ဟာဇက္ကိုခ်ဲလ္ဆီးရဲ႕ဂႏၳ၀င္လို႔အမႊမ္းတင္လိုက္တ့ဲဒေရာ့ဘာ

ခ်ဲလ္ဆီးအသင္းရဲ႕တစ္ခ်ိန္ကနာမည္ေက်ာ္တိုက္စစ္မွဴးၾကီး ဒေရာ့ဘာက ရီးရဲလ္ကိုေျပာင္းေရႊ႕သြားျပီျဖစ္တ့ဲ တိုက္စစ္မွဴး ဟာဇက္ကို ခ်ဲလ္ဆီးအသင္းရဲ႕ဂႏၳ၀င္တစ္ေယာက္အျဖစ္သက္မွတ္ရလိမ့္မယ္လို႔ အမႊမ္းတင္ေျပာဆိုသြားခ့ဲပါတယ္။

ဟာဇက္ဟာျပီးခ့ဲတ့ဲရက္ပိုင္းက ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕ေၾကးယူရိုသန္း(၁၃၀)နဲ႔ေျပာင္းေရႊ႕သြားခ့ဲျပီျဖစ္ပါတယ္။ အသက္(၂၈)ႏွစ္အရြယ္ဘယ္လ္ဂ်ီယံသားဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာခ်ဲလ္ဆီးးအတြက္ျပိဳင္ပြဲစံုသြင္းဂိုး(၂၁)ဂိုးသြင္းယူေပးႏိုင္ခ့ဲျပီး၊ ပရီးမီးယားလိဂ္မွာလည္းဂိုးဖန္တီးမႈ(၁၅)ၾကိမ္အထိျပဳလုပ္ေပးႏိုင္ခ့ဲကာ ယူရိုပါလိဂ္မွာလည္း ခ်ဲလ္ဆီးနဲ႔အတူဗိုလ္စြဲႏိုင္ခ့ဲပါတယ္။

ဟာဇက္ရဲ႕အေျပာင္းအေရႊ႕ဟာ ခ်ဲလ္ဆီးအသင္းအတြက္ေတာ့အလြန္ကိုအထိနာတ့ဲကိစၥတစ္ခုျဖစ္ေစခ့ဲျပီး၊ ကစားသမားေခၚယူခြင့္ပိတ္ပင္ခံထားရတ့ဲခ်ဲလ္ဆီးအတြက္ေတာ့ ဟာဇက္ရဲ႕ထြက္ခြာမႈဟာ အက်ဥ္းတန္ေနခ့ဲရတာပဲျဖစ္ပါတယ္။ အသင္းရဲ႕ခက္ခဲတ့ဲအခ်ိန္မွာ ထြက္္ခြာခ့ဲတ့ဲဟာဇက္ကို အသင္းပရိသတ္အခ်ိဳ႕ကအျပစ္ျမင္ေနခ့ဲၾကေပမ့ဲ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္းၾကီး ဒေရာ့ဘာကေတာ့ ဟာဇက္ကိုခ်ီးမႊန္းခန္းေတြဖြင့္ေနခ့ဲပါတယ္။

ဒေရာ့ဘာက ” ဟာဇက္ရဲ႕ေနရာကိုဘယ္သူနဲ႔မွအစားထိုးလို႔မရႏိုင္ပါဘူး၊ သူကစပါယ္ရွယ္တစ္ေယာက္ပါ၊ ဒါေပမ့ဲတစ္ေယာက္ေယာက္ကေတာ့အသင္းကိုေရာက္လာမွာပါ၊ ဟာဇက္က ခ်ဲလ္ဆီးရဲ႕ဂႏၳ၀င္တစ္ေယာက္ပါ ” လို႔ေျပာဆိုသြားခ့ဲပါတယ္။ ဆက္လက္ျပီး ဒေရာ့ဘာက ခ်ဲလ္ဆီးနည္းျပသစ္အျဖစ္ ကစားေဖာ္ေဟာင္းလမ္းပတ္ကို အသင္းကခန္႔အပ္လိမ့္မယ္လို႔ ထင္တယ္လို႔လည္းေျပာၾကားသြားခ့ဲပါတယ္။

ျပီးခ့ဲတ့ဲရက္ပိုင္းကမွအသင္းကေနထြက္ခြာသြားၾကတ့ဲ နည္းျပ ဆာရီနဲ႔ တိုက္စစ္မွဴးဟာဇက္တို႔ေၾကာင့္ ကစားသမားေခၚယူခြင့္ပိတ္ပင္ခံထားရတ့ဲခ်ဲလ္ဆီးတို႔အတြက္ အက်ပ္ရိုက္စရာျဖစ္ေနျပီး၊ လာမယ့္ရာသီမွာခ်ဲလ္ဆီးတို႔အေျခအေနေကာင္းႏိုင္ပါ့မလားလို႔ အားလံုးကသံသယ၀င္ေနၾကတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕အေျခအေနဟာ စိတ္၀င္စားစရာေကာင္းေနျပီး လာမယ့္ရာသီမွာခ်ဲလ္ဆီးအေနနဲ႔ဘာေတြလုပ္ျပႏိုင္မလဲဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SpotsGabar

unicode

ဟာဇက်ကိုချဲလ်ဆီးရဲ့ဂန္ထဝင်လို့အမွှမ်းတင်လိုက်တဲ့ဒရော့ဘာ

ချဲလ်ဆီးအသင်းရဲ့တစ်ချိန်ကနာမည်ကျော်တိုက်စစ်မှူးကြီး ဒရော့ဘာက ရီးရဲလ်ကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့ တိုက်စစ်မှူး ဟာဇက်ကို ချဲလ်ဆီးအသင်းရဲ့ဂန္ထဝင်တစ်ယောက်အဖြစ်သက်မှတ်ရလိမ့်မယ်လို့ အမွှမ်းတင်ပြောဆိုသွားခဲ့ပါတယ်။

ဟာဇက်ဟာပြီးခဲ့တဲ့ရက်ပိုင်းက ရီးရဲလ်အသင်းကိုပြောင်းရွှေ့ကြေးယူရိုသန်း(၁၃၀)နဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွယ်ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာချဲလ်ဆီးးအတွက်ပြိုင်ပွဲစုံသွင်းဂိုး(၂၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာလည်းဂိုးဖန်တီးမှု(၁၅)ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ကာ ယူရိုပါလိဂ်မှာလည်း ချဲလ်ဆီးနဲ့အတူဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဟာဇက်ရဲ့အပြောင်းအရွှေ့ဟာ ချဲလ်ဆီးအသင်းအတွက်တော့အလွန်ကိုအထိနာတဲ့ကိစ္စတစ်ခုဖြစ်စေခဲ့ပြီး၊ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ချဲလ်ဆီးအတွက်တော့ ဟာဇက်ရဲ့ထွက်ခွာမှုဟာ အကျဉ်းတန်နေခဲ့ရတာပဲဖြစ်ပါတယ်။ အသင်းရဲ့ခက်ခဲတဲ့အချိန်မှာ ထွက်ခွာခဲ့တဲ့ဟာဇက်ကို အသင်းပရိသတ်အချို့ကအပြစ်မြင်နေခဲ့ကြပေမဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းကြီး ဒရော့ဘာကတော့ ဟာဇက်ကိုချီးမွှန်းခန်းတွေဖွင့်နေခဲ့ပါတယ်။

ဒရော့ဘာက ” ဟာဇက်ရဲ့နေရာကိုဘယ်သူနဲ့မှအစားထိုးလို့မရနိုင်ပါဘူး၊ သူကစပါယ်ရှယ်တစ်ယောက်ပါ၊ ဒါပေမဲ့တစ်ယောက်ယောက်ကတော့အသင်းကိုရောက်လာမှာပါ၊ ဟာဇက်က ချဲလ်ဆီးရဲ့ဂန္ထဝင်တစ်ယောက်ပါ ” လို့ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဒရော့ဘာက ချဲလ်ဆီးနည်းပြသစ်အဖြစ် ကစားဖော်ဟောင်းလမ်းပတ်ကို အသင်းကခန့်အပ်လိမ့်မယ်လို့ ထင်တယ်လို့လည်းပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှအသင်းကနေထွက်ခွာသွားကြတဲ့ နည်းပြ ဆာရီနဲ့ တိုက်စစ်မှူးဟာဇက်တို့ကြောင့် ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ချဲလ်ဆီးတို့အတွက် အကျပ်ရိုက်စရာဖြစ်နေပြီး၊ လာမယ့်ရာသီမှာချဲလ်ဆီးတို့အခြေအနေကောင်းနိုင်ပါ့မလားလို့ အားလုံးကသံသယဝင်နေကြတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့အခြေအနေဟာ စိတ်ဝင်စားစရာကောင်းနေပြီး လာမယ့်ရာသီမှာချဲလ်ဆီးအနေနဲ့ဘာတွေလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SpotsGabar