စမာ့ပရာကန္အသင္းအတြက္ ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ ေက်ာ္ကိုကို

ထိုင္းလိဂ္မွာထြက္ကစားေနတဲ့ ျမန္မာကစားသမားေတြအတြက္ ဂိုးတစ္ဂိုးရဖို႔ ဆိုတာမဆိုထားနဲ႔ ပြဲထြက္ခြင့္ရဖို႔ေတာင္ အင္မတန္ခက္ခဲလွပါတယ္။ ဒါေပမဲ့ ေက်ာ္ကိုကိုကေတာ့ ရလာတဲ့အခြင့္အေရးကို အမိအရအသံုးခ်ျပီး သြင္းဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ကာ ထိုင္းပရိသတ္ေတြရဲ႕အားေပးမႈကို ရယူႏိုင္ခဲ့ပါတယ္။

မေန႔ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ထိုင္းလိဂ္ရဲ႕ အက္ဖ္ေအဖလား (၃၂) သင္းအဆင့္ရံႈးထြက္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ စမာ့ပရာကန္စီးတီးအသင္းနဲ႔ အာမီယူႏိုက္တက္အသင္းတို႔ရဲ႕ပြဲမွာ စမာ့ပရာကန္စီးတီးအသင္းက အာမီယူႏိုက္တက္အသင္းကို (၄)ဂိုး (၂)ဂိုးနဲ႔အႏိုင္ရရွိသြားပါတယ္။

ဒီပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့တဲ့ ျမန္မာ့လက္ေရြးစင္တိုက္စစ္မွူးေက်ာ္ကိုကိုဟာ စမာ့ပရာကန္စီးတီးအသင္းအတြက္အဖြင့္ဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ျပီး အသင္းကိုေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ ကူညီေပးႏိုင္ခဲ့တာပါ။ ေက်ာ္ကိုကိုရဲ႕အဖြင့္ဂိုးမရခင္အထိ စမာ့ပရာကန္စီးတီးအသင္းဟာ မိုးထဲေလထဲမွာ ဦးေဆာင္ဂိုးရဖို႔ရုန္းကန္ေနရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ (၆၆)မိနစ္မွောတာ့ ညာေတာင္ပံကေပးပို႔လိုက္တဲ့ ေဘာလံုးကို ေက်ာ္ကိုကိုက ျပိဳင္ဘက္အသင္း လူကြ်ံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ကာ ဂိုးသမားရဲ႕ညာဘက္ေဒါင့္ထဲကို အျပင္းကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာ္ကိုကိုဟာ အသင္းေဖာ္ေတြနဲ႔ နားလည္မႈရွိရွိ တြဲဖက္ကစားႏိုင္ခဲ့သလို ပြဲခ်ိန္ျပည့္လည္းပါ၀င္ကစားသြားခဲ့ပါတယ္။

ဒီလို ေျခစြမ္းျပႏိုင္ခဲ့လို႔ ေက်ာ္ကိုကိုအေနနဲ႔ ေနာက္လာမယ့္ ပြဲစဥ္အတြက္ စမာ့ပရာကန္စီးတီးအသင္းရဲ႕ပြဲထြက္လူစာရင္းမွာ ပါ၀င္လာဖို႔ ေမွ်ာ္လင့္ႏိုင္ျပီလည္းျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

စမာ့ပရာကန်အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ကျော်ကိုကို

ထိုင်းလိဂ်မှာထွက်ကစားနေတဲ့ မြန်မာကစားသမားတွေအတွက် ဂိုးတစ်ဂိုးရဖို့ ဆိုတာမဆိုထားနဲ့ ပွဲထွက်ခွင့်ရဖို့တောင် အင်မတန်ခက်ခဲလှပါတယ်။ ဒါပေမဲ့ ကျော်ကိုကိုကတော့ ရလာတဲ့အခွင့်အရေးကို အမိအရအသုံးချပြီး သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ထိုင်းပရိသတ်တွေရဲ့အားပေးမှုကို ရယူနိုင်ခဲ့ပါတယ်။

မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းလိဂ်ရဲ့ အက်ဖ်အေဖလား (၃၂) သင်းအဆင့်ရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စမာ့ပရာကန်စီးတီးအသင်းနဲ့ အာမီယူနိုက်တက်အသင်းတို့ရဲ့ပွဲမှာ စမာ့ပရာကန်စီးတီးအသင်းက အာမီယူနိုက်တက်အသင်းကို (၄)ဂိုး (၂)ဂိုးနဲ့အနိုင်ရရှိသွားပါတယ်။

ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုဟာ စမာ့ပရာကန်စီးတီးအသင်းအတွက်အဖွင့်ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီး အသင်းကိုနောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ကူညီပေးနိုင်ခဲ့တာပါ။ ကျော်ကိုကိုရဲ့အဖွင့်ဂိုးမရခင်အထိ စမာ့ပရာကန်စီးတီးအသင်းဟာ မိုးထဲလေထဲမှာ ဦးဆောင်ဂိုးရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် (၆၆)မိနစ်မှောတာ့ ညာတောင်ပံကပေးပို့လိုက်တဲ့ ဘောလုံးကို ကောျ်ကိုကိုက ပြိုင်ဘက်အသင်း လူကျွံထောင်ချောက်ကို ကျော်ဖြတ်ကာ ဂိုးသမားရဲ့ညာဘက်ဒေါင့်ထဲကို အပြင်းကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျောကိုကိုဟာ အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိ တွဲဖက်ကစားနိုင်ခဲ့သလို ပွဲချိန်ပြည့်လည်းပါဝင်ကစားသွားခဲ့ပါတယ်။

ဒီလို ခြေစွမ်းပြနိုင်ခဲ့လို့ ကျော်ကိုကိုအနေနဲ့ နောက်လာမယ့် ပွဲစဉ်အတွက် စမာ့ပရာကန်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ မျှော်လင့်နိုင်ပြီလည်းဖြစ်ပါတယ်။

လူညိုချော@SportsGabar