ပီအက္စ္ဂ်ီအတြက္မကစားေပးခ်င္ေတာ့ဘူးလို႔ေျပာလိုက္တဲ့ ေနမာ

ဘရာဇီးလ္တိုက္စစ္မွဴး ေနမာတစ္ေယာက္ကေတာ့ ပီအက္စ္ဂ်ီ အတြက္ေနာက္ထပ္ကစားေတာ့မွာမဟုတ္ဘူးလို႔ အတိအလင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါျပီ။

လြန္ခဲ့တဲ့(၂၀၁၇)ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန ကမာၻ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၉၈)သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ေနမာဟာ ပီအက္စ္ဂ်ီအတြက္ (၂)ရာသီၾကာကစားေပးခဲ့ျပီးေနာက္ အသင္းေဟာင္း ဘာစီလိုနာထံ ျပန္ခ်င္ေနပါတယ္။ ပီအက္စ္ဂ်ီကိုစေရာက္ကတည္းက ကာဗာနီနဲ႔ျပႆနာတက္ခဲ့ျပီး အျခားပုဂၢိဳလ္ေရးျပႆနာေတြလည္း မၾကာခဏျဖစ္ပြားခဲ့တဲ့ ေနမာဟာ ဘာစီလိုနာအသင္းကို စြန္႔ခြာမိခဲ့လို႔ ေနာင္တရေနတာလည္းျဖစ္ပါတယ္။

ေနမာအေနနဲ႔ အသင္းရဲ႕ဆရာ၀န္ေတြနဲ႔သာမက ဥကၠ႒နက္ဆာနဲ႔လည္း စိတ္သေဘာထားမတိုက္ဆိုင္မႈေတြရွိခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီမွာ လံုး၀မေပ်ာ္ေတာ့တာလို႔လည္းသိရပါတယ္။ ဒါ့အျပင္ ျပိဳင္ဆိုင္မႈျပင္းထန္ျခင္းမရွိတဲ့ လီဂူး၀မ္းမွာ သူရင္ဆိုင္ရတဲ့ ျပိဳင္ဘက္ေတြကလည္း သူနဲ႔ယွဥ္ရင္ အားနည္းလြန္းေနတာေၾကာင့္ ေနမာက ပ်င္းရိေနတာျဖစ္ပါတယ္။

လီဂူးျပိဳင္ဘက္အသင္းေတြအေနနဲ႔ ေနမာကို သမရိုးက်နည္းနဲ႔ ရပ္တန္႔ဖို႔မလြယ္တဲ့အခါ ၾကမ္းတမ္းတဲ့ ပစ္မွတ္ထားဖ်က္ထုတ္မငေတြကို အသံုးျပဳၾကရပါတယ္။ ဒါေၾကာင့္ေနမာဟာ ဒဏ္ရာေတြ မၾကာခဏဆိုသလို ၾကံဳေတြ႔ခဲ့ရျပီး၊ ဒီအေပၚမွာ ဒိုင္လူၾကီးေတြရဲ႕အျပည့္အ၀ကာကြယ္ေပးမႈကိုလည္း မရတာေၾကာင့္ သူ႔အေနနဲ႔ ျပင္သစ္လိဂ္ကို စိတ္ပ်က္ေနပံုရပါတယ္။

ျပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဘရာဇီးလ္ႏိုင္ငံ ဆာေပၚလိုမွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေနမာက ပီအက္ဂ်ီအတြက္ ေနာက္ထပ္ကစားေပးဖို႔ ဆႏၵမရွိေတာ့ဘူးလို႔ ထုတ္ေဖာ္၀န္ခံလိုက္တာပါ။ ဒီကိစၥနဲ႔ပတ္သက္လို႔ စိတ္ဆိုးေနတဲ့ ပီအက္စ္ဂ်ီဥကၠ႒ နက္ဆာကေတာ့ ေနမာအေနနဲ႔ ျပင္သစ္ေျမမွာ ကစားဖို႔ စိတ္မပါေတာ့ရင္ေတာင္ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အေပၚမွာ ေလးစားမႈ ရွိသင့္တယ္လို႔ ေျပာခဲ့ပါတယ္။

ဘာစီလိုနာကလည္း ဒီအေျခအေနေတြကို အခြင့္ေကာင္းယူကာ ေနမာအတြက္ ယူရိုသန္း(၁၀၀)အျပင္ ေကာ္တင္ဟိုကိုပါအလိုက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္လာျပီျဖစ္လို႔ ေနမာကို ႏူးကမ့္မွာျပန္လည္ေတြ႔ျမင္ရဖို႔ ရာႏႈန္းမ်ားေနပါျပီ။

လူညိဳေခ်ာ@SportsGabar

unicode

ပီအက်စ်ဂျီအတွက်မကစားပေးချင်တော့ဘူးလို့ပြောလိုက်တဲ့ နေမာ

ဘရာဇီးလ်တိုက်စစ်မှူး နေမာတစ်ယောက်ကတော့ ပီအက်စ်ဂျီ အတွက်နောက်ထပ်ကစားတော့မှာမဟုတ်ဘူးလို့ အတိအလင်းထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

လွန်ခဲ့တဲ့(၂၀၁၇)ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၈)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ ပီအက်စ်ဂျီအတွက် (၂)ရာသီကြာကစားပေးခဲ့ပြီးနောက် အသင်းဟောင်း ဘာစီလိုနာထံ ပြန်ချင်နေပါတယ်။ ပီအက်စ်ဂျီကိုစရောက်ကတည်းက ကာဗာနီနဲ့ပြဿနာတက်ခဲ့ပြီး အခြားပုဂ္ဂိုလ်ရေးပြဿနာတွေလည်း မကြာခဏဖြစ်ပွားခဲ့တဲ့ နေမာဟာ ဘာစီလိုနာအသင်းကို စွန့်ခွာမိခဲ့လို့ နောင်တရနေတာလည်းဖြစ်ပါတယ်။

နေမာအနေနဲ့ အသင်းရဲ့ဆရာဝန်တွေနဲ့သာမက ဥက္ကဋ္ဌနက်ဆာနဲ့လည်း စိတ်သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တာကြောင့် ပီအက်စ်ဂျီမှာ လုံးဝမပျော်တော့တာလို့လည်းသိရပါတယ်။ ဒါ့အပြင် ပြိုင်ဆိုင်မှုပြင်းထန်ခြင်းမရှိတဲ့ လီဂူးဝမ်းမှာ သူရင်ဆိုင်ရတဲ့ ပြိုင်ဘက်တွေကလည်း သူနဲ့ယှဉ်ရင် အားနည်းလွန်းနေတာကြောင့် နေမာက ပျင်းရိနေတာဖြစ်ပါတယ်။

လီဂူးပြိုင်ဘက်အသင်းတွေအနေနဲ့ နေမာကို သမရိုးကျနည်းနဲ့ ရပ်တန့်ဖို့မလွယ်တဲ့အခါ ကြမ်းတမ်းတဲ့ ပစ်မှတ်ထားဖျက်ထုတ်မငတွေကို အသုံးပြုကြရပါတယ်။ ဒါကြောင့်နေမာဟာ ဒဏ်ရာတွေ မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရပြီး၊ ဒီအပေါ်မှာ ဒိုင်လူကြီးတွေရဲ့အပြည့်အဝကာကွယ်ပေးမှုကိုလည်း မရတာကြောင့် သူ့အနေနဲ့ ပြင်သစ်လိဂ်ကို စိတ်ပျက်နေပုံရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဘရာဇီးလ်နိုင်ငံ ဆာပေါ်လိုမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ နေမာက ပီအက်ဂျီအတွက် နောက်ထပ်ကစားပေးဖို့ ဆန္ဒမရှိတော့ဘူးလို့ ထုတ်ဖော်ဝန်ခံလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဆိုးနေတဲ့ ပီအက်စ်ဂျီဥက္ကဋ္ဌ နက်ဆာကတော့ နေမာအနေနဲ့ ပြင်သစ်မြေမှာ ကစားဖို့ စိတ်မပါတော့ရင်တောင် ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အပေါ်မှာ လေးစားမှု ရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာကလည်း ဒီအခြေအနေတွေကို အခွင့်ကောင်းယူကာ နေမာအတွက် ယူရိုသန်း(၁၀၀)အပြင် ကော်တင်ဟိုကိုပါအလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာပြီဖြစ်လို့ နေမာကို နူးကမ့်မှာပြန်လည်တွေ့မြင်ရဖို့ ရာနှုန်းများနေပါပြီ။

လူညိုချော@SportsGabar