အသင္းေဟာင္းကို ျပန္ေရာက္မွ ေအာင္ျမင္မႈရယူႏိုင္ခဲ့ၾကသူမ်ား အပိုင္း (၁)

ကစားသမားတစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈအသစ္ေတြကို ရွာေဖြဖို႔အတြက္ အသင္းတစ္သင္းကို စြန္႔ခြာၾကတဲ့အခါ အျခားအသင္းသစ္တစ္သင္းမွာ ေအာင္ျမင္မႈေသခ်ာေပါက္ရလိမ့္မယ္လို႔ ဘယ္သူမွ အာမ မခံႏိုင္ပါဘူး။ နယ္ေျမသစ္မွာ ေအာင္ျမင္တဲ့သူေတြရွိသလို မေအာင္ျမင္ပဲ အသင္းေဟာင္းကို ျပန္လည္ေျပာင္းေရႊ႕သြားခဲ့ရတဲ့ ကစားသမားေတြလည္းအမ်ားၾကီးပါပဲ။

ေနမာဆိုလို႔ရွိရင္ ဘာစီလိုနာကေနထြက္ခြာျပီး ေအာင္မႈရွာေဖြဖို႔ ျပင္သစ္ေျမကို ေျခဆန္႔ခဲ့ေပမဲ့လည္း ဥေရာပေအာင္ျမင္မႈနဲ႔ေ၀းခဲ့လို႔ အခုဆိုရင္ သူေအာင္ျမင္မႈေတြရယူခဲ့ဖူးတဲ့ အသင္းေဟာင္းဘာစီလိုနာထံကို ျပန္လည္ေျပာင္းေရႊ႕ခ်င္ေနပါျပီ။ ေနမာအေနနဲ႔ဘာစီလိုနာထံ ျပန္ေရာက္လာခဲ့ရင္ေရာ ေအာင္ျမင္မႈရမွာ ေသခ်ာရဲ႕လားလို႔ ေမးစရာရွိေပမဲ့ အသင္းေဟာင္းထံျပန္ေရာက္လာျပီးမွ ေအာင္ျမင္ခဲ့ၾကတဲ့ ကစားသမားေတြရဲ႕ သာဓကအခ်ိဳ႕ကလည္း ရွိထားပါတယ္။

ဒါေၾကာင့္ အခုေဖာ္ျပသြားမွာကေတာ့ အသင္းသစ္မွာ ေအာင္ျမင္မႈမရရွိပဲ အသင္းေဟာင္းကို ျပန္ေရာက္ခ်ိန္က်မွ ေအာင္ျမင္မႈေတြ ျပန္လည္ရယူႏိုင္ခဲ့တဲ့ ကစားသမားအခ်ိဳ႕အေၾကာင္းပဲျဖစ္ပါတယ္။ အဲဒီ့ကစားသမားေတြကေတာ့-

(၁) ဖာဘရီဂက္

ဘာစီလိုနာအကယ္ဒမီထြက္ ကြင္းလယ္ကစားသမားဟာ သူ႔အသက္ (၁၆)ႏွစ္အရြယ္၊ (၂၀၀၃)ခုႏွစ္မွာ ဘာစီလိုနာကေန အာဆင္နယ္အသင္းထံေျပာင္းေရႊ႕ေရာက္ရွိခဲ့ပါတယ္။ အာဆင္နယ္ကိုေရာက္ရွိလာျပီးေနာက္ အသက္(၂၁)အရြယ္မွာေတာ့ ဖာဘရီဂက္ဟာ ဂန္းနားတို႔ရဲ႕ အသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ ဖာဘရီဂက္ဟာ လန္ဒန္မွာ(၈)ႏွစ္ၾကာကစားခဲ့ျပီးေနာက္ ေအာင္ျမင္မႈၾကီးၾကီးမားမားမရရွိခဲ့ပဲ (၂၀၁၁)ခုႏွစ္မွာေတာ့ အသင္းေဟာင္း ဘာစီလိုနာထံ (၅)ႏွစ္စာခ်ဳပ္နဲ႔ ျပန္လည္ေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲဒီေနာက္ ဖာဘရီဂက္ဟာ ဘာစီလိုနာမွာကစားခဲ့တဲ့ (၃)ႏွစ္တာကာလအတြင္း ဖလား(၆)လံုးရရွိခဲ့ျပီး၊ ပြဲေပါင္း (၁၅၁)ပြဲမွာ (၄၁)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အသင်းဟောင်းကို ပြန်ရောက်မှ အောင်မြင်မှုရယူနိုင်ခဲ့ကြသူများ အပိုင်း (၁)

ကစားသမားတစ်ယောက်အနေနဲ့ အောင်မြင်မှုအသစ်တွေကို ရှာဖွေဖို့အတွက် အသင်းတစ်သင်းကို စွန့်ခွာကြတဲ့အခါ အခြားအသင်းသစ်တစ်သင်းမှာ အောင်မြင်မှုသေချာပေါက်ရလိမ့်မယ်လို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ နယ်မြေသစ်မှာ အောင်မြင်တဲ့သူတွေရှိသလို မအောင်မြင်ပဲ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ရတဲ့ ကစားသမားတွေလည်းအများကြီးပါပဲ။

နေမာဆိုလို့ရှိရင် ဘာစီလိုနာကနေထွက်ခွာပြီး အောင်မှုရှာဖွေဖို့ ပြင်သစ်မြေကို ခြေဆန့်ခဲ့ပေမဲ့လည်း ဥရောပအောင်မြင်မှုနဲ့ဝေးခဲ့လို့ အခုဆိုရင် သူအောင်မြင်မှုတွေရယူခဲ့ဖူးတဲ့ အသင်းဟောင်းဘာစီလိုနာထံကို ပြန်လည်ပြောင်းရွှေ့ချင်နေပါပြီ။ နေမာအနေနဲ့ဘာစီလိုနာထံ ပြန်ရောက်လာခဲ့ရင်ရော အောင်မြင်မှုရမှာ သေချာရဲ့လားလို့ မေးစရာရှိပေမဲ့ အသင်းဟောင်းထံပြန်ရောက်လာပြီးမှ အောင်မြင်ခဲ့ကြတဲ့ ကစားသမားတွေရဲ့ သာဓကအချို့ကလည်း ရှိထားပါတယ်။

ဒါကြောင့် အခုဖော်ပြသွားမှာကတော့ အသင်းသစ်မှာ အောင်မြင်မှုမရရှိပဲ အသင်းဟောင်းကို ပြန်ရောက်ချိန်ကျမှ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ခဲ့တဲ့ ကစားသမားအချို့အကြောင်းပဲဖြစ်ပါတယ်။ အဲဒီ့ကစားသမားတွေကတော့-

(၁) ဖာဘရီဂက်

ဘာစီလိုနာအကယ်ဒမီထွက် ကွင်းလယ်ကစားသမားဟာ သူ့အသက် (၁၆)နှစ်အရွယ်၊ (၂၀၀၃)ခုနှစ်မှာ ဘာစီလိုနာကနေ အာဆင်နယ်အသင်းထံပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ အာဆင်နယ်ကိုရောက်ရှိလာပြီးနောက် အသက်(၂၁)အရွယ်မှာတော့ ဖာဘရီဂက်ဟာ ဂန်းနားတို့ရဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဖာဘရီဂက်ဟာ လန်ဒန်မှာ(၈)နှစ်ကြာကစားခဲ့ပြီးနောက် အောင်မြင်မှုကြီးကြီးမားမားမရရှိခဲ့ပဲ (၂၀၁၁)ခုနှစ်မှာတော့ အသင်းဟောင်း ဘာစီလိုနာထံ (၅)နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ဖာဘရီဂက်ဟာ ဘာစီလိုနာမှာကစားခဲ့တဲ့ (၃)နှစ်တာကာလအတွင်း ဖလား(၆)လုံးရရှိခဲ့ပြီး၊ ပွဲပေါင်း (၁၅၁)ပွဲမှာ (၄၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar