ေျခစမ္းပြဲမွာ ျပင္းထန္တဲ့ ေျခခ်င္း၀တ္ဒဏ္ရာရရွိခဲ့တဲ့ ေနမာ

ပီအက္စ္ဂ်ီအသင္းရဲ႕ဘရာဇီးလ္တိုက္စစ္မွဴး ေနမာဟာ ျပီးခဲ့တဲ့ ေျခစမ္းပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဘရာဇီးလ္အသင္းနဲ႔ ကာတာအသင္းတို႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့တယ္လို႔သိရပါတယ္။

ေနမာဟာ အဆိုပါပြဲစဥ္မွာ ဘရာဇီးလ္အသင္းအတြက္ ပြဲထြက္ကစားေပးခဲ့ျပီး ပြဲခ်ိန္ (၂၁)မိနစ္အေရာက္မွာေတာ့ ေျခခ်င္း၀တ္ဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ ဆက္မကစားႏိုင္ေတာ့ပဲ အဲဗာတန္နဲ႔ လူစားလဲခဲ့ရပါတယ္။ ဒဏ္ရာအေနအထားက ျပင္းထန္ပံုရျပီး ေနမာတစ္ေယာက္ ေဆးအဖြဲ႔အကူအညီနဲ႔လမ္းေလွ်ာက္ခဲ့ရသလို ေျခေထာက္မွာလည္း ခ်က္ခ်င္းပတ္တီးစီးခဲ့ရပါတယ္။

အသက္ (၂၇)ႏွစ္အရြယ္ေနမာဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာလည္း ဒဏ္ရာရရွိခဲ့ဖူးျပီး ဇန္န၀ါရီလကေန မက္လအတြင္း ကစားခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ခဲ့သူပါ။ ေနမာအေနနဲ႔ အဆိုပါဒဏ္ရာကေန သက္သာလာခဲ့ျပီး ေဘာလံုး ျပန္ကစားႏိုင္တာ မၾကာေသးတဲ့အခ်ိန္မွာပဲ ယခုလို ျပင္းထန္တဲ့ဒဏ္ရာ ထပ္မံရရွိခဲ့လို႔ ေတာ္ေတာ္ေလးစိတ္ပ်က္ေနပံုလည္းရပါတယ္။

ကိုပါအေမရိကျပိဳင္ပြဲကို ေနမာ လြဲေခ်ာ္ဖြယ္ရွိေနေပမဲ့လည္း တကယ္လို႔ သူ မကစားႏိုင္ခဲ့ရင္ေတာင္ ဘရာဇီးလ္အသင္းမွာ ဂ်ီးဆပ္၊ ေကာ္တင္ဟို၊ ဖာမီႏို၊ ရစ္ခ်ာလီဆန္၊ အဲလ္ဗက္ တို႔လို ထိပ္တန္းကစားသမားေတြရွိေနတာေၾကာင့္ ဘရာဇီးလ္ဟာ ဒီျပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနပါတယ္။

ဘရာဇီးလ္အသင္းဟာ လာမဲ့ ဇြန္လ (၁၄)ရက္ေန႔မွာ ကိုပါအေမရိကဖလားျပိဳင္ပြဲ အဖြင့္ပြဲစဥ္အျဖစ္ ဘိုလီဗီးယားအသင္းနဲ႔ ယွဥ္ျပိဳင္ကစားရဖို႔ရွိေနျပီး အဲဒီေနာက္မွာေတာ့ ဗင္နီဇြဲလား၊ ပီရူးအသင္းေတြနဲ႔ အုပ္စုပြဲစဥ္ေတြကိုဆက္တိုက္ ရင္ဆိုင္ရမွာပါ။ ဒါေၾကာင့္ အဓိကကစားသမား ေနမာသာ အခ်ိန္မီျပန္ေကာင္းမလာခဲ့ရင္ ဘရာဇီးလ္အေနနဲ႔ ဟန္မပ်က္ ေ့ရွဆက္သြားႏိုင္ပါ့မလားဆိုတာကေတာ့ ေစာင့္ၾကည့္သြားရမွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ခြေစမ်းပွဲမှာ ပြင်းထန်တဲ့ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ ကာတာအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။

နေမာဟာ အဆိုပါပွဲစဉ်မှာ ဘရာဇီးလ်အသင်းအတွက် ပွဲထွက်ကစားပေးခဲ့ပြီး ပွဲချိန် (၂၁)မိနစ်အရောက်မှာတော့ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဆက်မကစားနိုင်တော့ပဲ အဲဗာတန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာအနေအထားက ပြင်းထန်ပုံရပြီး နေမာတစ်ယောက် ဆေးအဖွဲ့အကူအညီနဲ့လမ်းလျှောက်ခဲ့ရသလို ခြေထောက်မှာလည်း ချက်ချင်းပတ်တီးစီးခဲ့ရပါတယ်။

အသက် (၂၇)နှစ်အရွယ်နေမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒဏ်ရာရရှိခဲ့ဖူးပြီး ဇန်နဝါရီလကနေ မက်လအတွင်း ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့သူပါ။ နေမာအနေနဲ့ အဆိုပါဒဏ်ရာကနေ သက်သာလာခဲ့ပြီး ဘောလုံး ပြန်ကစားနိုင်တာ မကြာသေးတဲ့အချိန်မှာပဲ ယခုလို ပြင်းထန်တဲ့ဒဏ်ရာ ထပ်မံရရှိခဲ့လို့ တော်တော်လေးစိတ်ပျက်နေပုံလည်းရပါတယ်။

ကိုပါအမေရိကပြိုင်ပွဲကို နေမာ လွဲချော်ဖွယ်ရှိနေပေမဲ့လည်း တကယ်လို့ သူ မကစားနိုင်ခဲ့ရင်တောင် ဘရာဇီးလ်အသင်းမှာ ဂျီးဆပ်၊ ကော်တင်ဟို၊ ဖာမီနို၊ ရစ်ချာလီဆန်၊ အဲလ်ဗက် တို့လို ထိပ်တန်းကစားသမားတွေရှိနေတာကြောင့် ဘရာဇီးလ်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေပါတယ်။

ဘရာဇီးလ်အသင်းဟာ လာမဲ့ ဇွန်လ (၁၄)ရက်နေ့မှာ ကိုပါအမေရိကဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဘိုလီဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး အဲဒီနောက်မှာတော့ ဗင်နီဇွဲလား၊ ပီရူးအသင်းတွေနဲ့ အုပ်စုပွဲစဉ်တွေကိုဆက်တိုက် ရင်ဆိုင်ရမှာပါ။ ဒါကြောင့် အဓိကကစားသမား နေမာသာ အချိန်မီပြန်ကောင်းမလာခဲ့ရင် ဘရာဇီးလ်အနေနဲ့ ဟန်မပျက် ေ့ရှဆက်သွားနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။

လူညိုချော@SportsGabar