ဆန္းခ်က္မေကာင္းဘူးလို႔ ဘယ္သူေျပာလဲ?

ဟုတ္ပါတယ္။ ေခါင္းစဥ္ေပးထားတဲ့အတိုင္းပဲ ဆန္းခ်က္မေကာင္းဘူးလို႔ ဘယ္သူေျပာလဲ ေမးရေလာက္ေအာင္အထိ ဒီခ်ီလီသားၾကီးဟာ ကလပ္အသင္းမွာနဲ႔ဆန္႔က်င္ဘက္ ေျခစြမ္းေတြကို ႏိုင္ငံအသင္းအတြက္ ျပသေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကို စေရာက္လာကတည္းက ပုမွန္ေျခစြမ္းပေ်ာက္ဆံုးသြားခဲ့တဲ့ ဆန္းခ်က္ဟာ အိုးထရက္ဖို႔ဒ္မွာ သူ႕ရဲ႕အစြမ္းအစေတြကို တမင္တကာမ်ား လွ်ိဳထားသလား ထင္ရတဲ့အထိ ကိုပါအေမရိကျပိဳင္ပြဲမွာ ႏိုင္ငံအသင္းအတြက္ ေျခစြမ္းေတြအမွန္အကန္ျပေနတာျဖစ္ပါတယ္။ အဖြင့္ပြဲမွာဆိုရင္ ဥရုေဂြးေတာင္မႏိုင္တဲ့ ဂ်ပန္ကို ခ်ီလီက (၄)ဂိုးျပတ္သိပ္ခဲ့ရာမွာ ဆန္းခ်က္က (၁)ဂိုးသြင္းယူႏိုင္ခဲ့ျပီး ပြဲရဲ႕အေကာင္းဆံုးကစားသမားဆုကိုပါရရွိခဲ့ပါတယ္။

ခဏထေတာက္တဲ့ ေကာက္ရိုးမီးပါကြာဆိုတဲ့ ေ၀ဖန္သံေတြေတာင္မစဲေသးဘူး ဆန္းခ်က္ဟာ ဒုတိယပြဲစဥ္ျဖစ္တဲ့ အက္ေကြေဒါနဲ႔ပြဲမွာလည္း အေရးပါတဲ့ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ျပီး ခ်ီလီကို ကြာတားဖိုင္နယ္ပို႔ေဆာင္ေပးခဲ့ပါျပီ။ ဒါ့အျပင္ အေကာင္းဆံုးကစားသမားဆုကိုပါ ဆန္းခ်က္က (၂)ပြဲဆက္ ရယူျပလိုက္ပါေသးတယ္။ ကဲ…ဆန္းခ်က္မေကာင္းဘူးလို႔ ဘယ္သူေျပာလဲ။

တကယ္ေတာ့ ဆန္းခ်က္ဟာ သူ႔ရဲ႕အရည္အေသြးကို သက္ေသျပခဲ့ျပီးသား ကစားသမားေကာင္းတစ္ေယာက္ပါ။ ထိပ္တန္းအဆင့္ကစားသမားေတြရွိတဲ့ ယူႏိုက္တက္မွာ ဆန္းခ်က္တစ္ေယာက္ရုန္းကန္ေနရတာဟာ ကစားကြက္နဲ႔ကစားရတဲ့ေနရာက သူနဲ႔အံ့မ၀င္လို႔သာျဖစ္တယ္ဆိုတာကို ခ်ီလီအတြက္အံ၀င္ခြင္က်ကစားရင္း သက္ေသျပေနပါတယ္။ ခ်ီလီမွာ သူနဲ႔တြဲကစားတဲ့သူေတြထဲ ကမာၻ႔အဆင့္ကစားသမားဆိုလို႔ ဘာစီလိုနာကြင္းလယ္လူ ဗီဒယ္တစ္ေယာက္ပဲ ျပစရာရွိပါတယ္။

ဒါေပမဲ့ ဆန္းခ်က္အရဲ႕အထာကိုနပ္ေနတဲ့ နည္းျပၾကီး ရီနယ္လ္ဒိုရူဒါက သူ႔ကိုဦးတည္ျပီး ခ်ီလီအသင္းရဲ႕ကစားကြက္ကို တည္ေဆာက္ႏိုင္ခဲ့လို႔ အခုဆိုရင္ “ဆန္းခ်က္မေကာင္းဘူး”လို႔ေျပာေနတဲ့ ေ၀ဖန္သံေတြၾကား “ဆန္းခ်က္မေကာင္းဘူးလို႔ဘယ္သူေျပာလဲ” ဆိုတဲ့ အသံေတြက ပိုမိုက်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့ျပီလို႔ဆိုရမွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဆန်းချက်မကောင်းဘူးလို့ ဘယ်သူပြောလဲ?

ဟုတ်ပါတယ်။ ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲ ဆန်းချက်မကောင်းဘူးလို့ ဘယ်သူပြောလဲ မေးရလောက်အောင်အထိ ဒီချီလီသားကြီးဟာ ကလပ်အသင်းမှာနဲ့ဆန့်ကျင်ဘက် ခြေစွမ်းတွေကို နိုင်ငံအသင်းအတွက် ပြသနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို စရောက်လာကတည်းက ပုမှန်ခြေစွမ်းပျောက်ဆုံးသွားခဲ့တဲ့ ဆန်းချက်ဟာ အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့အစွမ်းအစတွေကို တမင်တကာများ လျှိုထားသလား ထင်ရတဲ့အထိ ကိုပါအမေရိကပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ခြေစွမ်းတွေအမှန်အကန်ပြနေတာဖြစ်ပါတယ်။ အဖွင့်ပွဲမှာဆိုရင် ဥရုဂွေးတောင်မနိုင်တဲ့ ဂျပန်ကို ချီလီက (၄)ဂိုးပြတ်သိပ်ခဲ့ရာမှာ ဆန်းချက်က (၁)ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။

ခဏထတောက်တဲ့ ကောက်ရိုးမီးပါကွာဆိုတဲ့ ဝေဖန်သံတွေတောင်မစဲသေးဘူး ဆန်းချက်ဟာ ဒုတိယပွဲစဉ်ဖြစ်တဲ့ အက်ကွေဒေါနဲ့ပွဲမှာလည်း အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ချီလီကို ကွာတားဖိုင်နယ်ပို့ဆောင်ပေးခဲ့ပါပြီ။ ဒါ့အပြင် အကောင်းဆုံးကစားသမားဆုကိုပါ ဆန်းချက်က (၂)ပွဲဆက် ရယူပြလိုက်ပါသေးတယ်။ ကဲ…ဆန်းချက်မကောင်းဘူးလို့ ဘယ်သူပြောလဲ။

တကယ်တော့ ဆန်းချက်ဟာ သူ့ရဲ့အရည်အသွေးကို သက်သေပြခဲ့ပြီးသား ကစားသမားကောင်းတစ်ယောက်ပါ။ ထိပ်တန်းအဆင့်ကစားသမားတွေရှိတဲ့ ယူနိုက်တက်မှာ ဆန်းချက်တစ်ယောက်ရုန်းကန်နေရတာဟာ ကစားကွက်နဲ့ကစားရတဲ့နေရာက သူနဲ့အံ့မဝင်လို့သာဖြစ်တယ်ဆိုတာကို ချီလီအတွက်အံဝင်ခွင်ကျကစားရင်း သက်သေပြနေပါတယ်။ ချီလီမှာ သူနဲ့တွဲကစားတဲ့သူတွေထဲ ကမ္ဘာ့အဆင့်ကစားသမားဆိုလို့ ဘာစီလိုနာကွင်းလယ်လူ ဗီဒယ်တစ်ယောက်ပဲ ပြစရာရှိပါတယ်။

ဒါပေမဲ့ ဆန်းချက်အရဲ့အထာကိုနပ်နေတဲ့ နည်းပြကြီး ရီနယ်လ်ဒိုရူဒါက သူ့ကိုဦးတည်ပြီး ချီလီအသင်းရဲ့ကစားကွက်ကို တည်ဆောက်နိုင်ခဲ့လို့ အခုဆိုရင် “ဆန်းချက်မကောင်းဘူး”လို့ပြောနေတဲ့ ဝေဖန်သံတွေကြား “ဆန်းချက်မကောင်းဘူးလို့ဘယ်သူပြောလဲ” ဆိုတဲ့ အသံတွေက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar