့ဂန္ထဝင်ကစားသမားအဖြစ်သက်မှတ်ထားကြတာပဲဖြစ်ပါတယ်။

(၂)အက်ရှလေကိုးလ်(အာဆင်နယ်၊ချဲလ်ဆီး)
တစ်ချိန်က အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့မှာကစားခဲ့တဲ့ အက်ရှလေကိုးဟာ သူ့ရဲ့ကစားသမားဘဝအကောင်းဆုံးအချိန်တွေတုန်းက ပရီးမီးယားလိဂ်မှာနာမည်ကျော် ဘယ်နောက်ခံလူတစ်ဦးဖြစ်ခဲ့တဲ့သူပါ။ လက်ရှိမှာ ဒါဘီကောင်တီအသင်းမှာကစားနေပြီး၊သူ့ရဲ့ကစားသမားဘဝမှာ အသင်းပေါင်း(၆)သင်းမှာကစားခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့မှာကစားခဲ့တဲ့အချိန်ကာလမှာ အက်ရှလေကိုးလ်ရဲ့စွမ်းဆောင်ရည်တွေကအမြင့်ဆုံးအပိုင်းမှာရှိနေခဲ့ပြီး၊ လက်ရှိ အက်ရှလေကိုးလ်ကို အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့ရဲ့ဂန္ထဝင်အဖြစ်သက်မှတ်ထားတာပဲဖြစ်ပါတယ်။

(၁)ခရစ္စတီယာနို ရော်နယ်ဒို(မန်ယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်)
စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းကနေမန်ယူနိုက်တက်ကိုရောက်ရှိတဲ့အချိန်ကစပြီး၊ ကစားသမားအတောက်ပဆုံးနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ခဲ့တာဟာ ဒီနေ့အချိန်ထိပဲဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့အတူချန်ပီယံလိဂ်ဖလားတစ်ကြိမ်နဲ့ဘလွန်းဒီအော်ဆုတို့ကိုရရှိခဲ့တဲ့စီရော်နယ်ဒိုဟာ ဒီနေ့အချိန်ထိမန်ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေဆဲပဲဖြစ်ပါတယ်။ မန်ယူနိုက်တက်ကနေရီးရဲလ်အသင်းကိုပြောင်းရွှေ့ခဲ့ဲပြီးနောက်မှာလည်း စီရော်နယ်ဒိုဟာ ဆက်လက်အောင်မြင်ခဲ့ပြီး ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်နဲ့ဘလွန်းဒီအော်ု(၄)ကြိမ်တို့ကိုထပ်မံရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။

လက်ရှိမှာ ဂျုဗင်တပ်အသင်းမှာကစားနေပြီး ပြီးခဲ့တဲ့ရာသီကဂျုဗင်တပ်နဲ့အတူ စီးရီးအေဖလားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ကာ ဒီနေ့အချိန်ထိအကောင်းဆုံးခြေစွမ်းတွေကိုပြသနေဆဲဖြစ်တာကြောင့် စီရော်နယ်ဒိုတစ်ယောက်ဘယ်အချိန်မှ အနားယူမလဲဆိုတာ အားလုံးကစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ ရီးရဲလ်နဲ့မန်ယူနိုက်တက်တို့မှာ သမိုင်းဝင်အောင်မြင်မှုတွေရရှိခဲ့တဲ့ စီရော်နယ်ဒိုကို ရီးရဲလ်နဲ့မန်ယူနိုက်တက်တို့ရဲ့ဂန္ထဝင်ကစားသမားအဖြစ် သက်မှတ်ထားတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar