မန္ယူႏိုက္တက္နဲ႔ပတ္သက္တ့ဲသတင္းေတြကိုေျဖရွင္းသြားခ့ဲတ့ဲမတ္ဂြဲယား

မန္ယူႏို္က္တက္နဲ႔သတင္းေတြထြက္ေနတ့ဲလက္စတာအသင္းရဲ႕ေနာက္ခံလူ မတ္ဂြဲယားဟာ သူ႔ရ႕ဲအင္စတာဂရမ္မွာမန္ယူႏိုက္တက္ကိုထြက္ခြာဖို႔ အၾကံဳျပဳေနတ့ဲ မွတ္ခ်က္ေတြနဲ႔ပတ္သက္ျပီး တုန္႔ျပန္ေျပာဆိုမႈတစ္ခုျပဳလုပ္သြားခ့ဲပါတယ္။

အဆိုပါအဂၤလန္ေနာက္ခံလူကို မန္ယူႏိုက္တက္က ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၈၀)နဲ႔ေခၚယူဖို႔ခ်ိတ္ဆက္လ်က္ရွိေနတာလည္းျဖစ္ပါတယ္။ မတ္ဂြဲယားဟာ လက္စတာအသင္းနဲ႔အတူ ေကာင္မြန္တ့ဲေဘာလံုးရာသီတစ္ခုကိုျဖတ္သန္းႏိုင္ခ့ဲျပီးတ့ဲေနာက္မွာေတာ့ မန္ယူႏိုက္တက္ဘက္က ကစားသမားကိုေခၚယူဖို႔အခုလိုခ်ိတ္ဆက္မႈေတြျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

မေန႔က မတ္ဂြဲယားဟာ သူ႔ရဲ႕အင္စတာဂရမ္စာမ်က္နွာထက္မွာတင္ထားခ့ဲတ့ဲ ပိုစ့္တစ္ခုေအာက္မွာ ပရိသတ္တစ္ဦးရဲ႕ မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ဖို႔အၾကံဳျပဳထားတ့ဲ မွတ္ခ်က္တစ္ခုကို လိုက္ခ္(like)ျပဳလုပ္သြားခ့ဲတာေၾကာင့္ မတ္ဂြဲယားရဲ႕မန္ယူႏိုက္တက္နဲ႔ပတ္သက္တ့ဲသတင္းေတြဟာ ပိုျပီးက်ယ္ေလာင္လာခ့ဲတာလည္းျဖစ္ပါတယ္။

အဆိုပါကိစၥနဲ႔ပတ္သက္ျပီးမတ္ဂြဲယားက သူ႔ရဲ႕အင္စတာဂရမ္မွာျပန္ေျဖရွင္းသြားခ့ဲပါတယ္။ မတ္ဂြဲယားက ” ေဟ့လူေတြ ကၽြန္ေတာ္ လိုက္ခ္(like)လုပ္လိုက္တာက အ့ဲဒီအဓိပၸာယ္မဟုတ္ဘူးေလ၊ ကၽြန္ေတာ္က လက္စတာမွာပဲရွိေနပါေသးတယ္ဗ် ” ဆိုျပီး သတင္းေတြပိုက်ယ္ျပန္႔လာတာနဲ႔ပတ္သက္ျပီးျပန္လည္ေျဖရွင္းသြားခ့ဲပါတယ္။

မန္ယူႏိုက္တက္ဟာမတ္ဂြဲယားကိုေခၚယူဖို႔ေမာရင္ဟိုလက္ထက္ထဲက ခ်ိတ္ဆက္ေနခ့ဲတာျဖစ္ျပီး၊ အေၾကာင္းေၾကာင္း ေၾကာင့္ ေခၚယူဖို႔လြဲေခ်ာ္ခ့ဲတာလည္းျဖစ္ပါတယ္။ ယခုျပန္လည္ျပီးသတင္းေတြထြက္လာခ့ဲတာျဖစ္ျပီး၊ ဒီတစ္ၾကိမ္မွာေရာ မန္ယူႏိုက္တက္အေနနဲ႔မတ္ဂြဲယားကိုအရေခၚယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကိုဖြေရှင်းသွားခဲ့တဲ့မတ်ဂွဲယား

မန်ယူနိုက်တက်နဲ့သတင်းတွေထွက်နေတဲ့လက်စတာအသင်းရဲ့နောက်ခံလူ မတ်ဂွဲယားဟာ သူ့ရဲ့အင်စတာဂရမ်မှာမန်ယူနိုက်တက်ကိုထွက်ခွာဖို့ အကြုံပြုနေတဲ့ မှတ်ချက်တွေနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောဆိုမှုတစ်ခုပြုလုပ်သွားခဲ့ပါတယ်။

အဆိုပါအင်္ဂလန်နောက်ခံလူကို မန်ယူနိုက်တက်က ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)နဲ့ခေါ်ယူဖို့ချိတ်ဆက်လျက်ရှိနေတာလည်းဖြစ်ပါတယ်။ မတ်ဂွဲယားဟာ လက်စတာအသင်းနဲ့အတူ ကောင်မွန်တဲ့ဘောလုံးရာသီတစ်ခုကိုဖြတ်သန်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မန်ယူနိုက်တက်ဘက်က ကစားသမားကိုခေါ်ယူဖို့အခုလိုချိတ်ဆက်မှုတွေပြုလုပ်လာတာလည်းဖြစ်ပါတယ်။

မနေ့က မတ်ဂွဲယားဟာ သူ့ရဲ့အင်စတာဂရမ်စာမျက်နှာထက်မှာတင်ထားခဲ့တဲ့ ပိုစ့်တစ်ခုအောက်မှာ ပရိသတ်တစ်ဦးရဲ့ မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အကြုံပြုထားတဲ့ မှတ်ချက်တစ်ခုကို လိုက်ခ်(like)ပြုလုပ်သွားခဲ့တာကြောင့် မတ်ဂွဲယားရဲ့မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေဟာ ပိုပြီးကျယ်လောင်လာခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီးမတ်ဂွဲယားက သူ့ရဲ့အင်စတာဂရမ်မှာပြန်ဖြေရှင်းသွားခဲ့ပါတယ်။ မတ်ဂွဲယားက ” ဟေ့လူတွေ ကျွန်တော် လိုက်ခ်(like)လုပ်လိုက်တာက အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးလေ၊ ကျွန်တော်က လက်စတာမှာပဲရှိနေပါသေးတယ်ဗျ ” ဆိုပြီး သတင်းတွေပိုကျယ်ပြန့်လာတာနဲ့ပတ်သက်ပြီးပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာမတ်ဂွဲယားကိုခေါ်ယူဖို့မောရင်ဟိုလက်ထက်ထဲက ချိတ်ဆက်နေခဲ့တာဖြစ်ပြီး၊ အကြောင်းကြောင်း ကြောင့် ခေါ်ယူဖို့လွဲချော်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုပြန်လည်ပြီးသတင်းတွေထွက်လာခဲ့တာဖြစ်ပြီး၊ ဒီတစ်ကြိမ်မှာရော မန်ယူနိုက်တက်အနေနဲ့မတ်ဂွဲယားကိုအရခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar