အာဆီယံ ေဘာလုံးအဖြဲ႕ခ်ဳပ္ AFF ဟာ ဇြန္လ ၂၂ ရက္ မနက္ ၁၀ နာရီက လာအိုနိုင္ငံ လြမ္ပရာဘန္ ၿမိဳ့မွာ AFF Extraordinary Congress နဲ႔ ဒုတိယအႀကိမ္ ေကာင္စီ အစည္းအေဝး (2019/23) ကိုက်င္းပခဲ့ပါတယ္။
ဒီအစည္းအေ၀းကို အာရွေဘာလုံးအဖြဲခ်ဳပ္ ဒုတိယ ဥကၠ႒နဲ႔ ျမန္မာနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္၊ စီအီးအို ဦးဘုန္းနိုင္ေဇာ္နဲ႔ အေထြေထြ အတြင္းေရးမွဴး ဦးကိုကိုသိန္းတို႔ တက္ေရာက္ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
အစည္းအေဝးမွာ AFF ဒုတိယ ဥကၠ႒မ်ားကို မဲေပးေရြးခ်ယ္ျခင္း၊ အေထြအေထြ အတြင္းေရးမွဴး ခန႔္အပ္ျခင္း အပါအ၀င္ ဖြဲ႕စည္းအုပ္ခ်ဳပ္ေရး၊ ၿပိဳင္ပြဲက်င္းပေရးနဲ႔ အေထြေထြ ေဆြးေႏြးျခင္းမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။
AFC ဒုဥကၠ႒ ဦးေဇာ္ေဇာ္ အေနနဲ႔ အာရွ ေဘာလုံးအဖြဲ႕ခ်ဳပ္မွ က်င့္သုံးလ်က္ရွိတဲ့ ၿပိဳင္ပြဲက်င္းပေရးနဲ႔ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္ မ်ားကို AFC ကိုယ္စား ရွင္းလင္း ေဆြးေႏြးခဲ့တယ္လို႔သိရပါတယ္။
လာမယ္ ့တတိယအႀကိမ္ေျမာက္ ေကာင္စီ အစည္းအေဝး ကိုေတာ့ ျသဂုတ္လ (၂၇) ရက္ေန႔၊ ထိုင္းနိုင္ငံမွာ ဆက္လက္ က်င္းပသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
လူညိဳေခ်ာ@SportsGabar
unicode
AFF ကွန်ဂရက်စ်နှင့်ကောင်စီအစည်းအဝေးကို MFF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ဟာ ဇွန်လ ၂၂ ရက် မနက် ၁၀ နာရီက လာအိုနိုင်ငံ လွမ်ပရာဘန် မြို့မှာ AFF Extraordinary Congress နဲ့ ဒုတိယအကြိမ် ကောင်စီ အစည်းအဝေး (2019/23) ကိုကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးကို အာရှဘောလုံးအဖွဲချုပ် ဒုတိယ ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ စီအီးအို ဦးဘုန်းနိုင်ဇော်နဲ့ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ AFF ဒုတိယ ဥက္ကဋ္ဌများကို မဲပေးရွေးချယ်ခြင်း၊ အထွေအထွေ အတွင်းရေးမှူး ခန့်အပ်ခြင်း အပါအဝင် ဖွဲ့စည်းအုပ်ချုပ်ရေး၊ ပြိုင်ပွဲကျင်းပရေးနဲ့ အထွေထွေ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
AFC ဒုဥက္ကဋ္ဌ ဦးဇော်ဇော် အနေနဲ့ အာရှ ဘောလုံးအဖွဲ့ချုပ်မှ ကျင့်သုံးလျက်ရှိတဲ့ ပြိုင်ပွဲကျင်းပရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များကို AFC ကိုယ်စား ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
လာမယ့်တတိယအကြိမ်မြောက် ကောင်စီ အစည်းအဝေး ကိုတော့ သြဂုတ်လ (၂၇) ရက်နေ့၊ ထိုင်းနိုင်ငံမှာ ဆက်လက် ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လူညိုချော@SportsGabar