စီေရာ္နယ္ဒိုနဲ႔မက္ဆီကို ခ်ီးက်ဳးေျပာဆိုသြားခ့ဲတ့ဲ အမ္ဘာေပ

ပီအက္စ္ဂ်ီအသင္းရဲ႕လူငယ္တိုက္စစ္မွဴးေလး အမ္ဘာေပဟာ သူ႔ရဲ႕အျမဲတမ္းအၾကိဳက္ဆံုးကစားသမားစာရင္းမွာစီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ကိုထည့္သြင္း ေရြးခ်ယ္ခ့ဲတယ္လို႔သိရပါတယ္။

အသက္(၂၀)အရြယ္အမ္ဘာေပဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ျပိဳင္ပြဲစံု(၄၃)ပြဲမွာ (၃၉)ဂိုးသြင္းယူေပးႏိုင္ခ့ဲျပီးေတာ့၊ ဂိုးဖန္တီးမႈ(၁၇)ၾကိမ္ျပဳလုပ္ေပးႏိုင္ခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ ဥေရာပေရႊဖိနပ္ဆုကိုရရွိဖို႔လည္း မက္ဆီနဲ႔အျပိဳင္အဆိုင္ျဖစ္ခ့ဲတ့ဲအထိ အမ္ဘာေပရဲ႕ဂိုးသြင္းႏႈန္းေတြက ေကာင္းမြန္ေနခ့ဲတာျဖစ္ပါတယ္။

အသက္(၂၀)အရြယ္သာရွိေသးျပီးေတာ့ စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ရဲ႕ေခတ္လြန္ေဘာလံုးေလာကကို လႊမ္းမိုးလာႏိုင္မယ့္ ကစားသမားတစ္ဦးအျဖစ္အမ္ဘာေပကို အာလံုးကလက္ခံထားၾကတာလည္းျဖစ္ပါတယ္။ အင္တာဗ်ဳးတစ္ခုမွာ အမ္ဘာေပကိုသူ႔ရဲ႕အၾကိဳက္ဆံုးကစားသမားေတြကဘယ္သူျဖစ္မလဲလို႔ေမးျမန္းခ့ဲရာမွာ အမ္ဘာေပက အခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။

အမ္ဘာေပက ” ဟိုး…လြန္ခ့ဲႏွစ္(၂၀)ေလာက္နဲ႔ခုကအရမ္းကိုျခားနားသြားခ့ဲပါျပီ၊ ဟိုးအရင္တုန္းကဆိုရင္ေတာ့ ပီလီကိုၾကိဳက္ပါတယ္၊ အခုဆိုရင္ေတာ့ စီေရာ္နယ္ဒို၊မက္ဆီ၊ဇီဒန္းနဲ႔ မာရာဒိုနာတို႔ကိုၾကိဳက္ပါတယ္၊ ကစားသမားေကာင္းေတြကအမ်ားၾကီးရွိေနတာပါ၊ တစ္ေယာက္ထဲကို အၾကိဳက္ဆံုးအျဖစ္ေရြးခ်ယ္ဖို႔ေတာ့ခက္ပါလိမ့္မယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

အမ္ဘာေပဟာ ကေလးဘ၀တုန္းကလည္း စီေရာ္နယ္ဒိုရဲ႕ပံုေတြကို သူ႔ရဲ႕အခန္းထဲမွာ ခ်ိတ္ဆြဲထားခ့ဲဖူးတယ္လို႔ေျပာၾကားခ့ဲဖူးပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ႕အၾကိဳက္ဆံုးကစားသမားေတြရဲကနာမည္ေတြကို ထုက္ေဖာ္ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီရော်နယ်ဒိုနဲ့မက်ဆီကို ချီးကျုးပြောဆိုသွားခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီအသင်းရဲ့လူငယ်တိုက်စစ်မှူးလေး အမ်ဘာပေဟာ သူ့ရဲ့အမြဲတမ်းအကြိုက်ဆုံးကစားသမားတွေအဖြစ်စီရော်နယ်ဒိုနဲ့မက်ဆီကို ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။

အသက်(၂၀)အရွယ်အမ်ဘာပေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက်ပြိုင်ပွဲစုံ(၄၃)ပွဲမှာ (၃၉)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးတော့၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဥရောပရွှေဖိနပ်ဆုကိုရရှိဖို့လည်း မက်ဆီနဲ့အပြိုင်အဆိုင်ဖြစ်ခဲ့တဲ့အထိ အမ်ဘာပေရဲ့ဂိုးသွင်းနှုန်းတွေက ကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။

အသက်(၂၀)အရွယ်သာရှိသေးပြီးတော့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ခေတ်လွန်ဘောလုံးလောကကို လွှမ်းမိုးလာနိုင်မယ့် ကစားသမားတစ်ဦးအဖြစ်အမ်ဘာပေကို အာလုံးကလက်ခံထားကြတာလည်းဖြစ်ပါတယ်။ အင်တာဗျုးတစ်ခုမှာ အမ်ဘာပေကိုသူ့ရဲ့အကြိုက်ဆုံးကစားသမားတွေကဘယ်သူဖြစ်မလဲလို့မေးမြန်းခဲ့ရာမှာ အမ်ဘာပေက အခုလိုပဲပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေက ” ဟိုး…လွန်ခဲ့နှစ်(၂၀)လောက်နဲ့ခုကအရမ်းကိုခြားနားသွားခဲ့ပါပြီ၊ ဟိုးအရင်တုန်းကဆိုရင်တော့ ပီလီကိုကြိုက်ပါတယ်၊ အခုဆိုရင်တော့ စီရော်နယ်ဒို၊မက်ဆီ၊ဇီဒန်းနဲ့ မာရာဒိုနာတို့ကိုကြိုက်ပါတယ်၊ ကစားသမားကောင်းတွေကအများကြီးရှိနေတာပါ၊ တစ်ယောက်ထဲကို အကြိုက်ဆုံးအဖြစ်ရွေးချယ်ဖို့တော့ခက်ပါလိမ့်မယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

အမ်ဘာပေဟာ ကလေးဘဝတုန်းကလည်း စီရော်နယ်ဒိုရဲ့ပုံတွေကို သူ့ရဲ့အခန်းထဲမှာ ချိတ်ဆွဲထားခဲ့ဖူးတယ်လို့ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အကြိုက်ဆုံးကစားသမားတွေရဲကနာမည်တွေကို ထုက်ဖော်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar