ဘိုင္ယန္ကိုျငင္းပယ္ခ့ဲတ့ဲမန္စီးတီးရဲ႕ပစ္မွတ္ ရိုဒရီဂိုဟာနန္ဒက္

အက္သလက္တီကိုအသင္းရဲ႕ကြင္းလယ္လူ ဟာနန္ဒက္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကိုေျပာင္းေရႊ႕ဖို႔ကိစၥကိုျငင္းပယ္သြားခ့ဲတယ္လို႔သိရပါတယ္။ လက္ရွိမွာ ဟာနန္ဒက္ကိုေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္အသင္းအျပင္ မန္စီးတီးအသင္းကလည္းစိတ္၀င္စားေနတာျဖစ္ပါတယ္။

ဟာနန္ဒက္ဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ အက္သလက္တီကိုအသင္းအတြက္ျပိုင္ပြဲစံု (၄၇)ပြဲပါ၀င္ကစားေပးခ့ဲျပီးေတာ့ လာလီဂါမွာ(၃)ဂိုးသြင္းယူေပးႏိုင္ခ့ဲကာ(၁)ဂိုးဖန္တီးေပးႏိုင္ခ့ဲပါတယ္။ ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးျဖစ္ျပီးေတာ့ လိုအပ္ရင္ ဗဟိုကြင္းလယ္လူအျဖစ္လည္းကစားႏိုင္တ့ဲ ဟာနန္ဒက္ဟာ ေျခစြမ္းလည္းထက္တာေၾကာင့္ ဥေရာပအသင္းၾကီးေတြက မ်က္စိက်ေနတာပဲျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အသင္းရဲ႕ကြင္းလယ္ကစားသမား မာတီနက္ရဲ႕ေနရာမွာအားထိုးဖို႔အတြက္ ဟာနန္ဒက္ကိုေခၚယူဖို႔ ကမ္းလွမ္းခ့ဲတာလည္းျဖစ္ပါတယ္။ ဒါေပမ့ဲ ဟာနန္ဒက္ကေတာ့ ဘိုင္ယန္ျမဴးနစ္ကိုျငင္းပယ္သြားခ့ဲတယ္လို႔သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အျပင္မန္စီးတီးအသင္းကလည္း ဟာနန္ဒက္ကိုေခၚယူဖို႔ပစ္မွတ္ထားေနတာျဖစ္ျပီး၊ ဖာနန္ဒင္ဟိုရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ ပတ္ဂြာဒီယိုလာက ဟာနန္ဒက္ကိုအလိုရွိေနတာျဖစ္ပါတယ္။

သတင္းေတြအရ ဟာနန္ဒက္ဟာ ဘိုင္ယန္ျမဴးနစ္ထက္ မန္စီးတီးအသင္းကိုေျပာင္းေရႊ႕ဖို႔ ပိုျပီးစိတ္အားထက္သန္ေနတာေၾကာင့္ အခုလိုဘိုင္ယန္ျမဴးနစ္ကိုျငင္းပယ္ခ့ဲတာျဖစ္တယ္လို႔လည္းသိရပါတယ္။ မန္စီးတီးအသင္းအေနနဲ႔ ဟာနန္ဒက္ အက္သလက္တီကိုခ်ဳပ္ဆိုထားတ့ဲစာခ်ဳပ္ပါအခ်က္အလက္ေတြအရ ကစားသမားအတြြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၇၀)ေလာက္အထိေပးရဖို႔ရွိေနတယ္လို႔သိရပါတယ္။

လက္ရွိမန္စီးတီးအသင္းရဲ႕ကစားသမားအင္အားအေနအထားနဲ႔ကစားသမားေခၚယူမႈၾကီးၾကီးမားမားျပဳလုပ္ဖို႔မလိုအပ္တာေၾကာင့္ ဟာနန္ဒက္အတြက္ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၇၀)ေလာက္ကို မန္စီးတီးအသင္းအေနနဲ႔ အသံုးျပဳသြားမလားဆိုတာကစိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘိုင်ယန်ကိုငြင်းပယ်ခဲ့တဲ့မန်စီးတီးရဲ့ပစ်မှတ် ရိုဒရီဂိုဟာနန်ဒက်

အက်သလက်တီကိုအသင်းရဲ့ကွင်းလယ်လူ ဟာနန်ဒက်ဟာ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့ဖို့ကိစ္စကိုငြင်းပယ်သွားခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာ ဟာနန်ဒက်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းအပြင် မန်စီးတီးအသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဟာနန်ဒက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းအတွက်ပြိုင်ပွဲစုံ (၄၇)ပွဲပါဝင်ကစားပေးခဲ့ပြီးတော့ လာလီဂါမှာ(၃)ဂိုးသွင်းယူပေးနိုင်ခဲ့ကာ(၁)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီးတော့ လိုအပ်ရင် ဗဟိုကွင်းလယ်လူအဖြစ်လည်းကစားနိုင်တဲ့ ဟာနန်ဒက်ဟာ ခြေစွမ်းလည်းထက်တာကြောင့် ဥရောပအသင်းကြီးတွေက မျက်စိကျနေတာပဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ကွင်းလယ်ကစားသမား မာတီနက်ရဲ့နေရာမှာအားထိုးဖို့အတွက် ဟာနန်ဒက်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဟာနန်ဒက်ကတော့ ဘိုင်ယန်မြူးနစ်ကိုငြင်းပယ်သွားခဲ့တယ်လို့သိရပါတယ်။ ဘိုင်ယန်မြူးနစ်အပြင်မန်စီးတီးအသင်းကလည်း ဟာနန်ဒက်ကိုခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပြီး၊ ဖာနန်ဒင်ဟိုရဲ့နေရာမှာအစားထိုးဖို့အတွက် ပတ်ဂွာဒီယိုလာက ဟာနန်ဒက်ကိုအလိုရှိနေတာဖြစ်ပါတယ်။

သတင်းတွေအရ ဟာနန်ဒက်ဟာ ဘိုင်ယန်မြူးနစ်ထက် မန်စီးတီးအသင်းကိုပြောင်းရွှေ့ဖို့ ပိုပြီးစိတ်အားထက်သန်နေတာကြောင့် အခုလိုဘိုင်ယန်မြူးနစ်ကိုငြင်းပယ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ဟာနန်ဒက် အက်သလက်တီကိုချုပ်ဆိုထားတဲ့စာချုပ်ပါအချက်အလက်တွေအရ ကစားသမားအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၇၀)လောက်အထိပေးရဖို့ရှိနေတယ်လို့သိရပါတယ်။

လက်ရှိမန်စီးတီးအသင်းရဲ့ကစားသမားအင်အားအနေအထားနဲ့ကစားသမားခေါ်ယူမှုကြီးကြီးမားမားပြုလုပ်ဖို့မလိုအပ်တာကြောင့် ဟာနန်ဒက်အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း(၇၀)လောက်ကို မန်စီးတီးအသင်းအနေနဲ့ အသုံးပြုသွားမလားဆိုတာကစိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar