ပီအက္စ္ဂ်ီကေန ထြက္ခြာေတာ့မယ္လို႔ အတည္ျပဳလိုက္တဲ့ အဲလ္ဗက္

ကိုပါအေမရိကျပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းက ပီရူးအသင္းကို (၅)ဂိုးျပတ္ အႏိုင္ရရွိခဲ့ျပီးေနာက္ နာရီပိုင္းအၾကာမွာ ဘရာဇီးလ္အသင္းေခါင္းေဆာင္ ဒန္နီရယ္အဲလ္ဗက္ဟာ ပီအက္ဂ်ီအသင္းကေန ထြက္ခြာေတာ့မယ္လို႔ ေၾကျငာခဲ့ပါတယ္။

မၾကာေသးခင္ကမွ အဲလ္ဗက္ရဲ႕အသင္းေဖာ္ ဘရာဇီးလ္စတား ေနမာက ပီအက္စ္ဂ်ီအသင္းအတြက္ မကစားေပးခ်င္ေတာ့ဘူးလို႔ ေျပာၾကားထားျပီးမၾကားေသးခင္မွာပဲ အဲလ္ဗက္ကလည္း ဒီျပင္သစ္ကလပ္ကေန ထြက္ခြာသြားေတာ့မယ္လို႔ ေၾကျငာခဲ့လို႔ လာမယ့္ႏွစ္ ပီအက္စ္ဂ်ီမွာ ဘရာဇီးလ္သားေတြကို ျမင္ေတြ႔ရဖို႔ မေသခ်ာေတာ့ပါဘူး။

ဒါနဲ႔ပတ္သက္ျပီး ဖလားအမ်ားဆံုးစံခ်ိန္ရွင္ အဲလ္ဗက္က-

” ဘ၀မွာ ေအာင္ျမင္မႈေတြ၊ အေတြ႕အၾကံဳေတြ၊ သင္ခန္းစာေတြနဲ႔ျပည့္ေနတဲ့ အခိုက္အတန္႔တစ္ခုဟာ ဒီေန႔မွာ ျပီးဆံုးခဲ့ပါျပီ၊ ကလပ္ရဲ႕သမိုင္းစာမ်က္ႏွာတစ္ခုကို အတူတကြ ေရးထိုးဖို႔ အခြင့္အေရးေပးခဲ့တဲ့ ပီအက္စ္ဂ်ီမိသားစုကို ေက်းဇူးအမ်ားၾကီးတင္ေၾကာင္းေျပာၾကားလိုပါတယ္ ” လို႔ ပီအက္စ္ဂ်ီအသင္းကို ႏႈတ္ဆက္စကားေျပာၾကားသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့လကမွ ကိုပါအေမရိကျပိဳင္ပြဲ၀င္ ဘရာဇီးလ္အသင္းရဲ႕အသင္းေခါင္းေဆာင္အျဖစ္ ဒဏ္ရာရခဲ့တဲ့ ေနမာအစား ခန္႔အပ္ျခင္းခံခဲ့ရတဲ့ (၃၆)ႏွစ္အရြယ္ ၀ါရင့္ေနာက္ခံလူဟာ ပီအက္စ္ဂ်ီမွာ ကစားခဲ့တဲ့ (၂)ႏွစ္တာကာလအတြင္း ျပင္သစ္လီဂူးဖလား (၂)လံုးနဲ႔ ျပင္သစ္ဖလား တစ္လံုးတို႔ကို ရယူႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်တဲ့ အဲလ်ဗက်

ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းက ပီရူးအသင်းကို (၅)ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ဘရာဇီးလ်အသင်းခေါင်းဆောင် ဒန်နီရယ်အဲလ်ဗက်ဟာ ပီအက်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေငြာခဲ့ပါတယ်။

မကြာသေးခင်ကမှ အဲလ်ဗက်ရဲ့အသင်းဖော် ဘရာဇီးလ်စတား နေမာက ပီအက်စ်ဂျီအသင်းအတွက် မကစားပေးချင်တော့ဘူးလို့ ပြောကြားထားပြီးမကြားသေးခင်မှာပဲ အဲလ်ဗက်ကလည်း ဒီပြင်သစ်ကလပ်ကနေ ထွက်ခွာသွားတော့မယ်လို့ ကြေငြာခဲ့လို့ လာမယ့်နှစ် ပီအက်စ်ဂျီမှာ ဘရာဇီးလ်သားတွေကို မြင်တွေ့ရဖို့ မသေချာတော့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး ဖလားအများဆုံးစံချိန်ရှင် အဲလ်ဗက်က-

” ဘဝမှာ အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ပြည့်နေတဲ့ အခိုက်အတန့်တစ်ခုဟာ ဒီနေ့မှာ ပြီးဆုံးခဲ့ပါပြီ၊ ကလပ်ရဲ့သမိုင်းစာမျက်နှာတစ်ခုကို အတူတကွ ရေးထိုးဖို့ အခွင့်အရေးပေးခဲ့တဲ့ ပီအက်စ်ဂျီမိသားစုကို ကျေးဇူးအများကြီးတင်ကြောင်းပြောကြားလိုပါတယ် ” လို့ ပီအက်စ်ဂျီအသင်းကို နှုတ်ဆက်စကားပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လကမှ ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ဒဏ်ရာရခဲ့တဲ့ နေမာအစား ခန့်အပ်ခြင်းခံခဲ့ရတဲ့ (၃၆)နှစ်အရွယ် ဝါရင့်နောက်ခံလူဟာ ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့ (၂)နှစ်တာကာလအတွင်း ပြင်သစ်လီဂူးဖလား (၂)လုံးနဲ့ ပြင်သစ်ဖလား တစ်လုံးတို့ကို ရယူနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar