အနာဂတ္နဲ႔ပတ္သက္ျပီး၀န္ခံေျပာၾကားလိုက္တ့ဲ ေဂ်ာင္ဖီလစ္

မန္ယူနိုက္တက္နဲ႔မန္စီးတီးအသင္းတို႔က ေခၚယူဖို႔ပစ္မွတ္ထားေနတ့ဲ ဘင္ဖီကာတိုက္စစ္မွဴးေလး ေဂ်ာင္ဖီလစ္ဟာ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး၊ ၀န္ခံေျပာၾကားမငေတြျပဳလုပ္သြားခ့ဲပါတယ္။ ဖီလစ္ဟာ လက္ရွိမွာေပၚတူဂီလက္ေရြးစင္အသင္းနဲ႔အတူ ေနရွင္နယ္လိဂ္ျပိဳင္ပြဲမွာ ပါ၀င္ကစားလ်က္ရွိေနျပီး၊ ဒီကေန႔ နံနက္အေစာပိုင္းကယွဥ္ျပိဳင္ကစားခ့ဲတ့ဲ ဆြတ္ဇာလန္အသင္းကို သံုးဂိုးဂိုးမရွိနဲ႔အနိုင္ရခ့ဲတ့ဲ ပြဲအျပီးမွာ အနာဂတ္နဲ႔ပတ္သက္ျပီး ေျပာၾကားသြားခ့ဲပါတယ္။

ဖီလစ္က အနာဂတ္နဲ႔ပတ္သက္ျပီး ” ေလာေလာဆယ္မွာေတာ့ ဒီျပိဳင္ပြဲအတြက္ပဲ အာရံုစိုက္ထားပါတယ္၊ ဒီျပိဳင္ပြဲျပီးရင္ေတာ့ ကၽြန္ေတာ့္ဘ၀အတြက္ တစ္ခုခုကိုဆံုးျဖတ္သြားမွာပါ ” လို႔ေျဖၾကားသြားခ့ဲပါတယ္။ ဆြတ္ဇာလန္နဲ႔ပြဲမွာ ဟတ္ထရစ္သြင္းယူေပးနိုင္ခ့ဲတ့ဲ အသင္းေခါင္းေဆာင္စီေရာ္နယ္ဒိုနဲ႔ပတ္သက္ျပီးေတာ့လည္း ဖီလစ္က ” သူက ကၽြန္ေတာ့္ရဲ႕ အိုင္ေဒါတစ္ေယာက္ပါ၊ ကမာၻ႕ေဘာလံုးေလာကရဲ႕ ျပယုဂ္လည္းျဖစ္ပါတယ္၊ သူက လူတိုင္း စံနမူနာထားရမယ့္သူတစ္ေယာက္

ပါပဲ၊ သူက မြန္းစတားတစ္ေကာင္လိုပါပဲ၊ သူနဲ႔အတူတူေလ့က်င့္ခြင့္ရတာက ကၽြန္ေတာ့္ကိုအမ်ားၾကီးတိုးတက္ေစပါတယ္၊ သူက သူ႕ကိုယ္သူ တိုးတက္ဖို႔အျမဲၾကိဳးစားေနတ့ဲသူပါ၊ ကၽြန္ေတာ့အတြက္ေတာ့ သူက တကယ့္ကို အ့ံၾသဖြယ္ရာပါပဲ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။ ဖီလစ္ဟာ ဒီရာသီမွာ ဘင္ဖီကာအသင္းအတြက္ျပိဳင္ပြဲစံု(၁၉)ဂိုးသြင္းယးေပးထားနိုင္ခ့ဲျပီး၊ ဂိုးဖန္တီးမႈ(၇)ၾကိမ္အထိျပဳလုပ္ေပးထားနိုင္ခ့ဲတ့ဲကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဖီလစ္ကိုေခၚယူဖို႔ မန္ယူနိုက္တက္၊မန္စီးတီးနဲ႔ စပိန္ကလပ္ရီးရဲလ္မက္ဒရစ္အသင္းတို႔က စိတ္၀င္စားလ်က္ရွိေနတာျဖစ္ျပီး၊ ဘင္ဖီကာအသင္းဘက္ကေတာ့ သူတို႔ရဲ႕(၁၉)ႏွစ္အရြယ္ကစားသမားေလးအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၁၀၆)သန္းအလိုရွိေနတယ္လို႔သိရပါတယ္။ ဘင္ဖီကာအသင္းရဲ႕နည္းျပ ဒီအိုလီဗီယာကလည္း ဖီလစ္အတြက္ေျပာင္းေရႊ႕ေၾကးကိ္ု ေပါင္သန္း(၁၀၆)သန္းမွမရရင္ ဖီလစ္အေနနဲ႔အသင္းမွာပဲဆက္ရွိေနလိမ့္မယ္လို႔ေျပာၾကားသြားခ့ဲပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အနာဂတ်နဲ့ပတ်သက်ပြီးဝန်ခံပြောကြားလိုက်တဲ့ ဂျောင်ဖီလစ်

မန်ယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့က ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာတိုက်စစ်မှူးလေး ဂျောင်ဖီလစ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး၊ ဝန်ခံပြောကြားမငတွေပြုလုပ်သွားခဲ့ပါတယ်။ ဖီလစ်ဟာ လက်ရှိမှာပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ နေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားလျက်ရှိနေပြီး၊ ဒီကနေ့ နံနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ဆွတ်ဇာလန်အသင်းကို သုံးဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

ဖီလစ်က အနာဂတ်နဲ့ပတ်သက်ပြီး ” လောလောဆယ်မှာတော့ ဒီပြိုင်ပွဲအတွက်ပံ အာရုံစိုက်ထားပါတယ်၊ ဒီပြိုင်ပွဲပြီးရင်တော့ ကျွန်တော့်ဘဝအတွက် တစ်ခုခုကိုဆုံးဖြတ်သွားမှာပါ ” လို့ဖြေကြားသွားခဲ့ပါတယ်။ ဆွတ်ဇာလန်နဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်စီရော်နယ်ဒိုနဲ့ပတ်သက်ပြီးတော့လည်း ဖီလစ်က ” သူက ကျွန်တော့်ရဲ့ အိုင်ဒေါတစ်ယောက်ပါ၊ ကမ္ဘာ့ဘောလုံးလောကရဲ့ ပြယုဂ်လည်းဖြစ်ပါတယ်၊ သူက လူတိုင်း စံနမူနာထားရမယ့်သူတစ်ယောက်

ပါပဲ၊ သူက မွန်းစတားတစ်ကောင်လိုပါပဲ၊ သူနဲ့အတူတူလေ့ကျင့်ခွင့်ရတာက ကျွန်တော့်ကိုအများကြီးတိုးတက်စေပါတယ်၊ သူက သူ့ကိုယ်သူ တိုးတက်ဖို့အမြဲကြိုးစားနေတဲ့သူပါ၊ ကျွန်တော့အတွက်တော့ သူက တကယ့်ကို အံ့သြဖွယ်ရာပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။ ဖီလစ်ဟာ ဒီရာသီမှာ ဘင်ဖီကာအသင်းအတွက်ပြိုင်ပွဲစုံ(၁၉)ဂိုးသွင်းယးပေးထားနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဖီလစ်ကိုခေါ်ယူဖို့ မန်ယူနိုက်တက်၊မန်စီးတီးနဲ့ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားလျက်ရှိနေတာဖြစ်ပြီး၊ ဘင်ဖီကာအသင်းဘက်ကတော့ သူတို့ရဲ့(၁၉)နှစ်အရွယ်ကစားသမားလေးအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၁၀၆)သန်းအလိုရှိနေတယ်လို့သိရပါတယ်။ ဘင်ဖီကာအသင်းရဲ့နည်းပြ ဒီအိုလီဗီယာကလည်း ဖီလစ်အတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၆)သန်းမှမရရင် ဖီလစ်အနေနဲ့အသင်းမှာပဲဆက်ရှိနေလိမ့်မယ်လို့ပြောကြားသွားခဲ့ပါတယ်။

Sirဇော်ကြီး@SportsGabar