လာမယ့္ရာသီမွာအာဆင္နယ္အသင္းကပၸတိန္ျဖစ္လာဖြယ္ႏိုင္ဖြယ္ရွိေနတ့ဲကစားသမား(၃)ဦး

ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာအာဆင္နယ္ဟာ အဆင့္(၅)နဲ႔သာရာသီသိမ္းႏိုင္ခ့ဲတာေၾကာင့္ လာမယ့္ရာသီမွာလည္းခ်န္ပီယံလ္ိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္ခ့ဲရျပန္ျပီျဖစ္ပါတယ္။ ခံစစ္ပိုင္းျပႆနာေတြနဲ႔အာဆင္နယ္အသင္းဟာ ျပီးခ့ဲတ့ဲရာသီမွာရလဒ္ေတြဆိုးရြားခ့ဲတာလည္းျဖစ္ပါတယ္။ လာမယ့္ရာသီမွာလည္း အာဆင္နယ္အသင္းအေနနဲ႔ခ့စစ္ျပႆနာကိုမေျဖရွင္းႏိုင္ဘူးဆိုရင္ ရုန္းကန္ရဖို႔ရွိေနပါတယ္။ဒါ့အျပင္အာဆင္နယ္အသင္းေနာက္ဖပ္ရင္ဆိုင္ရမယ့္ျပႆနာကေတာ့ လာမယ့္ရာသီအတြက္အာဆင္နယ္အသင္းအတြက္အသင္းေခါင္းေဆာင္ရာထူးပဲျဖစ္ပါတယ္။

ျပီးခ့ဲတ့ဲရာသီေတြမွာ ကိုစီရယ္နီ၊ပီတာခ်က္၊ ရမ္ေဆး၊ဇာခါနဲ႔အိုေဇးလ္တို႔ကအာဆင္နယ္အသင္းရဲကအသင္းေခါင္းေဆာင္ရာထူးကိုလွည့္ပတ္တာ၀န္ယူခ့ဲၾကတာျဖစ္ပါတယ္။ လာမယ့္ရာသီမွာေတာ့ ရမ္ေဆးကလည္းအသင္းကထြက္ခြာသြားျပီျဖစ္သလို ပီတာခ်က္ကလည္းအနားယူသြားခ့ဲပါျပီ။ က်န္တ့ဲကစားသမားေတြရဲ႕အနာဂတ္ကလည္းမေသခ်ာေသးဘူးျဖစ္ေနတာပါ။ ဒါ့ေၾကာင့္လာမယ့္ရာသီမွာအာဆင္နယ္အသင္းရဲ႕အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္ဖြယ္ရွိေနတ့ဲကစားသမား(၃)ဦးကိုေဖာ္ျပေပးလိုက္ပါတယ္။

(၃) နာခ်ိဳမိုရီရယ္လ္
အာဆင္၀င္းဂါလက္ထက္မွာ အသင္းရဲ႕အသင္းေခါင္းေဆာင္လက္ပတ္ကိုအသင္းမွာရွိတ့ဲအသက္အၾကီးဆံုးကစားသမားကိုေပးေလ့ရွိတ့ဲအစဥ္အလာတစ္ခုရွိပါတယ္။ ဖာဘရီဂတ္စ္နဲ႔ဗန္ပါစီတို႔ကဒီအစဥ္အလာကိုခ်ိဳးျဖတ္ခ့ဲၾကေပမ့ဲ လက္ရွိနည္းျပ အမ္မရီကေတာ့ အာဆင္၀င္းဂါးရဲ႕အစဥ္အလာကိုထိန္းသိမ္းသြားႏိုင္ပါတယ္။ ျပီးခ့ဲတ့ဲ(၂၀၁၃)ခုႏွစ္ကတည္းကအာဆင္နယ္မွာ၇ွိေနခ့ဲတာျဖစ္ျပီး၊ မို၇ီရယ္လ္ဟာအာဆင္နယ္ပတ္သက္ရင္လူသီအမ်ားဆံုးကစားသမားတစ္ေယာက္လည္းျဖစ္ေနတာေၾကာင့္ လာမယ့္ရာသီအတြက္ အာဆင္အသင္းကပၸတိန္အသစ္အျဖစ္ မိုရီရယ္လ္ကျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။

(၂)လာကာဇက္
အာဆင္နယ္အသင္းအေနနဲ႔သူတို႔ရဲ႕ေနာက္ထပ္ကပၸတိန္အသစ္ကိုေရြးခ်ယ္မယ္ဆိုရင္လာကာဇက္က အမ္မရီအတြက္အေကာင္းဆံုးေရြးခ်ယ္မႈတစ္ခုျဖစ္ႏိုင္ပါတယ္။ အသင္းအတြက္အျမဲတမ္းအေကာင္းဆံုးေပးဆပ္ျပီးကစားေလ့ရွိတ့ဲသူျဖစ္တာေၾကာင့္ လာကာဇက္ဟာ လာမယ့္ရာသီအာဆင္နယ္အသင္းေခါင္းေဆာင္ရာထူးအတြက္ သင့္ေတာ္တ့ဲေရြးခ်ယ္မႈတစ္ခုျဖစ္လာႏိုင္ပါတယ္။

(၁)ဇာခါ
ျပီးခ့ဲတ့ဲရာသီေတြမွာတုန္းကလည္းအသင္းရဲ႕အသင္းေခါင္းေဆာင္ရာထူးကိုရဖူးခ့ဲတ့ဲသူတစ္ဦးျဖစ္ျပီး၊ သူ႔ရဲ႕အေတြ႔အၾကံဳေတြနဲ႔ေျခစြမ္းပိုင္းကအသင္းကိုဦးေဆာင္ဖို႔ လံုေလာက္မႈရွိပါတယ္။ ေနာက္ျပီူဇာခါဟာကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္ကာ အသင္းေခါင္းေဆာင္ရာထူးကိုလည္း ကြင္းလယ္ကစားသမားေတြက ပိုျပီးရေလ့ရွိတာေၾကာင့္ ဇာခါဟာလာမယ့္ရာသီမွာအာဆင္နယ္အသင္းရဲ႕ကပၸတိန္အသစ္ျဖစ္ဖို႔ အသင့္ေတာ္ဆံုးသူတစ္ေယာက္အျဖစ္ရွိေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လာမယ့်ရာသီမှာအာဆင်နယ်အသင်းကပ္ပတိန်ဖြစ်လာဖွယ်နိုင်ဖွယ်ရှိနေတဲ့ကစားသမား(၃)ဦး

ပြီးခဲ့တဲ့ဘောလုံးရာသီမှာအာဆင်နယ်ဟာ အဆင့်(၅)နဲ့သာရာသီသိမ်းနိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာလည်းချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရပြန်ပြီဖြစ်ပါတယ်။ ခံစစ်ပိုင်းပြဿနာတွေနဲ့အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာရလဒ်တွေဆိုးရွားခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့်ရာသီမှာလည်း အာဆင်နယ်အသင်းအနေနဲ့ခ့စစ်ပြဿနာကိုမဖြေရှင်းနိုင်ဘူးဆိုရင် ရုန်းကန်ရဖို့ရှိနေပါတယ်။ဒါ့အပြင်အာဆင်နယ်အသင်းနောက်ဖပ်ရင်ဆိုင်ရမယ့်ပြဿနာကတော့ လာမယ့်ရာသီအတွက်အာဆင်နယ်အသင်းအတွက်အသင်းခေါင်းဆောင်ရာထူးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတွေမှာ ကိုစီရယ်နီ၊ပီတာချက်၊ ရမ်ဆေး၊ဇာခါနဲ့အိုဇေးလ်တို့ကအာဆင်နယ်အသင်းရဲကအသင်းခေါင်းဆောင်ရာထူးကိုလှည့်ပတ်တာဝန်ယူခဲ့ကြတာဖြစ်ပါတယ်။ လာမယ့်ရာသီမှာတော့ ရမ်ဆေးကလည်းအသင်းကထွက်ခွာသွားပြီဖြစ်သလို ပီတာချက်ကလည်းအနားယူသွားခဲ့ပါပြီ။ ကျန်တဲ့ကစားသမားတွေရဲ့အနာဂတ်ကလည်းမသေချာသေးဘူးဖြစ်နေတာပါ။ ဒါ့ကြောင့်လာမယ့်ရာသီမှာအာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ကစားသမား(၃)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

(၃) နာချိုမိုရီရယ်လ်
အာဆင်ဝင်းဂါလက်ထက်မှာ အသင်းရဲ့အသင်းခေါင်းဆောင်လက်ပတ်ကိုအသင်းမှာရှိတဲ့အသက်အကြီးဆုံးကစားသမားကိုပေးလေ့ရှိတဲ့အစဉ်အလာတစ်ခုရှိပါတယ်။ ဖာဘရီဂတ်စ်နဲ့ဗန်ပါစီတို့ကဒီအစဉ်အလာကိုချိုးဖြတ်ခဲ့ကြပေမဲ့ လက်ရှိနည်းပြ အမ်မရီကတော့ အာဆင်ဝင်းဂါးရဲ့အစဉ်အလာကိုထိန်းသိမ်းသွားနိုင်ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၃)ခုနှစ်ကတည်းကအာဆင်နယ်မှာ၇ှိနေခဲ့တာဖြစ်ပြီး၊ မိုရီရယ်လ်ဟာအာဆင်နယ်ပတ်သက်ရင်လူသီအများဆုံးကစားသမားတစ်ယောက်လည်းဖြစ်နေတာကြောင့် လာမယ့်ရာသီအတွက် အာဆင်အသင်းကပ္ပတိန်အသစ်အဖြစ် မိုရီရယ်လ်ကဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

(၂)လာကာဇက်
အာဆင်နယ်အသင်းအနေနဲ့သူတို့ရဲ့နောက်ထပ်ကပ္ပတိန်အသစ်ကိုရွေးချယ်မယ်ဆိုရင်လာကာဇက်က အမ်မရီအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ အသင်းအတွက်အမြဲတမ်းအကောင်းဆုံးပေးဆပ်ပြီးကစားလေ့ရှိတဲ့သူဖြစ်တာကြောင့် လာကာဇက်ဟာ လာမယ့်ရာသီအာဆင်နယ်အသင်းခေါင်းဆောင်ရာထူးအတွက် သင့်တော်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။

(၁)ဇာခါ
ပြီးခဲ့တဲ့ရာသီတွေမှာတုန်းကလည်းအသင်းရဲ့အသင်းခေါင်းဆောင်ရာထူးကိုရဖူးခဲ့တဲ့သူတစ်ဦးဖြစ်ပြီး၊ သူ့ရဲ့အတွေ့အကြုံတွေနဲ့ခြေစွမ်းပိုင်းကအသင်းကိုဦးဆောင်ဖို့ လုံလောက်မှုရှိပါတယ်။ နောက်ပြီူဇာခါဟာကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ကာ အသင်းခေါင်းဆောင်ရာထူးကိုလည်း ကွင်းလယ်ကစားသမားတွေက ပိုပြီးရလေ့ရှိတာကြောင့် ဇာခါဟာလာမယ့်ရာသီမှာအာဆင်နယ်အသင်းရဲ့ကပ္ပတိန်အသစ်ဖြစ်ဖို့ အသင့်တော်ဆုံးသူတစ်ယောက်အဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar