ဘာစီလိုနာနဲ႔သေဘာတူညီမႈရခ့ဲျပီလို႔သတင္းေတြထြက္လာတ့ဲေနမာအေျပာင္းအေရႊ႕

ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာဟာ ဘာစီလိုနာကေနျပီးခ့ဲတ့ဲ(၂၀၁၇)ခုႏွစ္က ပီအက္စ္ဂ်ီကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ေပမ့ဲ လက္၇ွိမွာေတာ့ ပီအက္စ္ဂ်ီမွာအဆင္မေျပျဖစ္ေနျပီး၊ အသင္းေဟာင္ဘာစီလိုနာကိုျပန္ခ်င္တယ္ဆိုျပီး သတင္းေတြထြက္ေနခ့ဲတာျဖစ္ပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီကိုဘာစီလိုနာကေနေျပာင္းေရႊ႕ေၾကးေပါင္(၁၉၉)သန္းနဲ႔ေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊ေနမာရဲ႕ေျပာင္းေရႊ႕ေၾကးဟာ ကမာၻ႔စ့ခ်ိန္တင္ေျပာင္းေရႊ႕ေၾကးတစ္ရပ္လည္းျဖစ္ခ့ဲပါတယ္။ ဒါေပမ့ဲ ေနမာဟာ ပီအက္စ္ဂ်ီအသင္းမာရုန္းကန္ေနခ့ဲရတာျဖစ္ျပီး၊ ဒဏ္ရာျပႆနာေတြနဲ႔လည္းမၾကာခဏၾကံဳေတြ႔ေနရတ့ဲသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ေနမာဟာ အသင္းေဖာ္ ကာဗာနီနဲ႔လည္းအဆင္မေျပမႈေတြရွိခ့ဲျပီး၊ ပီအက္စ္ဂ်ီကိုေနမာေရာက္လာျပီးတ့ဲေနာက္ပိုင္းမွာ အသင္းအတြင္းစည္းလံုးမႈပ်က္ျပားေနျပီဆိုတ့ဲသတင္းေတြလည္းထြက္ေပၚခ့ဲေသးတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ဥကၠဌျဖစ္သူကလည္း ေနမာရဲ႕အသင္းေဖာ္ေတြၾကားထင္ေပၚေအာင္ေနတတ္တ့ဲအျပဳအမဴေတြကိုလည္းႏွစ္သက္ျခင္းမရွိဘူးလို႔သိရပါတယ္။

ေနာက္ျပီး ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္မွာေအာင္ျမင္မႈရႏိုင္ဖို႔အတြေက္ေနမာကိုေခၚယူခ့ဲတာျဖစ္ေပမ့ဲ ေနမာေရာက္ရွိခ့ဲတ့ဲ(၂)ရာသီအတြင္းပီအက္စ္ဂ်ီရဲ႕ခ်န္ပီယံလိဂ္ရလဒ္ေတြဟာေကာင္းမြန္လာခ့ဲျခင္းမရွိပါဘူး။ ဒါ့ေၾကာင့္အဖက္ဖက္က အဆင္မေျပမႈေတြရွိေနတ့ဲ ေနမာကိုပီအက္စ္ဂ်ီအသင္းကိုယ္တိုင္ကေရာင္းခ်ဖို႔စီစဥ္ေနတာျဖစ္တယ္လို႔လည္းသိရပါတယ္။

ေနာက္ဆံုးထြက္ေပၚေနတ့ဲသတင္းေတြအရ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေနမာဟာ ဘာစီလိုနာကိုျပန္လည္ေျပာင္းေရႊ႕ဖို႔ႏႈတ္အားျဖင့္သေဘာတူညီမႈရခ့ဲျပီလို႔သိရပါတယ္။ သတင္းေတြထြက္လာတ့ဲအတိုင္းေနမာတစ္ေယာက္ဘာစီလိုနာကိုေရာက္လာခ့ဲရင္ အရင္လိုေျခစြမ္းေတြျပႏိုင္ပါ့မလားဆိုတာကေတာ့ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘာစီလိုနာနဲ့သဘောတူညီမှုရခဲ့ပြီလို့သတင်းတွေထွက်လာတဲ့နေမာအပြောင်းအရွှေ့

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ဘာစီလိုနာကနေပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တာဖြစ်ပေမဲ့ လက်၇ှိမှာတော့ ပီအက်စ်ဂျီမှာအဆင်မပြေဖြစ်နေပြီး၊ အသင်းဟောင်ဘာစီလိုနာကိုပြန်ချင်တယ်ဆိုပြီး သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီကိုဘာစီလိုနာကနေပြောင်းရွှေ့ကြေးပေါင်(၁၉၉)သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊နေမာရဲ့ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့စ့ချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းမာရုန်းကန်နေခဲ့ရတာဖြစ်ပြီး၊ ဒဏ်ရာပြဿနာတွေနဲ့လည်းမကြာခဏကြုံတွေ့နေရတဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင် နေမာဟာ အသင်းဖော် ကာဗာနီနဲ့လည်းအဆင်မပြေမှုတွေရှိခဲ့ပြီး၊ ပီအက်စ်ဂျီကိုနေမာရောက်လာပြီးတဲ့နောက်ပိုင်းမှာ အသင်းအတွင်းစည်းလုံးမှုပျက်ပြားနေပြီဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌဖြစ်သူကလည်း နေမာရဲ့အသင်းဖော်တွေကြားထင်ပေါ်အောင်နေတတ်တဲ့အပြုအမူတွေကိုလည်းနှစ်သက်ခြင်းမရှိဘူးလို့သိရပါတယ်။

နောက်ပြီး ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်မှာအောင်မြင်မှုရနိုင်ဖို့အတွကေ်နေမာကိုခေါ်ယူခဲ့တာဖြစ်ပေမဲ့ နေမာရောက်ရှိခဲ့တဲ့(၂)ရာသီအတွင်းပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်ရလဒ်တွေဟာကောင်းမွန်လာခဲ့ခြင်းမရှိပါဘူး။ ဒါ့ကြောင့်အဖက်ဖက်က အဆင်မပြေမှုတွေရှိနေတဲ့ နေမာကိုပီအက်စ်ဂျီအသင်းကိုယ်တိုင်ကရောင်းချဖို့စီစဉ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။

နောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေအရ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ဘာစီလိုနာကိုပြန်လည်ပြောင်းရွှေ့ဖို့နှုတ်အားဖြင့်သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်။ သတင်းတွေထွက်လာတဲ့အတိုင်းနေမာတစ်ယောက်ဘာစီလိုနာကိုရောက်လာခဲ့ရင် အရင်လိုခြေစွမ်းတွေပြနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar