ေဒါ့မြန္နဲ႔သေဘာတူညီမႈမရခင္ မန္ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကိုရရွိခ့ဲတ့ဲဟမ္မဲလ္

ဘိုင္ယန္ျမဴးနစ္ကစားသမားဟမ္မဲလ္ဟာ ေဒါ့မြန္ကိုျပန္လည္ေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈမရခင္ မန္ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကိုရရွိခ့ဲေပမ့ဲ ပယ္ခ်သြားခ့ဲတယ္လို႔သိရပါတယ္။

ဟမ္မဲလ္ဟာသူ႔ရဲ႕ကစားသမားဘ၀ကိုဘိုင္ယန္ျမဴးနစ္အသင္းနဲ႔စတင္ခ့ဲတာျဖစ္ျပီး၊ (၂၀၀၈)ခုႏွစ္မွာ ေဒါ့မြန္ကိုအငွားခ်ခံခ့ဲရတာျဖစ္ပါတယ္။ (၂၀၀၉)မွာေတာ့ ေဒါ့မြန္ကဟမ္မဲလ္ကိုအျပီးသတ္စာခ်ဳပ္နဲ႔ေခၚယူခ့ဲျပီး၊ ေဒါ့မြန္မွာ(၇)ႏွစ္ၾကာကစားခ့ဲပါတယ္။ (၂၀၁၆)မွာေတာ့ ဟမ္မဲလ္ဟာ ဘိုင္ယန္ျမဴးနစ္ကိုျပန္လည္ေျပာင္းေရႊ႕လာခ့ဲပါတယ္။

လက္ရွိမွာေတာ့ ဟမ္မဲလ္ဟာ ေဒါ့မြန္အသင္းကိုျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္သေဘာတူညီမႈရခ့ဲျပီလို႔သတင္းေတြထြက္ေပၚခ့ဲတာျဖစ္ပါတယ္။ ဟမ္မဲလ္ဟာေဒါ့မြန္မွာကစားခ့ဲစဥ္က အသင္းအတြက္ျပိဳင္ပြဲစံု (၃၀၉)ပြဲအထိပါ၀င္ကစားေပးခ့ဲတ့ဲကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ ဟမ္မဲလ္ဟာေဒါ့မြန္အသင္းကိုေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈမရခင္ မန္ယူႏိုက္တက္အသင္းထံကေန ျမင့္မားတ့ဲ လုပ္ခလစားနဲ႔ကမ္းလွမ္းမႈကိုရရွိခ့ဲတယ္လို႔သိရပါတယ္။

မန္ယူႏိုက္တက္ဟာ ယိုယြင္းေနတ့ဲအသင္းရဲ႕ခံစစ္ပိုင္းကိုျပင္ဆင္ဖို႔ အေတြ႔အၾကံဳရွိတ့ဲ ဟမ္မဲလ္ကိုေခၚယူဖို႔ၾကိဳးစားခ့ဲတာျဖစ္ျပီး၊ ဟမ္မဲလ္ကေတာ့ မန္ယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်သြားခ့ဲကာ အသင္းေဟာင္း ေဒါ့မြန္ကိုပဲျပန္လည္ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ခ့ဲတာျဖစ္ပါတယ္။ ေဒါ့မြန္အေနနဲ႔ကေတာ့ဟမ္မဲလ္ကိုေခၚယူႏိုင္ခ့ဲတာေၾကာင့္ ဒီေႏြေစ်းကြက္အတြင္းသူတို႔ရဲ႕(၅)ေယာက္ေျမာက္ကစားသမားေခၚယူမႈကိုျပဳလုပ္ႏိုင္ခ့ဲတာျဖစ္ပါတယ္။

မန္ယူႏိုက္တက္ကေတာ့ ဒီေနြေစ်းကြက္အတြင္းကစားသမားေခၚယူမႈအျဖစ္ ဆြမ္ဆီးအသင္းရဲ႕ကစားသမားေလး ဂ်ိမ္းစ္ကိုသာေခၚယူႏိုင္ခ့ဲေသးတာျဖစ္ပါတယ္။ ဒီအေျခအေနဟာလာမယ့္ရာသီမွာထိပ္ဆံုးေလးသင္း၀င္ဖို႔ရည္မွန္းထားတ့ဲမန္ယူႏိုက္တက္အတြက္ေတာ့လံုေလာက္တ့ဲကစားသမားေခၚယူမႈမ်ိဳးမဟုတ္တာေသခ်ာပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ဖို႔ကလည္းတစ္လေက်ာ္ေလာက္သာလိုေတာ့တာေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ေနာက္ထပ္ကစားသမားေခၚယူမႈေတြကိုေသခ်ာျပဳလုပ္ဖို႔လိုေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒေါ့မွန်နဲ့သဘောတူညီမှုမရခင် မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုရရှိခဲ့တဲ့ဟမ်မဲလ်

ဘိုင်ယန်မြူးနစ်ကစားသမားဟမ်မဲလ်ဟာ ဒေါ့မွန်ကိုပြန်လည်ပြောင်းရွှေ့ဖို့သဘောတူညီမှုမရခင် မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပေမဲ့ ပယ်ချသွားခဲ့တယ်လို့သိရပါတယ်။

ဟမ်မဲလ်ဟာသူ့ရဲ့ကစားသမားဘဝကိုဘိုင်ယန်မြူးနစ်အသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး၊ (၂၀၀၈)ခုနှစ်မှာ ဒေါ့မွန်ကိုအငှားချခံခဲ့ရတာဖြစ်ပါတယ်။ (၂၀၀၉)မှာတော့ ဒေါ့မွန်ကဟမ်မဲလ်ကိုအပြီးသတ်စာချုပ်နဲ့ခေါ်ယူခဲ့ပြီး၊ ဒေါ့မွန်မှာ(၇)နှစ်ကြာကစားခဲ့ပါတယ်။ (၂၀၁၆)မှာတော့ ဟမ်မဲလ်ဟာ ဘိုင်ယန်မြူးနစ်ကိုပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဟမ်မဲလ်ဟာ ဒေါ့မွန်အသင်းကိုပြန်လည်ပြောင်းရွှေ့ဖို့အတွက်သဘောတူညီမှုရခဲ့ပြီလို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဟမ်မဲလ်ဟာဒေါ့မွန်မှာကစားခဲ့စဉ်က အသင်းအတွက်ပြိုင်ပွဲစုံ (၃၀၉)ပွဲအထိပါဝင်ကစားပေးခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ဟမ်မဲလ်ဟာဒေါ့မွန်အသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုမရခင် မန်ယူနိုက်တက်အသင်းထံကနေ မြင့်မားတဲ့ လုပ်ခလစားနဲ့ကမ်းလှမ်းမှုကိုရရှိခဲ့တယ်လို့သိရပါတယ်။

မန်ယူနိုက်တက်ဟာ ယိုယွင်းနေတဲ့အသင်းရဲ့ခံစစ်ပိုင်းကိုပြင်ဆင်ဖို့ အတွေ့အကြုံရှိတဲ့ ဟမ်မဲလ်ကိုခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး၊ ဟမ်မဲလ်ကတော့ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုပယ်ချသွားခဲ့ကာ အသင်းဟောင်း ဒေါ့မွန်ကိုပဲပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အနေနဲ့ကတော့ဟမ်မဲလ်ကိုခေါ်ယူနိုင်ခဲ့တာကြောင့် ဒီနွေဈေးကွက်အတွင်းသူတို့ရဲ့(၅)ယောက်မြောက်ကစားသမားခေါ်ယူမှုကိုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်ကတော့ ဒီနွေဈေးကွက်အတွင်းကစားသမားခေါ်ယူမှုအဖြစ် ဆွမ်ဆီးအသင်းရဲ့ကစားသမားလေး ဂျိမ်းစ်ကိုသာခေါ်ယူနိုင်ခဲ့သေးတာဖြစ်ပါတယ်။ ဒီအခြေအနေဟာလာမယ့်ရာသီမှာထိပ်ဆုံးလေးသင်းဝင်ဖို့ရည်မှန်းထားတဲ့မန်ယူနိုက်တက်အတွက်တော့လုံလောက်တဲ့ကစားသမားခေါ်ယူမှုမျိုးမဟုတ်တာသေချာပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ကလည်းတစ်လကျော်လောက်သာလိုတော့တာကြောင့် မန်ယူနိုက်တက်အနေနဲ့နောက်ထပ်ကစားသမားခေါ်ယူမှုတွေကိုသေချာပြုလုပ်ဖို့လိုနေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar