လူကာကူအတြက္ေျပာင္းေရႊ႕ေၾကးေပါင္(၇၅)သန္းအလိုရွိေနတ့ဲမန္ယူႏိုက္တက္

အင္တာမီလန္နဲ႔သတင္းေတြထြက္ေနတ့ဲတိုက္စစ္မွဴးလူကာကူနဲ႔ပတ္သက္ျပီး မန္ယူႏိုက္တက္ဟာ ကစားသမားရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ ေပါင္(၇၅)သန္းအလိုရွိေနတယ္လို႔သိရပါတယ္။

မန္ယူႏိုက္တက္ဟာ လီဗာပူးလ္နဲ႔မန္စီးတီးအသင္းတို႔ကိုအမွီျပန္လိုက္ႏိုင္ဖို႔ ဒီေႏြေစ်းကြက္ထဲမွာအသင္းကိုျပဳျပင္ေျပာင္းလဲမႈေတြျပဳလုပ္ေနတာျဖစ္ျပီး၊ လိုအပ္တ့ဲကစားေခၚယူမႈေတြျပဳလုပ္ကာ အသင္းမွာရွိတ့ဲ ထင္သေလာက္ေျခစြမ္းမျပႏိုင္တ့ဲကစားသမားအခ်ိဳ႕ကိုလည္းအသင္းကနျပန္လည္ေရာင္းခ်ဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မန္ယူႏိုက္တက္တိုက္စစ္ပိုင္းမွာအဲဗာတန္အသင္းကေနေစ်းၾကီးေပးျပီးေခၚယူထားတ့ဲ တိုက္စစ္မွဴးလူကာကူ ကိုအသင္းကေနျပန္လည္ေရာင္းခ်ဖို႔သတင္းေတြထြက္ေနတာပဲျဖစ္ပါတယ္။

လူကာကူဟာျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ မန္ယူႏိုက္တက္အတြက္ ျပိဳင္ပြဲစံု(၄၅)ပြဲမွာ (၁၅)ဂိုးသာသြင္းယူႏိုင္ခ့ဲတာျဖစ္ျပီး၊ ဒါက တိုက္စစ္မွဴးတစ္ေယာက္အတြက္အလြန္နည္းပါးတ့ဲပမာဏပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ အင္တာမီလန္အသင္းက လူကာကူကိုေခၚယူဖို႔စိတ္၀င္စားေနတာျဖစ္ျပီး၊ လူကာကူကလည္းျပီးခ့ဲတ့ဲရက္ပိုင္းကသူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး အရိပ္အျမြတ္ထုက္ေဖာ္ေျပာၾကားသြားခ့ဲပါတယ္။

လူကာကူက ” ကြန္တီကိုေတြ႔ရဖို႔ကတကယ္ကိုေကာင္းပါတယ္၊ ကၽြန္ေတ့္အတြက္ေတာ့ သူကကမာၻ႔အေကာင္းဆံုးနည္းျပတစ္ေယာက္ပါ၊ ကၽြန္ေတာ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးေတာ့ ဆံုးျဖတ္ခ်က္ေတြခ်ျပီးပါျပီ၊ ဒါေပမ့ဲ ဒီခ်ိန္မွာေတာ့ ထုတ္မေျပာႏိုင္ေသးပါဘူး၊ ကၽြန္ေတာ္ဟာ မန္ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းကရွိေနပါေသးတယ္၊ ေနာက္ျပီး ကၽြန္ေတာ့္အေနနဲ႔အသင္းကိုေလးစားရပါမယ္၊ ကၽြန္ေတာ္ဟာ စီးရီးေအပရိသတ္တစ္ေယာက္ပါ၊ ပရီးမီးယားလိဂ္မွာ ကစားခ်င္ခ့ဲသလို၊ အခုစီးရီးေအမွာလည္းကစားခ်င္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

လူကာကူရဲ႕ေျပာစကားအရ သူ႔အေနနဲ႔အင္တာမီလန္နဲ႔ထြက္ေပၚေနတ့ဲသတင္းေတြဟာ ေသခ်ာသေလာက္ရွိေနပါတယ္။ အင္တာမီလန္ဘက္က မန္ယူႏိုက္တက္ေတာင္းဆိုတ့ဲေျပာင္းေရႊ႕ေၾကးပမာဏကိုေပးဖို႔ လက္ခံမယ္ဆိုရင္ လူကာကူတစ္ေယာက္မန္ယူႏိုက္တက္ကိုေသခ်ာေပါက္စြန္႔ခြာသြားဖို႔ရွိေနျပီျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လူကာကူအတွက်ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းအလိုရှိနေတဲ့မန်ယူနိုက်တက်

အင်တာမီလန်နဲ့သတင်းတွေထွက်နေတဲ့တိုက်စစ်မှူးလူကာကူနဲ့ပတ်သက်ပြီး မန်ယူနိုက်တက်ဟာ ကစားသမားရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင်(၇၅)သန်းအလိုရှိနေတယ်လို့သိရပါတယ်။

မန်ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့မန်စီးတီးအသင်းတို့ကိုအမှီပြန်လိုက်နိုင်ဖို့ ဒီနွေဈေးကွက်ထဲမှာအသင်းကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေတာဖြစ်ပြီး၊ လိုအပ်တဲ့ကစားခေါ်ယူမှုတွေပြုလုပ်ကာ အသင်းမှာရှိတဲ့ ထင်သလောက်ခြေစွမ်းမပြနိုင်တဲ့ကစားသမားအချို့ကိုလည်းအသင်းကနပြန်လည်ရောင်းချဖို့စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူနိုက်တက်တိုက်စစ်ပိုင်းမှာအဲဗာတန်အသင်းကနေဈေးကြီးပေးပြီးခေါ်ယူထားတဲ့ တိုက်စစ်မှူးလူကာကူ ကိုအသင်းကနေပြန်လည်ရောင်းချဖို့သတင်းတွေထွက်နေတာပဲဖြစ်ပါတယ်။

လူကာကူဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၄၅)ပွဲမှာ (၁၅)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပြီး၊ ဒါက တိုက်စစ်မှူးတစ်ယောက်အတွက်အလွန်နည်းပါးတဲ့ပမာဏပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အင်တာမီလန်အသင်းက လူကာကူကိုခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီး၊ လူကာကူကလည်းပြီးခဲ့တဲ့ရက်ပိုင်းကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွတ်ထုက်ဖော်ပြောကြားသွားခဲ့ပါတယ်။

လူကာကူက ” ကွန်တီကိုတွေ့ရဖို့ကတကယ်ကိုကောင်းပါတယ်၊ ကျွန်တေ့်အတွက်တော့ သူကကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်ပါ၊ ကျွန်တော်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တွေချပြီးပါပြီ၊ ဒါပေမဲ့ ဒီချိန်မှာတော့ ထုတ်မပြောနိုင်သေးပါဘူး၊ ကျွန်တော်ဟာ မန်ယူနိုက်တက်နဲ့စာချုပ်သက်တမ်းကရှိနေပါသေးတယ်၊ နောက်ပြီး ကျွန်တော့်အနေနဲ့အသင်းကိုလေးစားရပါမယ်၊ ကျွန်တော်ဟာ စီးရီးအေပရိသတ်တစ်ယောက်ပါ၊ ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့သလို၊ အခုစီးရီးအေမှာလည်းကစားချင်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

လူကာကူရဲ့ပြောစကားအရ သူ့အနေနဲ့အင်တာမီလန်နဲ့ထွက်ပေါ်နေတဲ့သတင်းတွေဟာ သေချာသလောက်ရှိနေပါတယ်။ အင်တာမီလန်ဘက်က မန်ယူနိုက်တက်တောင်းဆိုတဲ့ပြောင်းရွှေ့ကြေးပမာဏကိုပေးဖို့ လက်ခံမယ်ဆိုရင် လူကာကူတစ်ယောက်မန်ယူနိုက်တက်ကိုသေချာပေါက်စွန့်ခွာသွားဖို့ရှိနေပြီဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar