

ပီတာချက်ဟာ (၂၀၀၄)ခုနှစ်တုန်းက ရန်းနက်အသင်းကနေ ချဲလ်ဆီးထံကို ရောက်ရှိလာခဲ့တဲ့သူဖြစ်ပြီး (၁၁)နှစ် ကြာကစားပေးခဲ့စဉ်အတောအတွင်း ကမ္ဘာအကောင်းဆုံး ဂိုးသမားတွေထဲကတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ (၂၀၁၅)ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းကို ကော်တိုရစ်ရောက်ရှိလာခဲ့လို့ ပီတာချက်ဟာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး ပြိုင်ဘက် အာဆင်နယ်အသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်။


” ချဲလ်ဆီးကို တစ်ခါပြန်လာဖို့အခွင့်အရေး ရခဲ့တဲ့အတွက် ပျော်ရွှင်မိပြီး၊ အသင်းရဲ့အောင်မြင်မှုတွေအတွက် တက်နိုင်တဲ့ဘက်က ကူညီပေးသွားချင်ပါတယ်၊ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေသွားမှာဖြစ်ပြီး၊ အနာဂတ်မှာ ချဲလ်ဆီးအောင်မြင်ဖို့ ကျွန်တော့်ရဲ့ဘောလုံးပညာတွေ၊ အတွေ့အကြုံတွေကို ကောင်းကောင်းကြီးအသုံးပြုသွားမှာပါ “လို့ ကတိပေးပြောကြားသွားခဲ့ပါတယ်။


unicode

ချဲလ်ဆီးထံပြန်ရောက်လာခဲ့ပြီဖြစ်တဲ့ ပီတာချက်

ဂိုးသမားကြီး ပီတာချက်ကတော့ ချဲလ်ဆီးအသင်းရဲ့နည်းစနစ်အကြံပေးအဖြစ် စတန်းဖို့ဘရစ်ဆီ ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။

ပီတာချက်ဟာ (၂၀၀၄)ခုနှစ်တုန်းက ရန်းနက်အသင်းကနေ ချဲလ်ဆီးထံကို ရောက်ရှိလာခဲ့တဲ့သူဖြစ်ပြီး (၇)ႏွစ္ကြာကစားပေးခဲ့စဉ်အတောအတွင်း ကမ္ဘာအကောင်းဆုံး ဂိုးသမားတွေထဲကတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ (၂၀၁၁)ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းကို ကော်တိုရစ်ရောက်ရှိလာခဲ့လို့ ပီတာချက်ဟာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး ပြိုင်ဘက် အာဆင်နယ်အသင်းထံပြောင်းရွှေ့သွားခဲ့ပါတယ်။

အာဆင်နယ်မှာ (၃)နှစ်ကြာကစားပေးခဲ့ပြီးနောက် အသက်အရွယ်ရလာခဲ့တဲ့ ချက်လက်ရွေးစင်ဂိုးသမားကြီးဟာ ကစားသမားဘဝကနေ အနားယူမယ့်အကြောင်းကြေငြာခဲ့ပြီး၊ မကြာခင်မှာပဲ သူ့ရဲ့အောင်မြေဖြစ်ခဲ့ဖူးတဲ့ အသင်းဟောင်းချဲလ်ဆီးထံကို နည်းစနစ်အကြံပေးဆိုတဲ့ရာထူးတာဝန်တစ်ခုနဲ့ပြန်ရောက်လာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ပီတာချက်က-

” ချဲလ်ဆီးကို တစ်ခါပြန်လာဖို့အခွင့်အရေး ရခဲ့တဲ့အတွက် ပျော်ရွှင်မိပြီး၊ အသင်းရဲ့အောင်မြင်မှုတွေအတွက် တက်နိုင်တဲ့ဘက်က ကူညီပေးသွားချင်ပါတယ်၊ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေသြားမှာဖြစ်ပြီး၊ အနာဂတ်မှာ ချဲလ်ဆီးအောင်မြင်ဖို့ ကျွန်တော့်ရဲ့ဘောလုံးပညာတွေ၊ အတွေ့အကြုံတွေကို ကောင်းကောင်းကြီးအသုံးပြုသွားမှာပါ “လို့ ကတိပေးပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar