အမ်ိဳးသမီး ကမာၻ႔ဖလားမွာ ဂ်ာမနီနဲ႔ေနာ္ေ၀တို႔ ကြာတားဖိုင္နယ္ကို တက္လွမ္း

မေန႔ညက ယွဥ္ျပိဳင္ကစားသြားခဲ့ၾကတဲ့ အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ (၁၆)သင္းအဆင့္ ပြဲစဥ္ (၂)ပြဲမွာ ဂ်ာမနီအမ်ိဳးသမီးအသင္းနဲ႔ ေနာ္ေ၀အမ်ိဳးသမီးအသင္းတို႔ဟာ ျပိဳင္ဘက္ေတြျဖစ္တဲ့ ႏိုက္ဂ်ီးရီးယားအသင္းနဲ႔ ၾသစေၾတးလ်အသင္းတို႔ကို အႏိုင္ရရွိခဲ့ျပီး ကြာတားအဆင့္ကို အသီးသီး တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။

ကမာၻ႔ဖလားကို (၂)ၾကိမ္ဆြတ္ခူးထားႏိုင္တဲ့ ဂ်ာမနီအမ်ိဳးသမီးအသင္းဟာ ႏိုက္ဂ်ီးရီးယားကို ေျခစြမ္းအသာနဲ႔ကစားကာ (၃)ဂိုးျပတ္အႏိုင္ရရွိခဲ့တာပါ။ ဂ်ာမနီအတြက္ ဂိုးေတြကိုေတာ့ မိနစ္(၂၀)မွာ ေပါ့ပီ၊ (၂၇)မိနစ္မွာ ဒဲဘရစ္ဇ္ နဲ႔ ဒုတိယပိုင္း ပြဲျပီးကာနီး (၈၂)မိနစ္အေရာက္မွာ စခူလာတို႔က သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဂ်ာမနီဟာ ေနာက္တစ္ဆင့္ကို သာသာယာယာတက္ေရာက္ႏိုင္ခဲ့ျပီး (၁၆)သင္းအဆင့္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဆြီဒင္အသင္းနဲ႔ကေနဒါအသင္း တို႔ရဲ႕႔ပြဲစဥ္မွာ အႏိုင္ရရွိတဲ့ အသင္းနဲ႔ ကြာတားအဆင့္မွာ ေတြ႔ဆံုယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ေနာ္ေ၀နဲ႔ၾသစေၾတးလ်အသင္းတို႔ရဲ႕ပြဲစဥ္ကေတာ့ ေတာ္ေတာ္ေလးအၾကိတ္အနယ္ရွိခဲ့ျပီး ပြဲခ်ိန္မိနစ္ (၉၀)အတြင္း (၁)ဂိုးစီသေရက်ေနတဲ့အတြက္ အခ်ိန္ပိုဆက္လက္ကစားရာမွာ ဂိုးထပ္မသြင္းႏိုင္ခဲ့ၾကလို႔ ပင္နယ္တီအဆံုးအျဖတ္ခံယူခဲ့ရပါတယ္။ ပင္နယ္တီမွာေတာ့ ၾသစေၾတးလ်အသင္းဟာ (၂)လံုးလြဲေခ်ာ္ခဲ့ျပီး ေနာ္ေ၀က ကန္သြင္းမႈအားလံုးဂိုး၀င္ခဲ့လို႔ ကြာတားဖိုင္နယ္ကိုတက္ေရာက္သြားခဲ့ပါတယ္။

ကမာၻ႔ဖလားကို (၁)ၾကိမ္ရယူထားဖူးတဲ့ ေနာ္ေ၀ဟာ ေနာက္ထပ္ (၁၆)သင္းအဆင့္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ အဂၤလန္အမ်ိဳးသမီးအသင္းနဲ႔ကင္မရြန္းအသင္းတို႔ရဲ႕ပြဲစဥ္မွာ အႏိုင္ရတဲ့အသင္းနဲ႔ ကြာတားဖိုင္နယ္မွာ ေတြ႔ဆံုရမွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အမျိုးသမီး ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့နော်ဝေတို့ ကွာတားဖိုင်နယ်ကို တက်လှမ်း

မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ပွဲစဉ် (၂)ပွဲမှာ ဂျာမနီအမျိုးသမီးအသင်းနဲ့ နော်ဝေအမျိုးသမီးအသင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ နိုက်ဂျီးရီးယားအသင်းနဲ့ သြစတြေးလျအသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ကွာတားအဆင့်ကို အသီးသီး တက်ရောက်နိုင်ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားကို (၂)ကြိမ်ဆွတ်ခူးထားနိုင်တဲ့ ဂျာမနီအမျိုးသမီးအသင်းဟာ နိုက်ဂျီးရီးယားကို ခြေစွမ်းအသာနဲ့ကစားကာ (၃)ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဂျာမနီအတွက် ဂိုးတွေကိုတော့ မိနစ်(၂၀)မှာ ပေါ့ပီ၊ (၂၇)မိနစ်မှာ ဒဲဘရစ်ဇ် နဲ့ ဒုတိယပိုင်း ပွဲပြီးကာနီး (၈၂)မိနစ်အရောက်မှာ စခူလာတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ဂျာမနီဟာ နောက်တစ်ဆင့်ကို သာသာယာယာတက်ရောက်နိုင်ခဲ့ပြီး (၁၆)သင်းအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွီဒင်အသင်းနဲ့ကနေဒါအသင်း တို့ရဲ့ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းနဲ့ ကွာတားအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နော်ဝေနဲ့သြစတြေးလျအသင်းတို့ရဲ့ပွဲစဉ်ကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်မိနစ် (၉၀)အတွင်း (၁)ဂိုးစီသရေကျနေတဲ့အတွက် အချိန်ပိုဆက်လက်ကစားရာမှာ ဂိုးထပ်မသွင်းနိုင်ခဲ့ကြလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ သြစတြေးလျအသင်းဟာ (၂)လုံးလွဲချော်ခဲ့ပြီး နော်ဝေက ကန်သွင်းမှုအားလုံးဂိုးဝင်ခဲ့လို့ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို (၁)ကြိမ်ရယူထားဖူးတဲ့ နော်ဝေဟာ နောက်ထပ် (၁၆)သင်းအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အမျိုးသမီးအသင်းနဲ့ကင်မရွန်းအသင်းတို့ရဲ့ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။

လူညိုချော@SportsGabar