ထရစ္ပီယာကိုေပါင္(၂၅)သန္းနဲ႔ေရာင္းခ်ဖို႔စီစဥ္ေနတ့ဲစပါး

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အသင္းရဲ႕ညာေနာက္ခံလူ ထရစ္ပီယာအတြက္ ေပါင္(၂၅)သန္း၀န္းက်င္နဲ႔ကမ္းလွမ္းမႈမ်ိဳးေတြရွိလာခ့ဲရင္ ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြအရသိရပါတယ္။

ထရစ္ပီယာအေနနဲ႔ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနခ့ဲရတ့ဲကစားသမားလည္းျဖစ္ပါတယ္။ လက္ရွိမွာ ထရစ္ပီယာကိုေခၚယူဖို႔ဂ်ဳဗင္တပ္အသင္းကစိတ္၀င္စားေနတာျဖစ္ျပီး၊ စပါးအသင္းအေနနဲ႔လည္း ထရစ္ပီယာအတြက္ ဂ်ဳဗင္တပ္အသင္းထံမွကမ္းလွမ္းမႈေတြကိုေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။ ဂ်ဳဗင္တပ္အသင္းရဲ႕ညာေနာက္ခံလူ ကန္ဆယ္လိုက မန္စီးတီးအသင္းနဲ႔သတင္းေတြထြက္ေနတာေၾကာင့္ ဂ်ဳဗင္တပ္နဲ႔ထရစ္ပီယာရဲ႕အေျပာင္းအေရႊ႕ဟာျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။

ဂ်ဳဗင္တပ္အသင္းရဲ႕အသစ္စက္စက္နည္းျပျဖစ္သူဆာရီကလည္း သူခ်ဲလ္ဆီးကိုနည္းျပေနစဥ္ကာလတစ္ေလ်ွာက္လံုး ထရစ္ပီယာရဲ႕ေျခစြမ္းေတြကို ကိုယ္တိုင္ကိုယ္က် ေတြ႔ျမင္ထားျပီးလည္းျဖစ္ပါတယ္။ ဆာရီအေနနဲ႔ ထရစ္ပီယာကိုေခၚယူဖို႔စိတ္၀င္စားတယ္ဆိုရင္ ဂ်ဳဗင္တပ္ဘက္က စပါးလိုခ်င္တ့ဲေျပာင္းေရႊ႕ေၾကးေပးျပီးေခၚေပးသြားမယ့္အေနအထားမ်ိဳးျဖစ္ေနပါတယ္။

စပါးအသင္းဟာအေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာကစားသမားေခၚယူမႈတစ္ခုမွမျပဳလုပ္ရေသးပဲ သူတို႔ရဲ႕ကြင္းသစ္ၾကီးတည္ေဆာက္ခ့ဲတုန္းကကုန္က်မႈေတြအတြက္ ရန္ပံုေငြအခက္အခဲတစ္ခ်ိဳ႕ရွိေနတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ နည္းျပပိုခ်က္တီႏိုဟာ အသင္းနဲ႔အံသိပ္မ၀င္တ့ဲကစားတစ္ခ်ိဳ႔ကိုေရာင္းခ်ဖို႔ျပင္ဆင္ေနတာျဖစ္ျပီး၊ လာမယ့္ရာသီအတြက္ကစားသမားသစ္ေခၚယူမႈေတြျပဳလုပ္ႏိုင္ဖို႔ ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။

စပါးအသင္းကေန ထရစ္ပီယာအျပင္ ဒန္နီရိုနဲ႔အဲရစ္ဆင္တို႔ကလည္းအသင္းကေနထြက္ခြာဖြယ္ရွိေနျပီး၊ စပါးအသင္းဟာ လာမယ့္ဂ်ဳလိုင္လထဲမွာ ဂ်ဳဗင္တပ္အသင္းနဲ႔ ႏိုင္ငံတကာခ်န္ပီယံဖလားပြဲကန္ရဖို႔ စင္ကာပူကိုထြက္ခြာရမွာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ထရစ်ပီယာကိုပေါင်(၂၅)သန်းနဲ့ရောင်းချဖို့စီစဉ်နေတဲ့စပါး

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသင်းရဲ့ညာနောက်ခံလူ ထရစ်ပီယာအတွက် ပေါင်(၂၅)သန်းဝန်းကျင်နဲ့ကမ်းလှမ်းမှုမျိုးတွေရှိလာခဲ့ရင် ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရသိရပါတယ်။

ထရစ်ပီယာအနေနဲ့ပြီးခဲ့တဲ့ဘောလုံးရာသီမှာခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေခဲ့ရတဲ့ကစားသမားလည်းဖြစ်ပါတယ်။ လက်ရှိမှာ ထရစ်ပီယာကိုခေါ်ယူဖို့ဂျုဗင်တပ်အသင်းကစိတ်ဝင်စားနေတာဖြစ်ပြီး၊ စပါးအသင်းအနေနဲ့လည်း ထရစ်ပီယာအတွက် ဂျုဗင်တပ်အသင်းထံမှကမ်းလှမ်းမှုတွေကိုမျှော်လင့်နေတယ်လို့သိရပါတယ်။ ဂျုဗင်တပ်အသင်းရဲ့ညာနောက်ခံလူ ကန်ဆယ်လိုက မန်စီးတီးအသင်းနဲ့သတင်းတွေထွက်နေတာကြောင့် ဂျုဗင်တပ်နဲ့ထရစ်ပီယာရဲ့အပြောင်းအရွှေ့ဟာဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ဂျုဗင်တပ်အသင်းရဲ့အသစ်စက်စက်နည်းပြဖြစ်သူဆာရီကလည်း သူချဲလ်ဆီးကိုနည်းပြနေစဉ်ကာလတစ်လျှောက်လုံး ထရစ်ပီယာရဲ့ခြေစွမ်းတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ထားပြီးလည်းဖြစ်ပါတယ်။ ဆာရီအနေနဲ့ ထရစ်ပီယာကိုခေါ်ယူဖို့စိတ်ဝင်စားတယ်ဆိုရင် ဂျုဗင်တပ်ဘက်က စပါးလိုချင်တဲ့ပြောင်းရွှေ့ကြေးပေးပြီးခေါ်ပေးသွားမယ့်အနေအထားမျိုးဖြစ်နေပါတယ်။

စပါးအသင်းဟာအပြောင်းအရွှေ့ဈေးကွက်ထဲမှာကစားသမားခေါ်ယူမှုတစ်ခုမှမပြုလုပ်ရသေးပဲ သူတို့ရဲ့ကွင်းသစ်ကြီးတည်ဆောက်ခဲ့တုန်းကကုန်ကျမှုတွေအတွက် ရန်ပုံငွေအခက်အခဲတစ်ချို့ရှိနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းပြပိုချက်တီနိုဟာ အသင်းနဲ့အံသိပ်မဝင်တဲ့ကစားတစ်ချို့ကိုရောင်းချဖို့ပြင်ဆင်နေတာဖြစ်ပြီး၊ လာမယ့်ရာသီအတွက်ကစားသမားသစ်ခေါ်ယူမှုတွေပြုလုပ်နိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

စပါးအသင်းကနေ ထရစ်ပီယာအပြင် ဒန်နီရိုနဲ့အဲရစ်ဆင်တို့ကလည်းအသင်းကနေထွက်ခွာဖွယ်ရှိနေပြီး၊ စပါးအသင်းဟာ လာမယ့်ဂျုလိုင်လထဲမှာ ဂျုဗင်တပ်အသင်းနဲ့ နိုင်ငံတကာချန်ပီယံဖလားပွဲကန်ရဖို့ စင်ကာပူကိုထွက်ခွာရမှာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar