ဘာကာကိုျပန္လာခ်င္ရင္အခ်ိဳးျပင္ဖို႔ေနမာကိုဒ့ဲျဖဲလိုက္တ့ဲ ရီဗယ္ဒို

ပီအက္စ္ဂ်ီအသင္းမွာအဆင္မေျပမႈေတြရွိေနတ့ဲေနမာတစ္ေယာက္ အသင္းေဟာင္းဘာစီလိုနာကိုျပန္ခ်င္ေနတယ္ဆိုျပီးသတင္းေတြထြက္ေနတာျဖစ္ပါတယ္။ ဒီသတင္းေတြနဲ႔ပတ္သက္ျပီး ဘာစီလိုနာဂႏၳ၀င္ကစားသမား ရီဗယ္ဒိုက ေနမာကိုသတိေပးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။

အသက္(၂၇)ႏွစ္အရြယ္ေနမာဟာဘာစီလိုနာမွာေလးရာသီၾကာျဖတ္သန္းခ့ဲျပီး၊ အသင္းနဲ႔အတူကစားသမားဘ၀ေအာင္ျမင္တ့ဲေန႔ရက္ေတြိုပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္။ ေနမာ၊ဆြာရက္နဲ႔မက္ဆီတို႔ရဲ႕(MSN)တိုက္စစ္အတြဲဟာကမာၻေက်ာ္ခ့ဲျပီး၊(၂၀၁၄-၁၅)ေဘာလံုးရာသီမွာဆိုရင္ ဘာစီလိုနာရရွိခ့ဲတ့ဲဂိုးအေရအတြက္အားလံုးထဲမွာ(၁၂၂)ဂိုးက သူတို႔သံုးေယာက္နဲ႔ပါ၀င္ပတ္သက္ေနခ့ဲတ့ဲအထိတိုက္စစ္ပိုင္းက ေၾကာက္စရာေကာင္းလြန္းခ့ဲတာျဖစ္ပါတယ္။

ေနာမာဟာျပီးခ့ဲတ့ဲ(၂၀၁၇)မွာ ပီအက္စ္ဂ်ီကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊လက္ရွိမွာေတာ့အဆင္မေျပမႈေတြနဲ႔ ဘာစီလိုနာကိုျပန္လာဖို႔ အလိုရွိေနတာလို႔သိရပါတယ္။ ဒီသတင္းေတြနဲ႔ပတ္္သက္ျပီး ဘာစီလိုနာဂႏၳ၀င္ ရီဗယ္ဒိုကေတာ့ ေနမာကို အခုလိုမ်ိဳးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။ ရီဗယ္ဒိုက ” သူ(ေနမာ)အသင္းကုိျပန္လာခ်င္တာကၽြန္ေတာ္သေဘာက်ပါတယ္၊ ဒါကသူ႔အတြက္ေရာ၊အသင္းအတြက္ပါေကာင္းတ့ဲအရာပါ၊ သူျပန္လာမယ္လို႔ေမ်ွာ္လင့္ပါတယ္၊ သူ႔ရဲ႕စိတ္ဓာတ္ကိုျပင္ရပါမယ္၊ ျပီးရင္ေဘာလံုးကိုပဲေသခ်ာကစားဖို႔စတင္ရပါမယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဆက္လတ္ျပီး ရီဗယ္ဒို ေနမာျပန္ေရာက္လာရင္ဘာစီလိုနာအေနနဲ႔ခ်န္ပီယံလိဂ္မွာပိုအခြင့္အေရးရလာႏိုင္တ့ဲအေၾကာင္းကိုလည္းထည့္သြင္းေျပာဆိုသြားခ့ဲပါတယ္။ ရီဗယ္ဒို ” သူဘာစီလိုနာကိုျပန္လာရင္ ဘာစီလိုနာက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ အခြင့္အေရးရွိလာပါလိမ့္မယ္ ” လို႔ထပ္ေပါင္းေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

