ပရိသတ္ေတြေမွ်ာ္လင့္ခဲ့ၾကသလိုပဲ ေျမာင္ေတာင္ယူႏိုက္တက္မွာ ေအာင္သူ ဂိုးသြင္းႏိုင္ခဲ့ပါၿပီ

ဒီေန႔ညေန (၅)နာရီ (၄၅) မိနစ္အခ်ိန္၊ ေျမာင္ေတာင္ယူႏိုက္တက္အသင္းနဲ႔ ထရက္အက္ဖ္စီအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ထိုင္းပရီးမီးယားလိဂ္ပြဲစဥ္(၁၅)မွာ ေျမာင္ေတာင္ယူႏိုက္တက္အသင္းက ထရက္အက္ဖ္စီအသင္းကို ေအာင္သူရဲ႕ပြဲသိမ္းဂိုး အပါအဝင္ (၃) ဂိုးျပတ္နဲ႔ အႏိုင္ရ႐ွိသြားခဲ့ပါတယ္။

ျမန္မာ့လက္ေရြးစင္ ေအာင္သူဟာ ဒုတိယပိုင္း (၈၁) မိနစ္ေရာက္မွ လူစားဝင္ကစားခြင့္ရ႐ွိခဲ့ေပမဲ့လည္း ကစားခြင့္ရတဲ့ အခ်ိန္တိုေလးအတြင္းမွာ လွပတဲ့ သြင္းဂိုးတစ္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ျပီးခဲ႔တဲ႔ရက္ပိုင္းတုန္းကလည္း ျမန္မာကစားသမား ေက်ာ္ကိုကိုက သူကစားေနတဲ့ ထိုင္းကလပ္ စမာ့ပရာကန္အသင္းမွာဂိုးသြင္းယူႏိုင္ခဲ့သလို ဒီေန႔မွာ ေအာင္သူကလည္း ေျမာင္ေတာင္ယူႏိုက္တက္အတြက္ ေျခစြမ္းျပၿပီးဂိုးသြင္းယူႏိုင္ခဲ့လို႔ ျမန္မာပရိသတ္ေတြအတြက္ေတာ့ စိတ္ေက်နပ္မႈအျပည့္အဝ ရခဲ့တဲ့ ကာလတစ္ခုျဖစ္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပရိသတ်တွေမျှော်လင့်ခဲ့ကြသလိုပဲ မြောင်တောင်ယူနိုက်တက်မှာ အောင်သူ ဂိုးသွင်းနိုင်ခဲ့ပါပြီ

ဒီနေ့ညနေ (၅)နာရီ (၄၅) မိနစ်အချိန်၊ မြောင်တောင်ယူနိုက်တက်အသင်းနဲ့ ထရက်အက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းပရီးမီးယားလိဂ်ပွဲစဉ်(၁၅)မှာ မြောင်တောင်ယူနိုက်တက်အသင်းက ထရက်အက်ဖ်စီအသင်းကို အောင်သူရဲ့ပွဲသိမ်းဂိုး အပါအဝင် (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် အောင်သူဟာ ဒုတိယပိုင်း (၈၁) မိနစ်ရောက်မှ လူစားဝင်ကစားခွင့်ရရှိခဲ့ပေမဲ့လည်း ကစားခွင့်ရတဲ့ အချိန်တိုလေးအတွင်းမှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မြန်မာကစားသမား ကျော်ကိုကိုက သူကစားနေတဲ့ ထိုင်းကလပ် စမာ့ပရာကန်အသင်းမှာဂိုးသွင်းယူနိုင်ခဲ့သလို ဒီနေ့မှာ အောင်သူကလည်း မြောင်တောင်ယူနိုက်တက်အတွက် ခြေစွမ်းပြပြီးဂိုးသွင်းယူနိုင်ခဲ့လို့ မြန်မာပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝ ရခဲ့တဲ့ ကာလတစ်ခုဖြစ်ခဲ့ပါတယ်။

လူညိုချော@SportsGabar