ဂ်ဴဗင္တပ္အသင္းထံဖုန္းေခၚခဲ့တယ္လို႔ သတင္းထြက္လာတဲ့ ေပါ့ဘာ

ပေါ့ဘာတစ္ေယာက္ကေတာ့ ရီးရဲလ္အသင္းမွာ ကစားခြင့္ရေရးက သူ႔အိပ္မက္ျဖစ္တယ္လို႔ေျပာလိုက္၊ ယူႏိုက္တက္ကေန ထြက္ခြာခ်င္တယ္ ေျပာလိုက္နဲ႔ အခုလည္း အေျပာင္းအေရႊ႕ကိစၥအတြက္ ဂ်ဴဗင္တပ္အသင္းထံတိုက္ရိုက္ဖုန္းေခၚဆိုျပီး ဆက္သြယ္ခဲ့ျပန္ျပီလို႔သတင္းေတြထြက္ေပၚလာျပန္ပါတယ္။

အသင္းေဟာင္းဆီကို ျပန္သြားဖို႔ နည္းျပသစ္ ဆာရီထံတိုက္ရိုက္ဖုန္းေခၚဆိုခဲ့တာျဖစ္ျပီး သူရဲ႕အေျပာင္းအေရႊ႕အတြက္ ေမးျမန္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာလို႔လည္းသိရပါတယ္။ လြန္ခဲ့တဲ့ (၃)ႏွစ္ကာလျဖစ္တဲ့ (၂၀၁၆)ခုႏွစ္တုန္းက ဂ်ဴဗင္တပ္အသင္းကေန ထြက္ခြာလာခဲ့တဲ့ ေပါ့ဘာဟာ အခုအခ်ိန္မွာ ယူႏိုက္တက္က္ိုစြန္႔ခြာျပီး တူရင္ေျမကို ျပန္ေျပာင္းေရႊ႕ဖို႔ စိတ္ကူးထားပံုရပါတယ္။

ဂ်ဴဗင္တပ္အားကစားဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ ေဖဘီယိုပါရာတီစီ ကေတာ့ အိုးေလဒီတို႔ဟာ ေပါ့ဘာကို ခ်စ္ေနဆဲပဲလို႔ေျပာၾကားထားခဲ့ျပီး၊ သူ႔အတြက္ အခ်ိန္တိုင္း တံခါးဖြင့္ထားတယ္လို႔ အတည္ျပဳထားခဲ့ဖူးပါတယ္။ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ အာဆင္နယ္ကြင္းလယ္ကစားသမား ရမ္ေဆးအျပင္ ပီအက္စ္ဂ်ီကြင္းလယ္လူ ရာဘီေရာ့ကိုလည္း သေဘာတူညီမႈရထားျပီျဖစ္လို႔ ေနာက္ထပ္ကြင္းလယ္ကစားသမားတစ္ဦးကို ထပ္မံ ေခၚယူပါ့မလားဆိုတာကေတာ့စဥ္းစားစရာပါ။

ဒါေပမဲ့ တစ္ခုသိထားရမွာက ဂ်ဴဗင္တပ္ဟာ ရမ္ေဆးနဲ႔ ရာဘီေရာ့တို႔ ႏွစ္ဦးစလံုးကို သက္ဆိုင္ရာ ကလပ္ေတြမွာ စာခ်ဳပ္သက္တမ္းမရွိေတာ့တဲ့အတြက္ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္လို႔ သူတို႔အေနနဲ႔ ေပါ့ဘာလိုကစားသမားတစ္ေယာက္အတြက္ ေငြသံုးျပီးေခၚယူဖို႔ လက္တြန္႔ေနမွာ မဟုတ္ဘူးဆိုတာပါပဲ။

ဒါေၾကာင့္ ထြက္ေပၚေနတဲ့သတင္းေတြအတိုင္း ေပါ့ဘာသာ ဆာရီကိုအမွန္တစ္ကယ္ ဆက္သြယ္ခဲ့တယ္ဆိုရင္ ယူႏိုက္တက္အသင္းဘက္ကလည္း ကစားသမားအေပၚစိတ္ကုန္သြားဖို႔ေသခ်ာေနျပီး ရတဲ့ေစ်းနဲ႔ေရာင္းထုတ္ဖို႔ ျပင္ဆင္လာေတာ့မွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ဂျူဗင်တပ်အသင်းထံဖုန်းခေါ်ခဲ့တယ်လို့ သတင်းထွက်လာတဲ့ ပေါ့ဘာ

ပေါ့ဘာတစ်ယောက်ကတော့ ရီးရဲလ်အသင်းမှာ ကစားခွင့်ရရေးက သူ့အိပ်မက်ဖြစ်တယ်လို့ပြောလိုက်၊ ယူနိုက်တက်ကနေ ထွက်ခွာချင်တယ် ပြောလိုက်နဲ့ အခုလည်း အပြောင်းအရွှေ့ကိစ္စအတွက် ဂျူဗင်တပ်အသင်းထံတိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဆက်သွယ်ခဲ့ပြန်ပြီလို့သတင်းတွေထွက်ပေါ်လာပြန်ပါတယ်။

အသင်းဟောင်းဆီကို ပြန်သွားဖို့ နည်းပြသစ် ဆာရီထံတိုက်ရိုက်ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပြီး သူရဲ့အပြောင်းအရွှေ့အတွက် မေးမြန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တာလို့လည်းသိရပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်ကာလဖြစ်တဲ့ (၂၀၁၆)ခုနှစ်တုန်းက ဂျူဗင်တပ်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ပေါ့ဘာဟာ အခုအချိန်မှာ ယူနိုက်တက်ကိုစွန့်ခွာပြီး တူရင်မြေကို ပြန်ပြောင်းရွှေ့ဖို့ စိတ်ကူးထားပုံရပါတယ်။

ဂျူဗင်တပ်အားကစားဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဖေဘီယိုပါရာတီစီ ကတော့ အိုးလေဒီတို့ဟာ ပေါ့ဘာကို ချစ်နေဆဲပဲလို့ပြောကြားထားခဲ့ပြီး၊ သူ့အတွက် အချိန်တိုင်း တံခါးဖွင့်ထားတယ်လို့ အတည်ပြုထားခဲ့ဖူးပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးအပြင် ပီအက်စ်ဂျီကွင်းလယ်လူ ရာဘီရော့ကိုလည်း သဘောတူညီမှုရထားပြီဖြစ်လို့ နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူပါ့မလားဆိုတာကတော့စဉ်းစားစရာပါ။

ဒါပေမဲ့ တစ်ခုသိထားရမှာက ဂျူဗင်တပ်ဟာ ရမ်ဆေးနဲ့ ရာဘီရော့တို့ နှစ်ဦးစလုံးကို သက်ဆိုင်ရာ ကလပ်တွေမှာ စာချုပ်သက်တမ်းမရှိတော့တဲ့အတွက် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်လို့ သူတို့အနေနဲ့ ပေါ့ဘာလိုကစားသမားတစ်ယောက်အတွက် ငွေသုံးပြီးခေါ်ယူဖို့ လက်တွန့်နေမှာ မဟုတ်ဘူးဆိုတာပါပဲ။

ဒါကြောင့် ထွက်ပေါ်နေတဲ့သတင်းတွေအတိုင်း ပေါ့ဘာသာ ဆာရီကိုအမှန်တစ်ကယ် ဆက်သွယ်ခဲ့တယ်ဆိုရင် ယူနိုက်တက်အသင်းဘက်ကလည်း ကစားသမားအပေါ်စိတ်ကုန်သွားဖို့သေချာနေပြီး ရတဲ့ဈေးနဲ့ရောင်းထုတ်ဖို့ ပြင်ဆင်လာတော့မှာပါ။

လူညိုချော@SportsGabar