လူကာကူ ကိုေခၚယူခ်င္ေပမ့ဲ အက်ပ္ရိုက္စရာကိစၥနဲ႔ၾကံဳေနရတ့ဲ အင္တာ

အင္တာမီလန္အသင္းဟာ ဒီေႏြရာသီေစ်းကြက္ထဲမွာ မန္ယူႏိုက္တက္တိုက္စစ္မွဴးလူကာကူကိုေခၚယူဖို႔စိတ္အားထက္သန္ေနတယ္လို႔သိရပါတယ္။ ဒါေပမ့ဲ အင္တာဟာ ကိစၥတစ္ခုေၾကာင့္ အက်ပ္ရိုက္ေနတယ္လို႔သိရပါတယ္။

လူကာကူဟာ အဲဗာတန္အသင္းနဲ႔အတူ ေျခစြမ္းျပကစားႏိုင္ခ့ဲျပီးတ့ဲေနာက္မွာ မန္ယူႏိုက္တက္ကေခၚယူခ့ဲတာျဖစ္ျပီး၊ မန္ယူႏိုက္တက္မွာပြဲေပါင္း(၉၆)ပြဲပါ၀င္ကစားထားခ့ဲျပီး၊ (၄၂)ဂိုးသြင္းယးေပးထားႏိုင္ခ့ဲပါတယ္။ ဒါ့အျပင္ လူကာကူႏိုင္ငံအသင္းျဖစ္တ့ဲဘယ္လ္ဂ်ီယံအသင္းအတြက္လည္း(၈၁)ပြဲပါ၀င္ကစားေပးထားခ့ဲျပီး၊ သြင္းဂိုး(၄၈)ဂိုးနဲ႔ ဘယ္လ္ဂ်ီယံအသင္းသမိုင္းတစ္ေလွ်ာက္ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ရပ္တည္ေနတာလည္းျဖစ္ပါတယ္။

ဒီလိုမွတ္တမ္းေကာင္းေတြရွိေနေပမ့ဲလည္း လူကာကူဟာ မန္ယူႏိုက္တက္မွာပံုမွန္္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနရျပီး၊ ဒီေႏြရာသီမွာအသင္းကေနထြက္ခြာေတာ့မယ္လို႔သတင္းေတြထြက္လာခ့ဲတာလည္းျဖစ္ပါတယ္။ လူကာကူကိုေခၚယူဖို႔အင္တာမီလန္ကစိတ္၀င္စားေနတာျဖစ္ျပီး၊ ေရာက္ရွိဖို႔လည္းနီးစပ္တ့ဲအေနအထားကိုေရာက္ရွိေနျပီျဖစ္ပါတယ္။

ဒါေပမ့ဲအင္တာမီလန္အသင္းဟာ လူကာကူကိုေခၚယူခ်င္တယ္ဆိုရင္ သူတို႔ကစားသမားအိုင္ကာဒီကိုအရင္ဆံုးေရာင္းခ်ရမယ္လို႔သိရပါတယ္။ ေငြေရးေၾကးေရးျပႆနာေၾကာင့္ အင္တာမီလန္ဟာခုလိုအေျခအေနကိုရင္ဆိုင္ေနရတာျဖစ္ပါတယ္။ အသင္းရဲ႕အေျပာင္းအေရႊ႕အသံုးစရိတ္ျမင့္တက္လာဖို႔ အင္တာမီလန္ဟာ အသင္းမွာရွိတ့ဲအိုက္ကာဒီကိုအရင္ေရာင္းခ်ဖို႔လိုေနတာျဖစ္ပါတယ္။

လက္ရွိအေနအထားအရ အင္တာမီလန္ဟာ လူကာကူကိုေခၚယူဖို႔နီးစပ္လ်က္ရွိေနေပမ့ဲေေငြၾကးျပႆနာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ၾကန္႔ၾကာဖြယ္ရွိေနတာျဖစ္ပါတယ္။ အေစာပိုင္းသတင္းေတြအရ အင္တာမီလန္ဟာ လူကာကူကိုေခၚယူဖို႔ အိုင္ကာဒီကိုအလိုက္ေပးကမ္းလွမ္းမယ္လို႔လည္းသတင္းေတြထြက္ေပၚခ့ဲတာေၾကာင့္ဘာေတြဆက္ျဖစ္မလဲဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လူကာကူ ကိုခေါ်ယူချင်ပေမဲ့ အကျပ်ရိုက်စရာကိစ္စနဲ့ကြုံနေရတဲ့ အင်တာ

အင်တာမီလန်အသင်းဟာ ဒီနွေရာသီဈေးကွက်ထဲမှာ မန်ယူနိုက်တက်တိုက်စစ်မှူးလူကာကူကိုခေါ်ယူဖို့စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ အင်တာဟာ ကိစ္စတစ်ခုကြောင့် အကျပ်ရိုက်နေတယ်လို့သိရပါတယ်။

လူကာကူဟာ အဲဗာတန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးတဲ့နောက်မှာ မန်ယူနိုက်တက်ကခေါ်ယူခဲ့တာဖြစ်ပြီး၊ မန်ယူနိုက်တက်မှာပွဲပေါင်း(၉၆)ပွဲပါဝင်ကစားထားခဲ့ပြီး၊ (၄၂)ဂိုးသွင်းယးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူကာကူနိုင်ငံအသင်းဖြစ်တဲ့ဘယ်လ်ဂျီယံအသင်းအတွက်လည်း(၈၁)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၄၈)ဂိုးနဲ့ ဘယ်လ်ဂျီယံအသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဒီလိုမှတ်တမ်းကောင်းတွေရှိနေပေမဲ့လည်း လူကာကူဟာ မန်ယူနိုက်တက်မှာပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရပြီး၊ ဒီနွေရာသီမှာအသင်းကနေထွက်ခွာတော့မယ်လို့သတင်းတွေထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ လူကာကူကိုခေါ်ယူဖို့အင်တာမီလန်ကစိတ်ဝင်စားနေတာဖြစ်ပြီး၊ ရောက်ရှိဖို့လည်းနီးစပ်တဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမဲ့အင်တာမီလန်အသင်းဟာ လူကာကူကိုခေါ်ယူချင်တယ်ဆိုရင် သူတို့ကစားသမားအိုင်ကာဒီကိုအရင်ဆုံးရောင်းချရမယ်လို့သိရပါတယ်။ ငွေရေးကြေးရေးပြဿနာကြောင့် အင်တာမီလန်ဟာခုလိုအခြေအနေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ အသင်းရဲ့အပြောင်းအရွှေ့အသုံးစရိတ်မြင့်တက်လာဖို့ အင်တာမီလန်ဟာ အသင်းမှာရှိတဲ့အိုက်ကာဒီကိုအရင်ရောင်းချဖို့လိုနေတာဖြစ်ပါတယ်။

လက်ရှိအနေအထားအရ အင်တာမီလန်ဟာ လူကာကူကိုခေါ်ယူဖို့နီးစပ်လျက်ရှိနေပေမဲ့ေငွေကြးပြဿနာကြောင့် အပြောင်းအရွှေ့ဟာ ကြန့်ကြာဖွယ်ရှိနေတာဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရ အင်တာမီလန်ဟာ လူကာကူကိုခေါ်ယူဖို့ အိုင်ကာဒီကိုအလိုက်ပေးကမ်းလှမ်းမယ်လို့လည်းသတင်းတွေထွက်ပေါ်ခဲ့တာကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar