






unicode

ပီရူးနဲ့ပွဲမှာအထာကျကျဂိုးသွင်းယူခဲ့တဲ့ ဖာမီနို

ဒီနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားကြတဲ့ ပီရူးနဲ့ဘရာဇီးအသင်းတို့ရဲ့ ကိုပါအမေရိကဖလားပွဲစဉ်မှာ အိမ်ရှင်ဘရာဇီးအသင်းက ပီရူးအသင်းကို (၅)ဂိုးပြက်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲပွဲစဉ်မှာ ဘရာဇီးအသင်းအတွက်အနိုင်ဂိုးတွေကို ကာစမီယို ၊ဖာမီနို၊အဲဗာတန်၊ အဲလ်ဗက်စ်နဲ့ ဝီလီယမ်တို့ကသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးဟာပွဲကိုထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး၊ ဂိုးပြတ်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဘရာဇီးအသင်းအတွက်ဒုတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ဖာမီနိုရဲ့သွင်းဂိုးဟာ တကယ့်ကိုအထာကျလွန်းခဲ့တာဖြစ်ပါတယ်။

ပီရူးဂိုးသမား ဂယ်လီ့စ်ရဲ့အမှားတစ်ဆင့် ဖာမီနိုကဘောလုံးကိုရရှိသွားခဲ့ပြီး ဂိုးသမားဂယ်လီ့စ်ကိုလှည့်ထွက်ကာ ဂိုးကိုမကြည့်ပဲ ဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ဖာမီနိုရဲ့ဂိုးသွင်းယူသွားတဲ့ပုံစံကို ပရိသတ်တွေကလည်းအလွန်သဘောကလျှက်ရှိနေပြီး၊ ဖာမီနိုကိုချီးကျုးပြောဆိုမှုတွေပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာ မိနစ်(၉၀)ပြည့်လို့နာကျင်အချိန်ပိုမှာ ပင်နယ်တီတစ်လုံးရရှိခဲ့ပေမဲ့ အသင်းရဲ့လူငယ်တိုက်စစ်မှူးလေး ဂျီးဆပ်စ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာ(၅)ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲအနိုင်ကြောင့် ဘရာဇီးအသင်းဟာ ရမှတ်(၇)မှတ်ရရှိကာအုပ်စုဗိုလ်အဖြစ်နဲ့ ကွာတားဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာကွာတာဖိုင်နယ်မှာ အုပ်စု(B) ဒါမှမဟုတ်အုပ်စု(C)မှ အကောင်းဆုံးတတိယ ရတဲ့အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ လာမယ့်(၂၈)ရက်နေ့မနက်ပိုင်းမှာ စတင်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar