မိန္းမျဖစ္သူရဲ႕ေနာက္ေျပာင္ျခင္းကို ခံလိုက္ရတဲ့ ေဒးဗစ္ဘက္ခမ္း

ေဘာလံုးေလာကမွာ ေဒးဗစ္ဘက္ခမ္းတို႔ဇနီးေမာင္ႏွံကို မသိသူခပ္ရွားရွားပါ။ ဘက္ခမ္းရဲ႕မိန္းမ ဗစ္တိုးရီးယားကလည္း ဖက္ရွင္ေလာကမွာ ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့အျပင္ သူတုိ႔ႏွစ္ဦးလက္တြဲလာခဲ့တဲ့ အခ်ိန္ကာလဟာ (၁၅)ႏွစ္ေက်ာ္အတြင္းမွာ ခိုင္မာတဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ထားႏိုင္ျပီး အခုဆိုရင္ သူတို႔မိသားစုေလးဟာ နားလည္မႈအျပည့္နဲ႔ အားလံုးရဲ႕စံျပမိသားစုအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။

ဒီလိုစံျပျဖစ္ေနျပီး အားလံုးရဲ႕ေစာင့္ၾကည့္ျခင္းကို ခံေနရတာေၾကာင့္ ဘက္ခမ္းတို႔ဇနီးေမာင္ႏွံဟာ လူအမ်ားရွိန္ေအာင္ အမ်ားအျမင္မွာ ခပ္တည္တည္ၾကီးေတြေနလိမ့္မယ္လို႔ေတာ့မထင္ပါနဲ႔။ သူတို႔ဟာလည္းပဲ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္စေနာက္က်ီစယ္ၾကရင္း ေပ်ာ္ေပ်ာ္ေနတက္တဲ့ လူတန္းစားေတြျဖစ္ၾကပါတယ္။

အခုလည္း ဗစ္တိုးရီးယားက သူ႔ေယာက်ာၤးျဖစ္သူ ေဒးဗစ္ဘက္ခမ္းကို သူ႔ရဲ႕အင္စတာဂရမ္မွာ ပံုတင္ျပီး ေနာက္ေျပာင္က်ီစယ္လိုက္ျပန္ပါတယ္။ ပံုထဲမွာ ဘက္ခမ္းဟာ DAVE 7 လို႔ စာရိုက္ထားတဲ့ မန္စီးတီး အကၤ်ီကို ကိုင္ေျမွာက္ထားတာကိုေတြရမွာျဖစ္ပါတယ္။ အဲဒီ့အကၤ်ီကို ဗစ္တိုးရီးယားကိုယ္တိုင္ ဘက္ခမ္း၀တ္ဖို႔ ၀ယ္ေပးခဲ့တာျဖစ္ျပီး ပံုမွန္အားျဖင့္ဆိုရင္ေတာ့ ဒီပံုဟာ သာမန္ပဲလို႔ထင္ရေပမဲ့ တကယ္တမ္းက မဟုတ္ပါဘူး။

ဘက္ခမ္းဟာ သူ႔ကို DAVE လို႔ေခၚတာကို လံုး၀မၾကိဳက္တဲ့သူျဖစ္ပါတယ္။ ျပီးေတာ့ သူကိုင္ထားတာကလည္း ယူႏိုက္တက္ရဲ႕ခါးသီးတဲ့ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးအသင္းရဲ႕ တီရွပ္ျဖစ္ေနပါတယ္။ အဲဒီေတာ့ သူမၾကိဳက္ဆံုး DAVE ဆိုတဲ့ နာမည္ကိုေရးထိုးထားတဲ့ သူအမုန္းဆံုး မန္စီးတီးရဲ႕တီရွပ္ကို ကိုင္ျပီး ဓါတ္ပံုအရိုက္ခံလိုက္ရတာဆိုေတာ့ ဘက္ခမ္းတစ္ေယာက္ ဘယ္ေလာက္ေတာင္ စိတ္အေႏွာက္အယွက္ျဖစ္ေနမလဲ ေတြးသာၾကည့္လိုက္ပါေတာ့။

အဲေလာက္ အစအေနာက္သန္တဲ့ သူ႔မိန္းမ ဗစ္တိုးရီးယားကို ဘက္ခမ္းကေတာ့ စိတ္ဆိုးေဒါသထြက္ျခင္းမရွိပဲ နားလည္ေပးခဲ့ပါတယ္။ အေၾကာင္းကေတာ့ (၁၅)ႏွစ္ေက်ာ္ၾကာေအာင္ တည္ေဆာက္ထားခဲ့တဲ့ သူတို႔ရဲ႕ခိုင္မာတဲ့ နားလည္မႈအိမ္ကေလးကို ဒီလိုအေသးအမႊားကိစၥေလးကမဆိုထားနဲ႔ ဘယ္လိုအရာေတြကမွ ဖ်က္ဆီးပစ္ႏိုင္မွာ မဟုတ္လို႔ပါ။

လူညိဳေခ်ာ@SportsGabar

unicode

မိန်းမဖြစ်သူရဲ့နောက်ပြောင်ခြင်းကို ခံလိုက်ရတဲ့ ဒေးဗစ်ဘက်ခမ်း

ဘောလုံးလောကမှာ ဒေးဗစ်ဘက်ခမ်းတို့ဇနီးမောင်နှံကို မသိသူခပ်ရှားရှားပါ။ ဘက်ခမ်းရဲ့မိန်းမ ဗစ်တိုးရီးယားကလည်း ဖက်ရှင်လောကမှာ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့အပြင် သူတို့နှစ်ဦးလက်တွဲလာခဲ့တဲ့ အချိန်ကာလဟာ (၁၅)နှစ်ကျော်အတွင်းမှာ ခိုင်မာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားနိုင်ပြီး အခုဆိုရင် သူတို့မိသားစုလေးဟာ နားလည်မှုအပြည့်နဲ့ အားလုံးရဲ့စံပြမိသားစုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

ဒီလိုစံပြဖြစ်နေပြီး အားလုံးရဲ့စောင့်ကြည့်ခြင်းကို ခံနေရတာကြောင့် ဘက်ခမ်းတို့ဇနီးမောင်နှံဟာ လူအများရှိန်အောင် အများအမြင်မှာ ခပ်တည်တည်ကြီးတွေနေလိမ့်မယ်လို့တော့မထင်ပါနဲ့။ သူတို့ဟာလည်းပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စနောက်ကျီစယ်ကြရင်း ပျော်ပျော်နေတက်တဲ့ လူတန်းစားတွေဖြစ်ကြပါတယ်။

အခုလည်း ဗစ်တိုးရီးယားက သူ့ယောကျာၤးဖြစ်သူ ဒေးဗစ်ဘက်ခမ်းကို သူ့ရဲ့အင်စတာဂရမ်မှာ ပုံတင်ပြီး နောက်ပြောင်ကျီစယ်လိုက်ပြန်ပါတယ်။ ပုံထဲမှာ ဘက်ခမ်းဟာ DAVE 7 လို့ စာရိုက်ထားတဲ့ မန်စီးတီး အင်္ကျီကို ကိုင်မြှောက်ထားတာကိုတွေရမှာဖြစ်ပါတယ်။ အဲဒီ့အင်္ကျီကို ဗစ်တိုးရီးယားကိုယ်တိုင် ဘက်ခမ်းဝတ်ဖို့ ဝယ်ပေးခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့်ဆိုရင်တော့ ဒီပုံဟာ သာမန်ပဲလို့ထင်ရပေမဲ့ တကယ်တမ်းက မဟုတ်ပါဘူး။

ဘက်ခမ်းဟာ သူ့ကို DAVE လို့ခေါ်တာကို လုံးဝမကြိုက်တဲ့သူဖြစ်ပါတယ်။ ပြီးတော့ သူကိုင်ထားတာကလည်း ယူနိုက်တက်ရဲ့ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ တီရှပ်ဖြစ်နေပါတယ်။ အဲဒီတော့ သူမကြိုက်ဆုံး DAVE ဆိုတဲ့ နာမည်ကိုရေးထိုးထားတဲ့ သူအမုန်းဆုံး မန်စီးတီးရဲ့တီရှပ်ကို ကိုင်ပြီး ဓါတ်ပုံအရိုက်ခံလိုက်ရတာဆိုတော့ ဘက်ခမ်းတစ်ယောက် ဘယ်လောက်တောင် စိတ်အနှောက်အယှက်ဖြစ်နေမလဲ တွေးသာကြည့်လိုက်ပါတော့။

အဲလောက် အစအနောက်သန်တဲ့ သူ့မိန်းမ ဗစ်တိုးရီးယားကို ဘက်ခမ်းကတော့ စိတ်ဆိုးဒေါသထွက်ခြင်းမရှိပဲ နားလည်ပေးခဲ့ပါတယ်။ အကြောင်းကတော့ (၁၅)နှစ်ကျော်ကြာအောင် တည်ဆောက်ထားခဲ့တဲ့ သူတို့ရဲ့ခိုင်မာတဲ့ နားလည်မှုအိမ်ကလေးကို ဒီလိုအသေးအမွှားကိစ္စလေးကမဆိုထားနဲ့ ဘယ်လိုအရာတွေကမှ ဖျက်ဆီးပစ်နိုင်မှာ မဟုတ်လို့ပါ။

လူညိုချော@SportsGabar