ပီရူးရဲ႕ေလ့က်င့္ေရးအစီအစဥ္ကို ဒရုန္းနဲ႔ခိုးရိုက္ခဲ့တယ္လို႔ စြပ္စြဲခံေနရတဲ့ ဘရာဇီးလ္

ဘရာဇီးလ္အသင္းဟာ လာမယ့္စေနေန႔မွာ ကိုပါအေမရိက အုပ္စုေနာက္ဆံုးပြဲစဥ္အျဖစ္ရင္ဆိုင္ရမယ့္ ျပိဳင္ဘက္ ပီရူးအသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ကို ဒရုန္းနဲ႔ေထာက္လွမ္းခဲ့တယ္လို႔သိရပါတယ္။

အုပ္စုပြဲစဥ္ (၂)ပြဲကစားလို႔အျပီးမွာ ဘရာဇီးလ္ဟာ (၁)ပြဲႏိုင္ (၁)ပြဲသေရက်ထားျပီး ပီရူးအသင္းနဲ႔ ရမွတ္(၄)မွတ္စီတူညီေနပါတယ္။ ဒါေၾကာင့္ အုပ္စုေနာက္ဆံုးပြဲစဥ္ဟာ ႏွစ္သင္းလံုးအတြက္ အေရးၾကီးေနျပီး ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ေရးအတြက္ေရာ အုပ္စုဗိုလ္ေနရာအတြက္ပါ အဆံုးအျဖတ္ျဖစ္ေနပါတယ္။

အိမ္ရွင္ဘရာဇီးလ္အသင္းကေတာ့ လူစာရင္းအရေရာ အိမ္ကြင္းအားသာခ်က္ပါအဖက္ဖက္က သာလြန္ေနေပမဲ့ ပီရူးအသင္းကို ေလွ်ာ့မတြက္ရဲတဲ့အေနအထားမွာရွိေနပါတယ္။ ဘရာဇီးလ္အေနနဲ႔ ပီရူးအသင္း ေလ့က်င့္ခန္းဆင္းေနတဲ့ အနီးအနားကို ဒရုန္းတစ္စင္း ေစလႊတ္ကာ ေထာက္လွမ္းခဲ့ျပီး၊ ဒါဟာ ဘရာဇီးလ္ေဘာလံုးေလာကအတြက္ အရွက္ရစရာကိစၥတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ဘရာဇီးလ္နည္းျပၾကီး တိုင္တီကေတာ့-

” ကြ်န္ေတာ္ရိုးရိုးသားသားေျပာတာကိုနားေထာင္ပါ၊ ဒီသတင္းဟာ အမွန္မဟုတ္ပါဘူး၊ အႏိုင္ရဖို႔အတြက္နဲ႔ ဒီလိုသိကၡာမဲ့တဲ့လုပ္ရပ္မ်ိဳးကို လုပ္မယ့္အစား ကြ်န္ေတာ့္ရာထူးကို စြန္႔ခြာျပီး ကြ်န္ေတာ္ အိမ္ပဲျပန္လိုက္မွာပါ ” လို႔ ျငင္းဆန္ထားပါတယ္။

အခုလို တိုင္တီက ၀န္မခံခဲ့ေပမဲ့လည္း ပီရူးသတင္းစာေတြမွာ ဒရုန္းကိစၥကို အခိုင္အမာေဖာ္ျပထားခဲ့ၾကလို႔ ဘာပဲေျပာေျပာ အနည္းဆံုးေတာ့ ဘရာဇီးလ္အသင္းအေနနဲ႔ ပီရူးနဲ႔ပြဲကိုအႏိုင္မရမွာဘယ္ေလာက္စိုးရိမ္ေနေၾကာင္း သိသာသြားခဲ့တာေတာ့အမွန္ပါပဲ။

လူညိဳေခ်ာ@SportsGabar

unicode

ပီရူးရဲ့လေ့ကျင့်ရေးအစီအစဉ်ကို ဒရုန်းနဲ့ခိုးရိုက်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းဟာ လာမယ့်စနေနေ့မှာ ကိုပါအမေရိက အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ရင်ဆိုင်ရမယ့် ပြိုင်ဘက် ပီရူးအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို ဒရုန်းနဲ့ထောက်လှမ်းခဲ့တယ်လို့သိရပါတယ်။

အုပ်စုပွဲစဉ် (၂)ပွဲကစားလို့အပြီးမှာ ဘရာဇီးလ်ဟာ (၁)ပွဲနိုင် (၁)ပွဲသရေကျထားပြီး ပီရူးအသင်းနဲ့ ရမှတ်(၄)မှတ်စီတူညီနေပါတယ်။ ဒါကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ဟာ နှစ်သင်းလုံးအတွက် အရေးကြီးနေပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ရေးအတွက်ရော အုပ်စုဗိုလ်နေရာအတွက်ပါ အဆုံးအဖြတ်ဖြစ်နေပါတယ်။

အိမ်ရှင်ဘရာဇီးလ်အသင်းကတော့ လူစာရင်းအရရော အိမ်ကွင်းအားသာချက်ပါအဖက်ဖက်က သာလွန်နေပေမဲ့ ပီရူးအသင်းကို လျှော့မတွက်ရဲတဲ့အနေအထားမှာရှိနေပါတယ်။ ဘရာဇီးလ်အနေနဲ့ ပီရူးအသင်း လေ့ကျင့်ခန်းဆင်းနေတဲ့ အနီးအနားကို ဒရုန်းတစ်စင်း စေလွှတ်ကာ ထောက်လှမ်းခဲ့ပြီး၊ ဒါဟာ ဘရာဇီးလ်ဘောလုံးလောကအတွက် အရှက်ရစရာကိစ္စတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဘရာဇီးလ်နည်းပြကြီး တိုင်တီကတော့-

” ကျွန်တော်ရိုးရိုးသားသားပြောတာကိုနားထောင်ပါ၊ ဒီသတင်းဟာ အမှန်မဟုတ်ပါဘူး၊ အနိုင်ရဖို့အတွက်နဲ့ ဒီလိုသိက္ခာမဲ့တဲ့လုပ်ရပ်မျိုးကို လုပ်မယ့်အစား ကျွန်တော့်ရာထူးကို စွန့်ခွာပြီး ကျွန်တော် အိမ်ပဲပြန်လိုက်မှာပါ ” လို့ ငြင်းဆန်ထားပါတယ်။

အခုလို တိုင်တီက ဝန်မခံခဲ့ပေမဲ့လည်း ပီရူးသတင်းစာတွေမှာ ဒရုန်းကိစ္စကို အခိုင်အမာဖော်ပြထားခဲ့ကြလို့ ဘာပဲပြောပြော အနည်းဆုံးတော့ ဘရာဇီးလ်အသင်းအနေနဲ့ ပီရူးနဲ့ပွဲကိုအနိုင်မရမှာဘယ်လောက်စိုးရိမ်နေကြောင်း သိသာသွားခဲ့တာတော့အမှန်ပါပဲ။

လူညိုချော@SportsGabar