ခ်န္ပီယံလိဂ္မွာဗိုလ္စြဲျပီးတ့ဲေနာက္မွာျပိဳင္ဘက္ေတြကိုသတိေပးသြားခ့ဲတ့ဲကေလာ့

လီဗာပူးလ္အသင္းရဲ႔ပ့ဲကိုင္ရွင္ နည္းျပၾကီးဂ်ာဂ်င္ကေလာ့ဟာ သူ႔အေနနဲ႔လီဗာပူးလ္အသင္းနဲ႔အတူခ်န္ပီယံလိဂ္ဖလားကိုရရွိႏိုင္ခ့ဲျပီးတ့ဲေနာက္မွာေတာ့ ျပိဳင္ဘက္အသင္းေတြကို သတိေပးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲတယ္လို႔သိရပါတယ္။

ကေလာ့ဟာ သူတို႔အသင္းရဲ႕ခ်န္ပီယံလိဂ္ေအာင္ျမင္မႈက လီဗာပူးလ္ေခတ္တစ္ေခတ္ကိုျပန္လည္တည္ေဆာက္ဖို႔ မ်ိဳးေစ့ခ်ခ့ဲတာပဲျဖစ္တယ္လို႔ ျပိဳင္ဘက္အသင္းေတြကို သတိေပးေျပာဆိုသြားခ့ဲတာျဖစ္ပါတယ္။ ေနာက္ျပီးကေလာ့ဟာခ်န္ပီယံလိဂ္ဖိုင္နယ္မွာဗိုလ္စြဲႏိုင္ခ့ဲတာေၾကာင့္ သူ႕ရဲ႕အဓိကဖလားဗိုလ္လုပြဲေတြမွာ ရံႈးနိမ့္တတ္တ့ဲ အိပ္မက္ဆိုးကေနလည္းရုန္းထြက္ႏိုင္ခ့ဲတာလည္းျဖစ္ပါတယ္။

အဆိုပါခ်န္ပီယံလိဂ္ဖလားဟာ လီဗာပူးလ္အသင္းရဲ႕သမိုင္းတစ္ေလ်ွာက္(၆)ၾကိမ္ေျမာက္ရရွိခ့ဲတ့ဲ ခ်န္ပီယံလိဂ္ဖလားလည္းျဖစ္ခ့ဲပါတယ္။ ကေလာ့က အသင္းရဲ႕ေအာင္ပြဲနဲ႔ပတ္သက္ျပီးပရိသတ္ေတြကိုလည္းအခုလိုပဲေျပာၾကားသြားခ့ဲပါေသးတယ္။ ကေလာ့က ” ကၽြန္ေတာ္တို႔ဟာ မွတ္တိုင္တစ္ခုကိုစိုက္ထူႏိုင္ခ့ဲတာျဖစ္ျပီး၊ အသင္းရဲ႕အစဥ္အလာကိုလည္းထိန္းႏိုင္ခ့ဲတာျဖစ္ပါတယ္၊ လီဗာပူးလ္ပရိသတ္ေတြအတြက္အေရးၾကီးဆံုးအရာက ဒီဖလားဟာ ကၽြန္ေတာ္တို႔အတြက္ စတင္ျခင္းတစ္ခုဆိုတာကိုသတိရေနဖို႔ပါ၊ ဒါကနိဂံုးတစ္ခုမဟုတ္ပါဘူး၊ ကၽြန္ေတာ္တို႔က အခုမွအစပ်ိဳးေနဆဲပဲရွိပါေသးတယ္၊ ကၽြန္ေတာ္တို႔ကိုဘယ္ေတာ့မွ ရပ္တန္႔လိမ့္မွာမဟုတ္ပါဘူး ” လို႔ ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာလီဗာပူးလ္အသင္းရဲ႕ကစားသမားစုဖြ႔ဲမႈနဲ႔ေျခစြမ္းပိုင္းက အသင္းသမိုင္းတစ္ေလ်ွာက္ အေကာင္းဆံုး အေနအထားျဖစ္ေနတာေၾကာင့္ ကေလာ့ေျပာသလို သူတို႔အေနနဲ႔ေနာက္ထပ္ေအာင္ျမင္မႈေတြကိုလာမယ့္ေဘာလံုးရာသီေတြမွာထပ္မံသိမ္းပိုက္သြားႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ချန်ပီယံလိဂ်မှာဗိုလ်စွဲပြီးတဲ့နောက်မှာပြိုင်ဘက်တွေကိုသတိပေးသွားခဲ့တဲ့ကလော့

လီဗာပူးလ်အသင်းရဲ့ပဲ့ကိုင်ရှင် နည်းပြကြီးဂျာဂျင်ကလော့ဟာ သူ့အနေနဲ့လီဗာပူးလ်အသင်းနဲ့အတူချန်ပီယံလိဂ်ဖလားကိုရရှိနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ပြိုင်ဘက်အသင်းတွေကို သတိပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့တယ်လို့သိရပါတယ်။

ကလော့ဟာ သူတို့အသင်းရဲ့ချန်ပီယံလိဂ်အောင်မြင်မှုက လီဗာပူးလ်ခေတ်တစ်ခေတ်ကိုပြန်လည်တည်ဆောက်ဖို့ မျိုးစေ့ချခဲ့တာပဲဖြစ်တယ်လို့ ပြိုင်ဘက်အသင်းတွေကို သတိပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ နောက်ပြီးကလော့ဟာချန်ပီယံလိဂ်ဖိုင်နယ်မှာဗိုလ်စွဲနိုင်ခဲ့တာကြောင့် သူ့ရဲ့အဓိကဖလားဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်တတ်တဲ့ အိပ်မက်ဆိုးကနေလည်းရုန်းထွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါချန်ပီယံလိဂ်ဖလားဟာ လီဗာပူးလ်အသင်းရဲ့သမိုင်းတစ်လျှောက်(၆)ကြိမ်မြောက်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလားလည်းဖြစ်ခဲ့ပါတယ်။ ကလော့က အသင်းရဲ့အောင်ပွဲနဲ့ပတ်သက်ပြီးပရိသတ်တွေကိုလည်းအခုလိုပဲပြောကြားသွားခဲ့ပါသေးတယ်။ ကလော့က ” ကျွန်တော်တို့ဟာ မှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တာဖြစ်ပြီး၊ အသင်းရဲ့အစဉ်အလာကိုလည်းထိန်းနိုင်ခဲ့တာဖြစ်ပါတယ်၊ လီဗာပူးလ်ပရိသတ်တွေအတွက်အရေးကြီးဆုံးအရာက ဒီဖလားဟာ ကျွန်တော်တို့အတွက် စတင်ခြင်းတစ်ခုဆိုတာကိုသတိရနေဖို့ပါ၊ ဒါကနိဂုံးတစ်ခုမဟုတ်ပါဘူး၊ ကျွန်တော်တို့က အခုမှအစပျိုးနေဆဲပဲရှိပါသေးတယ်၊ ကျွန်တော်တို့ကိုဘယ်တော့မှ ရပ်တန့်လိမ့်မှာမဟုတ်ပါဘူး ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာလီဗာပူးလ်အသင်းရဲ့ကစားသမားစုဖွ့ဲမှုနဲ့ခြေစွမ်းပိုင်းက အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး အနေအထားဖြစ်နေတာကြောင့် ကလော့ပြောသလို သူတို့အနေနဲ့နောက်ထပ်အောင်မြင်မှုတွေကိုလာမယ့်ဘောလုံးရာသီတွေမှာထပ်မံသိမ်းပိုက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar