မန္ယူႏိုက္တက္ရဲ႕ကပၸတိန္ျဖစ္လာဖြယ္ရွိေနတ့ဲ လင္ဒီေလာ့

မန္ယူနိုက္တက္အတြက္ေတာ့(၂၀၁၈-၁၉)ေဘာလံုးရာသီဟာတကယ့္ကိုဆိုးရြားလြန္းခ့ဲပါတယ္။ ကြင္းအတြင္းမွာ အသင္းကိုေခါင္းေဆာင္မႈေပးနိုင္မယ့္ ကစားသမားမ်ိဳးမရွိျခင္းနဲ႔အတူ မန္ယူနိုက္တက္ရဲ႕စြမ္းေဆာင္ရည္ေတြဟာ စိတ္ပ်က္စရာျဖစ္ခ့ဲတာပါ။ျပီးခ့ဲတ့ဲ(၂၀၁၇-၁၈)ေဘာလံုးရာသီအဆံုးမွာ အသင္းေခါင္းေဆာင္ မို္က္ကယ္ကာရစ္ကစားသမားဘ၀ကအနားယူခ့ဲျပီးေနာက္မွာေတာ့ မန္ယူနိုက္တက္ရဲ႕ ညာေနာက္ခံလူ ဗလန္စီယာဟာ (၂၀၁၈-၁၉)ေဘာလံုးရာသီအစမွာ အသင္းေခါင္းေဆာင္အျဖစ္နဲ႔အသင္းကိုဦးေဆာင္လာခ့ဲပါတယ္။

အဆိုပါ အီေကြေဒါကစားသမားဟာ ရာသီအစပိုင္းမွာ အသင္းေခါင္းေဆာင္ အျဖစ္ထိုက္တန္တ့ဲေျခစြမ္းေတြနဲ႔အသင္းကိုဦးေဆာင္ထားနိုင္ခ့ဲေပမ့ဲ နဲ႔ပံုမွန္ေျခစြမ္းေတြေပ်ာက္ဆံုးမႈနဲ႔ ဒဏ္ရာျပႆနာေတြၾကားမွာ ဗလန္စီယာရဲ႕မန္ယူနိုက္တက္အသင္းအေပၚဦးေဆာင္ႏိုင္စြမ္းဟာ ပေ်ာက္ဆံုးလာခ့ဲပါတယ္။အသင္းရဲ႕အခ်ိဳ႕ပြဲစဥ္ေတြမွာ ေပါ့ဘာနဲ႔ ဒီဂီယာတို႔အသင္းရဲ႕အသင္းေခါင္းေဆာင္အျဖစ္တာ၀န္ေပးထားခ့ဲေပမ့ဲ အေရးၾကီးပြဲစဥ္ေတြမွာေတာ့ အက္ရွေလယန္းကိုသာ အသင္းေခါင္ေးဆာင္အျဖစ္တာ၀န္ယူေစခ့ဲတာျဖစ္ပါတယ္။

ဒါေပမ့ဲ အက္ရွေလယန္းဟာ အသင္းအေပၚဦးေဆာင္ႏိုင္ဖို႔အေနအထားမရွိတ့ဲအျပင္ တကယ့္အေရးၾကီးတ့ဲပြဲစဥ္ေတြမွာ သူကိုယ္တိုင္ေတာင္ ပံုမွန္ေျခစြမ္းျပနိုင္ဖို႔ရုန္းကန္ေနရတာပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္မန္ယူႏိုင္တက္အေနနဲ႔ လာမယ့္ေဘာလံုးရာသီမွာ ကြင္းအတြင္းအသင္းကိုဦးေဆာင္ႏိုင္မယ့္ အသင္းေခါင္းေဆာင္တစ္ဦးကိုေရြးခ်ယ္ထားဖို႔လိုေနပါျပီ။ ဒီလိုအေျခအေနမွာ အသင္းရဲ႕အသင္းေခါင္းေဆာင္သစ္ျဖစ္လာႏိုင္တ့ဲသူကေတာ့ ေနာက္ခံလူ ဗစ္တာ လင္ဒီေလာ့ပဲျဖစ္ပါတယ္။

လင္ဒီေလာ့က ဆြီဒင္လူငယ္လက္ေရြးစင္အသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူကစားခ့ဲတ့ဲသူျဖစ္ျပီး၊ အနာဂတ္မွာ ဆြီဒင္အသင္းၾကီးရဲ႕ အသင္းေခါင္းေဆာင္ျဖစ္လာဖို႔လည္းရွိေနပါတယ္။ လင္ဒီေလာ့ဟာ ဒီရာသီမွာ မန္ယူႏိုက္တက္ေနာက္တန္းမွာ ပံုမွန္ပြဲထြက္ခြင့္ရခ့ဲျပီး၊ အေကာင္းဆံုးေျခစြမ္းေတြကိုလည္းျပသထားႏိုင္ခ့ဲတာပါ။

လာမယ့္ရာသီမွာလည္းမန္ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ခံစစ္ကို လင္ဒီေလာ့ကို အေျချပဳျပီးတည္ေဆာက္ဖို႔ရွိေနတာလည္းျဖစ္ပါတယ္။ လာမယ့္ရာသီမွာ ေပါ့ဘာနဲ႔ဒီဂီယာတို႔ႏွစ္ဦးထဲကတစ္ဦးက မန္ယူႏိုက္တက္အသင္းရဲ႕ ကပၸတိန္ျဖစ္လာဖို႔ရွိေနေပမ့ဲ သူတို႔ႏွစ္ဦးလံုးဟာ လာမယ့္ရာသီမွာအသင္းမွာဆက္ရွိမရွိဆုိတာမေသခ်ာေသးပါဘူး။

ဒါ့ေၾကာင့္ ေရရွည္မွာ လင္ဒီေလာ့ဟာ မန္ယူနိုက္တက္ရဲ႕အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ဖို႔အလားအလာအေကာင္းဆံုးသူတစ္ေယာက္ျဖစ္ေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ရဲ့ကပ္ပတိန်ဖြစ်လာဖွယ်ရှိနေတဲ့ လင်ဒီလော့

မန်ယူနိုက်တက်အတွက်တော့(၂၀၁၈-၁၉)ဘောလုံးရာသီဟာတကယ့်ကိုဆိုးရွားလွန်းခဲ့ပါတယ်။ ကွင်းအတွင်းမှာ အသင်းကိုခေါင်းဆောင်မှုပေးနိုင်မယ့် ကစားသမားမျိုးမရှိခြင်းနဲ့အတူ မန်ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်တွေဟာ စိတ်ပျက်စရာဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့(၂၀၁၇-၁၈)ဘောလုံးရာသီအဆုံးမှာ အသင်းခေါင်းဆောင် မိုက်ကယ်ကာရစ်ကစားသမားဘဝကအနားယူခဲ့ပြီးနောက်မှာတော့ မန်ယူနိုက်တက်ရဲ့ ညာနောက်ခံလူ ဗလန်စီယာဟာ (၂၀၁၈-၁၉)ဘောလုံးရာသီအစမှာ အသင်းခေါင်းဆောင်အဖြစ်နဲ့အသင်းကိုဦးဆောင်လာခဲ့ပါတယ်။

အဆိုပါ အီကွေဒေါကစားသမားဟာ ရာသီအစပိုင်းမှာ အသင်းခေါင်းဆောင် အဖြစ်ထိုက်တန်တဲ့ခြေစွမ်းတွေနဲ့အသင်းကိုဦးဆောင်ထားနိုင်ခဲ့ပေမဲ့ နဲ့ပုံမှန်ခြေစွမ်းတွေပျောက်ဆုံးမှုနဲ့ ဒဏ်ရာပြဿနာတွေကြားမှာ ဗလန်စီယာရဲ့မန်ယူနိုက်တက်အသင်းအပေါ်ဦးဆောင်နိုင်စွမ်းဟာ ပျောက်ဆုံးလာခဲ့ပါတယ်။အသင်းရဲ့အချို့ပွဲစဉ်တွေမှာ ပေါ့ဘာနဲ့ ဒီဂီယာတို့အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ပေးထားခဲ့ပေမဲ့ အရေးကြီးပွဲစဉ်တွေမှာတော့ အက်ရှလေယန်းကိုသာ အသင်းခေါင်ေးဆာင်အဖြစ်တာဝန်ယူစေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အက်ရှလေယန်းဟာ အသင်းအပေါ်ဦးဆောင်နိုင်ဖို့အနေအထားမရှိတဲ့အပြင် တကယ့်အရေးကြီးတဲ့ပွဲစဉ်တွေမှာ သူကိုယ်တိုင်တောင် ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့်မန်ယူနိုင်တက်အနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ကွင်းအတွင်းအသင်းကိုဦးဆောင်နိုင်မယ့် အသင်းခေါင်းဆောင်တစ်ဦးကိုရွေးချယ်ထားဖို့လိုနေပါပြီ။ ဒီလိုအခြေအနေမှာ အသင်းရဲ့အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်တဲ့သူကတော့ နောက်ခံလူ ဗစ်တာ လင်ဒီလော့ပဲဖြစ်ပါတယ်။

လင်ဒီလော့က ဆွီဒင်လူငယ်လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့သူဖြစ်ပြီး၊ အနာဂတ်မှာ ဆွီဒင်အသင်းကြီးရဲ့ အသင်းခေါင်းဆောင်ဖြစ်လာဖို့လည်းရှိနေပါတယ်။ လင်ဒီလော့ဟာ ဒီရာသီမှာ မန်ယူနိုက်တက်နောက်တန်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး၊ အကောင်းဆုံးခြေစွမ်းတွေကိုလည်းပြသထားနိုင်ခဲ့တာပါ။

လာမယ့်ရာသီမှာလည်းမန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ခံစစ်ကို လင်ဒီလော့ကို အခြေပြုပြီးတည်ဆောက်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ပေါ့ဘာနဲ့ဒီဂီယာတို့နှစ်ဦးထဲကတစ်ဦးက မန်ယူနိုက်တက်အသင်းရဲ့ ကပ္ပတိန်ဖြစ်လာဖို့ရှိနေပေမဲ့ သူတို့နှစ်ဦးလုံးဟာ လာမယ့်ရာသီမှာအသင်းမှာဆက်ရှိမရှိဆိုတာမသေချာသေးပါဘူး။

ဒါ့ကြောင့် ရေရှည်မှာ လင်ဒီလော့ဟာ မန်ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်တစ်ဦးဖြစ်ဖို့အလားအလာအကောင်းဆုံးသူတစ်ယောက်ဖြစ်နေပါတယ်။

Sirဇော်ကြီး@SportsGabar