အသင္းေဟာင္းကို ျပန္ေရာက္မွ ေအာင္ျမင္မႈရယူႏိုင္ခဲ့ၾကသူမ်ား အပိုင္း (၂)

(၂) ဂ်ရက္ပီေကး

ဘာစီလိုနာမွာ ေဘာလံုးသမားဘ၀ကို ပီေကး စတင္ခဲ့စဥ္က ကြင္းလယ္ကစားသမားတစ္ေယာက္အေနနဲ႔ ကစားခဲ့တာပါ။ လြန္ခဲ့တဲ့ (၂၀၀၄)ခုႏွစ္တုန္းက ပီေကးဟာ ဘာစီလိုနာမွာ ပံုမွန္ေနရာမရရွိတာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းထံေျပာင္းေရႊ႕လာခဲ့ပါတယ္။ ယူႏိုက္တက္ကိုေရာက္ရွိလာျပီးေနာက္ ပီေကးဟာ နည္းျပၾကီးဖာဂူဆန္လက္ေအာက္မွာ ေနာက္တန္းကစားသမားအျဖစ္ေျပာင္းလဲ ကစားခဲ့ပါတယ္။ (၄)ႏွစ္ကစားခဲ့ျပီး ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားတို႔ကို ရယူႏိုင္ခဲ့ေပမဲ့ ပီေကးကေတာ့ အသင္းရဲ႕အေရးပါတဲ့အစိတ္အပိုင္းမျဖစ္ခဲ့ပဲ အရန္ကစားသမားအျဖစ္သာ အသံုးေတာ္ခံခဲ့ရပါတယ္။

အဲဒီေနာက္ (၂၀၀၈)ခုႏွစ္မွောေတာ့ ပီေကးဟာ ဘာစီလိုနာထံေပါင္ (၅)သန္းနဲ႔ ျပန္လည္ေရာက္ရွိသြားခဲ့ျပီး နည္းျပ ပက္ဂြာဒီယိုလာရဲ႕ပထမအသင္းမွာ ေနရာရခဲ့ပါတယ္။ ဘာစီလိုနာမွာပံုမွန္ကစားခြင့္ရရင္းနဲ႔ ကမာၻ႔အေကာင္းဆံုးေနာက္ခံလူတစ္ဦးျဖစ္လာခဲ့တဲ့ ပီေကးဟာ အသင္းနဲ႔အတူ အဓိကဆုဖလား (၂၈)လံုး ရယူႏိုင္ခဲ့ပါတယ္။

(၃) နီမန္ဂ်ာမာတစ္

ခ်ဲလ္ဆီးဟာ (၂၀၀၉)ခုႏွစ္မွာ ဆလိုဗက္ကီးယားဒုတိယတန္းကလပ္ ကိုဆစ္အသင္းကေန ဆားဘီးယားကြင္းလယ္ကစားသမား မာတစ္ကို ေပါင္ (၁.၅)သန္းနဲ႔ေခၚယူခဲ့ျပီး၊ နယ္သာလန္ကလပ္ ဗင္းနစ္ထံ အငွားခ်ထားခဲ့ပါတယ္။ (၂၀၁၁)ခုႏွစ္မွာေတာ့ ခ်ဲလ္ဆီးဟာ ဘင္ဖီကာအသင္းကေန ေဒးဗစ္လုဇ္ကို ေခၚယူခဲ့စဥ္ မာတစ္က အေျပာင္းအေရႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါ၀င္ခဲ့ျပီး ဘင္ဖီကာအသင္းထံ ေရာက္ရွိသြားပါေတာ့တယ္။

အရင္က ကြင္းလယ္တိုက္စစ္ေနရာမွာကစားခဲ့တဲ့ မာတစ္ဟာ ဘင္ဖီကာမွာ ကြင္းလယ္ခံစစ္သမားအျဖစ္ကစားခဲ့ရျပီး (၂)ႏွစ္တာကာလအတြင္း သူ႔ရဲ႕ ေျခစြမ္းဟာလည္းတဟုန္ထိုး တိုးတက္လာခဲ့ပါတယ္။ ဇန္န၀ါရီ (၂၀၁၄)မွာေတာ့ ခ်ဲလ္ဆီးဟာ မာတစ္ကို ေပါင္(၂၁)သန္းနဲ႔ ျပန္လည္ေခၚယူခဲ့ျပီး ပထမဆံုးပြဲမွာ အေကာင္းဆံုးကစားသမားဆုကိုရရွိခဲ့ပါတယ္။ ခ်ဲလ္ဆီးမွာ ကစားခဲ့တဲ့ (၃)ႏွစ္ခြဲကာလအတြင္း မာတစ္ဟာ ပြဲေပါင္း (၁၅၁)ပြဲကစားကာ ပရီးမီးယားလိဂ္ဖလား (၂)ၾကိမ္နဲ႔ အက္ဖ္ေအဖလား (၁)ၾကိမ္ရယူႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အသင်းဟောင်းကို ပြန်ရောက်မှ အောင်မြင်မှုရယူနိုင်ခဲ့ကြသူများ အပိုင်း (၂)

(၂) ဂျရက်ပီကေး

ဘာစီလိုနာမှာ ဘောလုံးသမားဘဝကို ပီကေး စတင်ခဲ့စဉ်က ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ ကစားခဲ့တာပါ။ လွန်ခဲ့တဲ့ (၂၀၀၄)ခုနှစ်တုန်းက ပီကေးဟာ ဘာစီလိုနာမှာ ပုံမှန်နေရာမရရှိတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းထံပြောင်းရွှေ့လာခဲ့ပါတယ်။ ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက် ပီကေးဟာ နည်းပြကြီးဖာဂူဆန်လက်အောက်မှာ နောက်တန်းကစားသမားအဖြစ်ပြောင်းလဲ ကစားခဲ့ပါတယ်။ (၄)နှစ်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပေမဲ့ ပီကေးကတော့ အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းမဖြစ်ခဲ့ပဲ အရန်ကစားသမားအဖြစ်သာ အသုံးတော်ခံခဲ့ရပါတယ်။

အဲဒီနောက် (၂၀၀၈)ခုနှစ်မှောတော့ ပီကေးဟာ ဘာစီလိုနာထံပေါင် (၅)သန်းနဲ့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး နည်းပြ ပက်ဂွာဒီယိုလာရဲ့ပထမအသင်းမှာ နေရာရခဲ့ပါတယ်။ ဘာစီလိုနာမှာပုံမှန်ကစားခွင့်ရရင်းနဲ့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်လာခဲ့တဲ့ ပီကေးဟာ အသင်းနဲ့အတူ အဓိကဆုဖလား (၂၈)လုံး ရယူနိုင်ခဲ့ပါတယ်။

(၃) နီမန်ဂျာမာတစ်

ချဲလ်ဆီးဟာ (၂၀၀၉)ခုနှစ်မှာ ဆလိုဗက်ကီးယားဒုတိယတန်းကလပ် ကိုဆစ်အသင်းကနေ ဆားဘီးယားကွင်းလယ်ကစားသမား မာတစ်ကို ပေါင် (၁.၅)သန်းနဲ့ခေါ်ယူခဲ့ပြီး၊ နယ်သာလန်ကလပ် ဗင်းနစ်ထံ အငှားချထားခဲ့ပါတယ်။ (၂၀၁၁)ခုနှစ်မှာတော့ ချဲလ်ဆီးဟာ ဘင်ဖီကာအသင်းကနေ ဒေးဗစ်လုဇ်ကို ခေါ်ယူခဲ့စဉ် မာတစ်က အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့ပြီး ဘင်ဖီကာအသင်းထံ ရောက်ရှိသွားပါတော့တယ်။

အရင်က ကွင်းလယ်တိုက်စစ်နေရာမှာကစားခဲ့တဲ့ မာတစ်ဟာ ဘင်ဖီကာမှာ ကွင်းလယ်ခံစစ်သမားအဖြစ်ကစားခဲ့ရပြီး (၂)နှစ်တာကာလအတွင်း သူ့ရဲ့ ခြေစွမ်းဟာလည်းတဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ဇန်နဝါရီ (၂၀၁၄)မှာတော့ ချဲလ်ဆီးဟာ မာတစ်ကို ပေါင်(၂၁)သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး ပထမဆုံးပွဲမှာ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ (၃)နှစ်ခွဲကာလအတွင်း မာတစ်ဟာ ပွဲပေါင်း (၁၅၁)ပွဲကစားကာ ပရီးမီးယားလိဂ်ဖလား (၂)ကြိမ်နဲ့ အက်ဖ်အေဖလား (၁)ကြိမ်ရယူနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar