မန္ယူႏိုက္တက္ ဆန္ခ်ိဳကိုေခၚယူသင့္တ့ဲအခ်က္(၃)ခ်က္

မန္ယူႏိုက္တက္နဲ႔နညး္ျပဆိုးလ္ရွားတို႔အတြက္ ဒီေႏြရာသီဟာ အေတာ္အလုပ္ရႈပ္တ့ဲအခ်ိန္တစ္ခုျဖစ္တယ္ဆိုတာ အထူးေျပာစရာေတာင္မလိုဘူးျဖစ္ပါတယ္။ အေျခအေနေတြဆိုးရြားေနတ့ဲ မန္ယူႏိုက္တက္ကိုျပန္လည္တည္ေဆာက္ဖို႔ ကစားသမားေခၚယူမႈေတြအသည္းအသန္ျပဳလုပ္ေနတာျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ မန္ယူႏိုက္တက္အေနနဲ႔မွန္ကန္တဲ့ကစားသမားေခၚယူမႈေတြျပဳလုပ္ႏိုင္ဖို႔လည္းလုိအပ္ပါတယ္။ မန္ယူႏိုက္တက္ဟာ ေဒါ့မြန္အသင္းက ဆန္ခ်ိဳကိုေခၚယူဖို႔စိတ္၀င္စားေနတာျဖစ္ျပီး၊ အသင္းအေနနဲ႔ဆန္ခ်ိဳကို အရေခၚယူသင့္တ့ဲအေၾကာင္းကို အခ်က္(၃)ခ်က္နဲ႔ေဖာ္ျပေပးသြားခ်င္ပါတယ္။

(၃)ငယ္ရြယ္ျခင္း
ဆန္ခ်ိဳဟာအသင္(၁၉)ႏွစ္သာရွိေသးျပီးေတာ့ အလားအလာေကာင္းေတြမ်ားၾကီးပိုင္ဆိုင္ထားတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ မန္ယူႏိုက္တက္ရဲ႕ေရရွည္စီမံကိန္းအတြက္ပါ သင့္ေတာ္တ့ဲကစားသမားတစ္ေယာက္ျဖစ္ျပီးေတာ့ ေျခစြမ္းပိုင္းနဲ႔စေကးပိုင္းကလည္းအထူးေျပာစရာမလိုေအာင္ေကာင္းမြန္တာေၾကာင့္မန္ယူႏိုက္တက္အေနနဲ႔ အရြယ္ငယ္ေပမ့ဲအဆိပ္ျပင္းတ့ဲဆန္ခ်ိဳကိုရေခၚယူဖို႔က ႏွစ္ခါျပန္စဥ္းစားစရာမလိုတ့ဲအခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။

(၂)ျပညတြင္းျဖစ္ကိုအားေပးပါ
ဆန္ခ်ိဳဟာအဂၤလန္ႏိုင္ငံသားျဖစ္ျပီးေတာ့ အဂ္လန္သားေတြထဲမွာအေတာက္ပဆံုးေျခစြမ္းေတြကိုပိုင္ဆိုင္ထားတ့ဲလူငယ္တစ္ေယာက္ပဲျဖစ္ပါတယ္။ ဆန္ခ်ိဳတစ္ေယာက္မန္ယူႏိုက္တက္ကိုေရာက္လာခ့ဲရင္ အဂၤလန္အသင္းေဖာ္ေတြျဖစ္ၾကတ့ဲ လင္ဂတ္၊လုေရွာနဲ႔ ရက္ဖိုဒ့္တို႔လည္းရွိေနတာေၾကာင့္ ဆန္ခ်ိဳဟာအသင္းမွာအလ်င္အျမန္အံ၀င္သြားႏိုင္တ့ဲကစားသမားမ်ိဳးလည္းျဖစ္ေနပါတယ္။ ဒါကလည္းဆန္ခ်ိဳကိုမန္ယူႏိုက္တက္အရေခၚယူသင့္တ့ဲအေၾကာင္းေတြထဲကတစ္ခ်က္ပဲျဖစ္ပါတယ္။

(၁)ကမာၻ႔အေကာင္းဆံုးေတြထဲကတစ္ေယာက္
ဆန္ခ်ိဳဟာ ဒီေန႔မွာ အလားအလာရွိဆံုးကမာၻ႔အေကာ္းဆံုးလူငယ္ေတြထဲကတစ္ေယာက္အျဖစ္သတ္မွတ္ထားျခင္းကိုခံထားရတ့ဲ လူငယ္တစ္ဦးျဖစ္ပါတယ္။ အသက္(၁၉)ႏွစ္သာရွိေသးျပီးေတာ့အသင္းတိုင္းက သူ႔ကိုအလိုရွိေနၾကတာျဖစ္ပါတယ္။ ဒီရာသီေဒါ့မြန္အတြက္ဘြန္ဒါလီဂါမွာ(၃၄)႔ြဲပါ၀င္ကစားေပးထားခ့ဲျပီး၊သြင္းဂိုး(၁၂)ဂိုးနဲ႔ဂိုးဖန္တီးမႈ(၁၄)ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခ့ဲတ့ဲသူျဖစ္ပါတယ္။ အသင္းေဖာ္ေတြဂိုးသြင္းႏိုင္ေအာင္ဖန္တီးေပးႏိုင္သလိုကိုယ္တိုင္လည္းဂိုးသြင္းယူႏိုင္တ့ဲကစားသမားမ်ိဳးျဖစ္တာေၾကာင့္ ဆန္ခ်ိဳဟာ မန္ယူႏိုက္တက္အတြက္ေသခ်ာေပါက္သင့္ေတာ္တ့ဲကစားသမားတစ္ဦးျဖစ္တယ္ဆိုတာျငင္းခ်က္ထုတ္စရာလိုမွာမဟုတ္ပါဘူး။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ဆန်ချိုကိုခေါ်ယူသင့်တဲ့အချက်(၃)ချက်

မန်ယူနိုက်တက်နဲ့နည်းပြဆိုးလ်ရှားတို့အတွက် ဒီနွေရာသီဟာ အတော်အလုပ်ရှုပ်တဲ့အချိန်တစ်ခုဖြစ်တယ်ဆိုတာ အထူးပြောစရာတောင်မလိုဘူးဖြစ်ပါတယ်။ အခြေအနေတွေဆိုးရွားနေတဲ့ မန်ယူနိုက်တက်ကိုပြန်လည်တည်ဆောက်ဖို့ ကစားသမားခေါ်ယူမှုတွေအသည်းအသန်ပြုလုပ်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ မန်ယူနိုက်တက်အနေနဲ့မှန်ကန်တဲ့ကစားသမားခေါ်ယူမှုတွေပြုလုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်။ မန်ယူနိုက်တက်ဟာ ဒေါ့မွန်အသင်းက ဆန်ချိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီး၊ အသင်းအနေနဲ့ဆန်ချိုကို အရခေါ်ယူသင့်တဲ့အကြောင်းကို အချက်(၃)ချက်နဲ့ဖော်ပြပေးသွားချင်ပါတယ်။

(၃)ငယ်ရွယ်ခြင်း
ဆန်ချိုဟာအသင်(၁၉)နှစ်သာရှိသေးပြီးတော့ အလားအလာကောင်းတွေများကြီးပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မန်ယူနိုက်တက်ရဲ့ရေရှည်စီမံကိန်းအတွက်ပါ သင့်တော်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ ခြေစွမ်းပိုင်းနဲ့စကေးပိုင်းကလည်းအထူးပြောစရာမလိုအောင်ကောင်းမွန်တာကြောင့်မန်ယူနိုက်တက်အနေနဲ့ အရွယ်ငယ်ပေမဲ့အဆိပ်ပြင်းတဲ့ဆန်ချိုကိုရခေါ်ယူဖို့က နှစ်ခါပြန်စဉ်းစားစရာမလိုတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။

(၂)ပြညတွင်းဖြစ်ကိုအားပေးပါ
ဆန်ချိုဟာအင်္ဂလန်နိုင်ငံသားဖြစ်ပြီးတော့ အဂ်လန်သားတွေထဲမှာအတောက်ပဆုံးခြေစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ ဆန်ချိုတစ်ယောက်မန်ယူနိုက်တက်ကိုရောက်လာခဲ့ရင် အင်္ဂလန်အသင်းဖော်တွေဖြစ်ကြတဲ့ လင်ဂတ်၊လုရှောနဲ့ ရက်ဖိုဒ့်တို့လည်းရှိနေတာကြောင့် ဆန်ချိုဟာအသင်းမှာအလျင်အမြန်အံဝင်သွားနိုင်တဲ့ကစားသမားမျိုးလည်းဖြစ်နေပါတယ်။ ဒါကလည်းဆန်ချိုကိုမန်ယူနိုက်တက်အရခေါ်ယူသင့်တဲ့အကြောင်းတွေထဲကတစ်ချက်ပဲဖြစ်ပါတယ်။

(၁)ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်
ဆန်ချိုဟာ ဒီနေ့မှာ အလားအလာရှိဆုံးကမ္ဘာ့အကော်းဆုံးလူငယ်တွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ထားခြင်းကိုခံထားရတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးပြီးတော့အသင်းတိုင်းက သူ့ကိုအလိုရှိနေကြတာဖြစ်ပါတယ်။ ဒီရာသီဒေါ့မွန်အတွက်ဘွန်ဒါလီဂါမှာ(၃၄)့ွဲပါဝင်ကစားပေးထားခဲ့ပြီး၊သွင်းဂိုး(၁၂)ဂိုးနဲ့ဂိုးဖန်တီးမှု(၁၄)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ အသင်းဖော်တွေဂိုးသွင်းနိုင်အောင်ဖန်တီးပေးနိုင်သလိုကိုယ်တိုင်လည်းဂိုးသွင်းယူနိုင်တဲ့ကစားသမားမျိုးဖြစ်တာကြောင့် ဆန်ချိုဟာ မန်ယူနိုက်တက်အတွက်သေချာပေါက်သင့်တော်တဲ့ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာငြင်းချက်ထုတ်စရာလိုမှာမဟုတ်ပါဘူး။

Sirဇော်ကြီး@SportsGabar