ဘယ္လာရင္ကိုေခၚယူဖို႔မ်က္စိက်ေနတ့ဲအက္သလက္တီကို

လာလီဂါဘီလူးၾကီး အက္သလက္တီကိုဟာ အာဆင္နယ္အသင္းရဲ႕ညာေနာက္ခံလူ ဘယ္လာရင္ကိုေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔သိရပါတယ္။ ဒီေႏြထဲမွာအက္သလက္တီကိုအသင္းရဲ႕အားထားရတ့ဲကစားသမားအခ်ိဳ႕အသင္းကေနထြက္ခြာသြားတာေၾကာင့္ အသင္းရဲ႕ခံစစ္ပိုင္းကိုအားျဖည့္ဖို႔ ဘယ္လာရင္ကိုပစ္မွတ္ထားလာတာပဲျဖစ္ပါတယ္။

ဘယ္လာရင္ဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ ဒဏ္ရာျပႆနာအခ်ိဳ႕ေၾကာင့္ အာဆင္နယ္အသင္းရဲ႕အေရးၾကီးပြဲစဥ္တစ္ခ်ိဳ႕ကိုလြဲေခ်ာ္ခ့ဲရတ့ဲသူျဖစ္ပါတယ္။ ဇန္န၀ါရီလတုန္းက ခ်ဲလ္ဆီးကိုႏွစ္ဂိုးဂိုးမရွိနဲ႔အႏိုင္ရရွိခ့ဲတ့ဲပြဲစဥ္မွာရရွိခ့ဲတ့ဲဒဏ္ရာေၾကာင့္ ဒီေန႔အခ်ိန္ထိ အနားယူေနခ့ဲရတာလည္းျဖစ္ပါတယ္။

သတင္းေတြအရ ဘာစီလိုနာအကယ္ဒမီထြက္ ဘယ္လာရင္ကိုအက္သလက္အသင္းကေခၚယူဖို႔စိတ္၀င္စားေနတာျဖစ္ျပီး၊ အသင္းရဲ႕အသက္(၂၉)ႏွစ္အရြယ္ ဗီတိုလိုနဲ႔အလဲအထပ္ျပဳလုပ္ျပီးကမ္းလွမ္းသြားဖို႔စီစဥ္ေနတယ္လို႔သိရပါတယ္။ ဗီတုိလီဟာ အာဆင္နယ္နည္းျပ အမ္မရီ ဆီဗီလာကိုကိုင္တြယ္စဥ္တုန္းက အမ္မရီရဲ႕လက္ေအာက္မွာကစားခ့ဲဖူးတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

ဘယ္လာရင္ဟာျပီးခ့ဲတ့ဲေႏြေစ်းကြက္မွာလည္း ဂ်ဳဗင္တပ္အသင္းကိုေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ခ့ဲတာျဖစ္ျပီး၊ အာဆင္နယ္ဘက္ ဘယ္လာရင္အတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၅၀)ေတာင္းဆိုခ့ဲတာေၾကာင့္ အေျပာင္းအေရႊ႕ဟာမျဖစ္ေျမာက္ခ့ဲပဲ ဘယ္လာရင္ဟာလည္း အာဆင္နယ္မွာပဲဆက္ရွိေနခ့ဲတာျဖစ္ပါတယ္။ လက္ရွိမွာလည္း အာဆင္နယ္ဟာ ဘယ္လာရင္အတြက္ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း(၅၀)အလိုရွိေနတာျဖစ္ျပီး၊ ဘယ္လာရင္ဟာလည္း အာဆင္နယ္နဲ႔စာခ်ဳပ္သက္တမ္း(၄)ႏွစ္က်န္ရွိေနေသးတာပဲျဖစ္ပါတယ္။

အက္သလက္တီကိုအသင္းဟာ လက္ရွိမွာခံစစ္ပိုင္းျပႆနာကိုေျဖရွင္းရဖို႔ရွိေနတာေၾကာင့္ ဘယ္လာရင္အတြက္ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၅၀)ကိုေပးျပီးအရေခၚယူသြားမလား၊ ဒါမွမဟုတ္ ဗီတိုလိုနဲ႔အလဲအထပ္လုပ္ျပီးေခၚယူသြားမလားဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘယ်လာရင်ကိုခေါ်ယူဖို့မျက်စိကျနေတဲ့အက်သလက်တီကို

လာလီဂါဘီလူးကြီး အက်သလက်တီကိုဟာ အာဆင်နယ်အသင်းရဲ့ညာနောက်ခံလူ ဘယ်လာရင်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒီနွေထဲမှာအက်သလက်တီကိုအသင်းရဲ့အားထားရတဲ့ကစားသမားအချို့အသင်းကနေထွက်ခွာသွားတာကြောင့် အသင်းရဲ့ခံစစ်ပိုင်းကိုအားဖြည့်ဖို့ ဘယ်လာရင်ကိုပစ်မှတ်ထားလာတာပဲဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာအချို့ကြောင့် အာဆင်နယ်အသင်းရဲ့အရေးကြီးပွဲစဉ်တစ်ချို့ကိုလွဲချော်ခဲ့ရတဲ့သူဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းက ချဲလ်ဆီးကိုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဒီနေ့အချိန်ထိ အနားယူနေခဲ့ရတာလည်းဖြစ်ပါတယ်။

သတင်းတွေအရ ဘာစီလိုနာအကယ်ဒမီထွက် ဘယ်လာရင်ကိုအက်သလက်အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီး၊ အသင်းရဲ့အသက်(၂၉)နှစ်အရွယ် ဗီတိုလိုနဲ့အလဲအထပ်ပြုလုပ်ပြီးကမ်းလှမ်းသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ဗီတိုလီဟာ အာဆင်နယ်နည်းပြ အမ်မရီ ဆီဗီလာကိုကိုင်တွယ်စဉ်တုန်းက အမ်မရီရဲ့လက်အောက်မှာကစားခဲ့ဖူးတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဘယ်လာရင်ဟာပြီးခဲ့တဲ့နွေဈေးကွက်မှာလည်း ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့ဖို့သတင်းတွေထွက်ခဲ့တာဖြစ်ပြီး၊ အာဆင်နယ်ဘက် ဘယ်လာရင်အတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၅၀)တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ဟာမဖြစ်မြောက်ခဲ့ပဲ ဘယ်လာရင်ဟာလည်း အာဆင်နယ်မှာပဲဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်ဟာ ဘယ်လာရင်အတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)အလိုရှိနေတာဖြစ်ပြီး၊ ဘယ်လာရင်ဟာလည်း အာဆင်နယ်နဲ့စာချုပ်သက်တမ်း(၄)နှစ်ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းဟာ လက်ရှိမှာခံစစ်ပိုင်းပြဿနာကိုဖြေရှင်းရဖို့ရှိနေတာကြောင့် ဘယ်လာရင်အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)ကိုပေးပြီးအရခေါ်ယူသွားမလား၊ ဒါမှမဟုတ် ဗီတိုလိုနဲ့အလဲအထပ်လုပ်ပြီးခေါ်ယူသွားမလားဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar