ဒီလစ္ကို ဘာစီလိုနာဘာေၾကာင့္လက္ေလွ်ာ့လိုက္တာလဲ?

စပိန္ကလပ္ဘာစီလိုနာအသင္းဟာ သူတို႔စိတ္၀င္စားေနတဲ့ ေအဂ်က္ေနာက္ခံလူ ဒီလစ္အေပၚမွာ ကမ္းလွမ္းေနမႈကို ရပ္တန္႔လိုက္ပါတယ္။ ဒီလူငယ္ကစားသမားအတြက္ အေျပာင္းအေရႊ႕စရိတ္က စေ်းၾကီးလြန္းတယ္လို႔ ဘာစီလိုနာက ယူဆေနတာေၾကာင့္ ေခၚယူဖို႔ စိတ္မ၀င္စားေတာ့တာလို႔သိရပါတယ္။

နယ္သာလန္ေနာက္ခံကစားသမားေလးကို ေခၚယူလိုတဲ့အသင္းအေနနဲ႔ သူ႔အတြက္ တစ္ႏွစ္လုပ္ခ ေပါင္(၁၀)သန္းေပးေခ်ရမွာျဖစ္လို႔လည္း ဘာစီလိုနာက ဒီပမာဏကို ေပးေခ်ဖို႔ အလိုမရွိျဖစ္ေနတာပါ။ ဒါေပမဲ့ ဂ်ဴဗင္တပ္အသင္းကေတာ့ ကစားသမားရဲ႕လုပ္ခကို ေပးေခ်ဖို႔ အသင့္ရွိေနတဲ့အျပင္ လက္ရွိမွာလည္း ဒီလစ္ရဲ႕ေအးဂ်င့္နဲ႔ ညွိႏႈိင္းမႈ ေအာင္ျမင္ခဲ့ျပီလို႔ သိရပါတယ္။

အျပီးသတ္မေရာက္ေသးေပမဲ့ ေအဂ်က္နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ၾကားမွာေတာ့ ဒီလစ္ရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ ေပါင္(၆၂)သန္းနဲ႔ သေဘာတူညီမႈရထားခဲ့ျပီးျဖစ္တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ တစ္ႏွစ္လုပ္ခ ယူရို (၁၂)သန္းရွိတဲ့ (၅)ႏွစ္စာခ်ဳပ္အတြက္ ဂ်ဴဗင္တပ္ဟာ ဒီလစ္ကိုအျပီးသတ္ေခၚယူႏိုင္ခဲ့ရင္ စုစုေပါင္း ယူရို သန္း(၆၀)ကုန္က်ဖို႔လည္းရွိေနပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဒီလစ္ကို ရရွိဖို႔ ထိပ္ဆံုးကေနေရပန္းစားခဲ့ေပမဲ့ ကစားသမားရဲ႕ျမင့္မားလြန္းတဲ့ လုပ္ခလစာဟာ အသင္းမွာရွိတဲ့ လုပ္အားခမွ်ေခ်နဲ႔ မကိုက္ညီတာကလည္း သူ႔ကိုမေခၚယူျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းတစ္ရပ္ျဖစ္ခဲ့ပါတယ္။ ဒီလစ္ကို ေခၚယူလိုက္ရင္ ကုန္က်မယ့္ ေျပာင္းေရႊ႕ေၾကးယူရို သန္း(၇၀)ကို ဂေရ႕ဇ္မန္း သို႔မဟုတ္ ေနမာတို႔ကို ေခၚယူရာမွာ အသံုးျပဳသြားဖို႔ ဘာစီလိုနာက ပိုမိုဆႏၵရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဒီလစ်ကို ဘာစီလိုနာဘာကြောင့်လက်လျှော့လိုက်တာလဲ?

စပိန်ကလပ်ဘာစီလိုနာအသင်းဟာ သူတို့စိတ်ဝင်စားနေတဲ့ အေဂျက်နောက်ခံလူ ဒီလစ်အပေါ်မှာ ကမ်းလှမ်းနေမှုကို ရပ်တန့်လိုက်ပါတယ်။ ဒီလူငယ်ကစားသမားအတွက် အပြောင်းအရွှေ့စရိတ်က ဈေးကြီးလွန်းတယ်လို့ ဘာစီလိုနာက ယူဆနေတာကြောင့် ခေါ်ယူဖို့ စိတ်မဝင်စားတော့တာလို့သိရပါတယ်။

နယ်သာလန်နောက်ခံကစားသမားလေးကို ခေါ်ယူလိုတဲ့အသင်းအနေနဲ့ သူ့အတွက် တစ်နှစ်လုပ်ခ ပေါင်(၁၀)သန်းပေးချေရမှာဖြစ်လို့လည်း ဘာစီလိုနာက ဒီပမာဏကို ပေးချေဖို့ အလိုမရှိဖြစ်နေတာပါ။ ဒါပေမဲ့ ဂျူဗင်တပ်အသင်းကတော့ ကစားသမားရဲ့လုပ်ခကို ပေးချေဖို့ အသင့်ရှိနေတဲ့အပြင် လက်ရှိမှာလည်း ဒီလစ်ရဲ့အေးဂျင့်နဲ့ ညှိနှိုင်းမှု အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။

အပြီးသတ်မရောက်သေးပေမဲ့ အေဂျက်နဲ့ ဂျူဗင်တပ်အသင်းတို့ကြားမှာတော့ ဒီလစ်ရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင်(၆၂)သန်းနဲ့ သဘောတူညီမှုရထားခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ တစ်နှစ်လုပ်ခ ယူရို (၁၂)သန်းရှိတဲ့ (၅)နှစ်စာချုပ်အတွက် ဂျူဗင်တပ်ဟာ ဒီလစ်ကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ရင် စုစုပေါင်း ယူရို သန်း(၆၀)ကုန်ကျဖို့လည်းရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒီလစ်ကို ရရှိဖို့ ထိပ်ဆုံးကနေရေပန်းစားခဲ့ပေမဲ့ ကစားသမားရဲ့မြင့်မားလွန်းတဲ့ လုပ်ခလစာဟာ အသင်းမှာရှိတဲ့ လုပ်အားခမျှချေနဲ့ မကိုက်ညီတာကလည်း သူ့ကိုမခေါ်ယူဖြစ်ခဲ့တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီလစ်ကို ခေါ်ယူလိုက်ရင် ကုန်ကျမယ့် ပြောင်းရွှေ့ကြေးယူရို သန်း(၇၀)ကို ဂရေ့ဇ်မန်း သို့မဟုတ် နေမာတို့ကို ခေါ်ယူရာမှာ အသုံးပြုသွားဖို့ ဘာစီလိုနာက ပိုမိုဆန္ဒရှိနေပါတယ်။

လူညိုချော@SportsGabar