လက္ရွိမွာေနမာဟာ ဒဏ္ရာျပႆနာေတြေၾကာင့္အနားယူေနရတာျဖစ္ပါတယ္။ ေနမာကိုေခၚယူဖို႔ ရီးရဲလ္အသင္းကလည္းစိတ္၀င္စားမႈရွိေနတာျဖစ္ျပီး၊ ဘယ္အသင္းကိုေျပာင္းေရႊ႕ျဖစ္သြားမလဲဆိုတာေတာ့စိတ္၀င္စားစရာေကာင္းေနတာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘာကာကိုပြန်လာချင်ရင်အချိုးပြင်ဖို့နေမာကိုဒဲ့ဖြဲလိုက်တဲ့ ရီဗယ်ဒို

ပီအက်စ်ဂျီအသင်းမှာအဆင်မပြေမှုတွေရှိနေတဲ့နေမာတစ်ယောက် အသင်းဟောင်းဘာစီလိုနာကိုပြန်ချင်နေတယ်ဆိုပြီးသတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာဂန္ထဝင်ကစားသမား ရီဗယ်ဒိုက နေမာကိုသတိပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်နေမာဟာဘာစီလိုနာမှာလေးရာသီကြာဖြတ်သန်းခဲ့ပြီး၊ အသင်းနဲ့အတူကစားသမားဘဝအောင်မြင်တဲ့နေ့ရက်တွေိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နေမာ၊ဆွာရက်နဲ့မက်ဆီတို့ရဲ့(MSN)တိုက်စစ်အတွဲဟာကမ္ဘာကျော်ခဲ့ပြီး၊(၂၀၁၄-၁၅)ဘောလုံးရာသီမှာဆိုရင် ဘာစီလိုနာရရှိခဲ့တဲ့ဂိုးအရေအတွက်အားလုံးထဲမှာ(၁၂၂)ဂိုးက သူတို့သုံးယောက်နဲ့ပါဝင်ပတ်သက်နေခဲ့တဲ့အထိတိုက်စစ်ပိုင်းက ကြောက်စရာကောင်းလွန်းခဲ့တာဖြစ်ပါတယ်။

နောမာဟာပြီးခဲ့တဲ့(၂၀၁၇)မှာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊လက်ရှိမှာတော့အဆင်မပြေမှုတွေနဲ့ ဘာစီလိုနာကိုပြန်လာဖို့ အလိုရှိနေတာလို့သိရပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာဂန္ထဝင် ရီဗယ်ဒိုကတော့ နေမာကို အခုလိုမျိုးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ရီဗယ်ဒိုက ” သူ(နေမာ)အသင်းကိုပြန်လာချင်တာကျွန်တော်သဘောကျပါတယ်၊ ဒါကသူ့အတွက်ရော၊အသင်းအတွက်ပါကောင်းတဲ့အရာပါ၊ သူပြန်လာမယ်လို့မျှော်လင့်ပါတယ်၊ သူ့ရဲ့စိတ်ဓာတ်ကိုပြင်ရပါမယ်၊ ပြီးရင်ဘောလုံးကိုပဲသေချာကစားဖို့စတင်ရပါမယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ဆက်လတ်ပြီး ရီဗယ်ဒို နေမာပြန်ရောက်လာရင်ဘာစီလိုနာအနေနဲ့ချန်ပီယံလိဂ်မှာပိုအခွင့်အရေးရလာနိုင်တဲ့အကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ရီဗယ်ဒို ” သူဘာစီလိုနာကိုပြန်လာရင် ဘာစီလိုနာက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အခွင့်အရေးရှိလာပါလိမ့်မယ် ” လို့ထပ်ပေါင်းပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာနေမာဟာ ဒဏ်ရာပြဿနာတွေကြောင့်အနားယူနေရတာဖြစ်ပါတယ်။ နေမာကိုခေါ်ယူဖို့ ရီးရဲလ်အသင်းကလည်းစိတ်ဝင်စားမှုရှိနေတာဖြစ်ပြီး၊ ဘယ်အသင်းကိုပြောင်းရွှေ့ဖြစ်သွားမလဲဆိုတာတော့စိတ်ဝင်စားစရာကောင်းနေတာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar