ကစားသမားတစ်ယောက်ဟာ စီရော်နယ်ဒို ဒါမှမဟုတ် ဒိုင်ဘာလာလို စွမ်းဆောင်ရည်မျိုးရှိနေမယ်ဆိုရင် သူဟာ ဘယ်နေရာမှာမဆို ဘာလုံးကိုကောင်းစွာကစားနိုင်ပါလိမ့်မယ်၊ ကစားပွဲတစ်ပွဲရဲ့အတွေးအမြင်တွေက တူတူပါပဲ၊ ဒါပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကိုလိုက်ဖက်ညီအောင်အသုံးပြုတတ်ဖို့ ဥာဏ်ကောင်းဖို့တော့လိုပါတယ် ” လို့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
unicode
စီရော်နယ်ဒိုနဲ့ဒိုင်ဘာလာကိုချီးကျုးမှုတွေပြုလုပ်သွားခဲ့တဲ့ ဆာရီ
ဆာရီဟာပြီးခဲ့တဲ့ရက်ပိုင်းကမှ ဂျုဗင်တပ်ရဲ့နည်းပြသစ်အဖြစ်တရားဝင်ခန့်အပ်ခြင်းကိုခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းက အသက်(၆၀)အရွယ်ဆာရီကို (၃)နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါနည်းပြသစ်ဆာရီဟာအသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်ကြတဲ့ စီရော်နယ်ဒိုနဲ့ဒိုင်ဘာလာတို့အပေါ်ကိုချီးကျုးမှုတွေပြုလုပ်သွားခဲ့တ့ယ်လို့သိရပါတယ်။ ဆာရီက ” ကျွန်တော်တို့ဟာစီရော်နယ်ဒိုအသင်းမှာရှိနေတာကြောင့် အသင်းကပိုမြင့်တဲ့အဆင့်တစ်ခုမှာရှိနေပါတယ်၊ သူကကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ၊ သူ့ကိုနည်းပြခွင့်ရလို့ကျွန်တော်တကယ်ပဲစိတ်လှုပ်ရှားနေပါတယ်၊ နောက်ပြီး စိန်ခေါ်မှုအသစ်တွေကို စီရော်နယ်ဒိုလုပ်ပြနိုင်ဖို့ကျွန်တော်ကူညီပေးချင်ပါတယ်၊
ကစားသမားတစ်ယောက်ဟာ စီရော်နယ်ဒို ဒါမှမဟုတ် ဒိုင်ဘာလာလို စွမ်းဆောင်ရည်မျိုးရှိနေမယ်ဆိုရင် သူဟာ ဘယ်နေရာမှာမဆို ဘာလုံးကိုကောင်းစွာကစားနိုင်ပါလိမ့်မယ်၊ ကစားပွဲတစ်ပွဲရဲ့အတွေးအမြင်တွေက တူတူပါပဲ၊ ဒါပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကိုလိုက်ဖက်ညီအောင်အသုံးပြုတတ်ဖို့ ဉာဏ်ကောင်းဖို့တော့လိုပါတယ် ” လို့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
ဆက်လတ်ပြီးဆာရီကသူ့ရဲ့နည်းပြရာထူးနဲ့ပတ်သက်ပြီးတော့လည်းပြောကြားသွားခဲ့ပါသေးတယ်။ ဆာရီက ” အမ်ပိုလီ၊နာပိုလီနဲ့ချဲလ်ဆီးမှာဖြစ်ခဲ့တာတွေကြောင့် ကျွန်တော့်ကို သံသယတွေတော့ရှိနေကြပါတယ်၊ ဒီလိုသံသယတွေကိုဖယ်ထုက်ပစ်ဖို့တစ်ခုထဲသောနည်းလမ်းက ပွဲတွေကိုအနိုင်ရအောင်လုပ်ပြီးတော့ လူတွေကိုယုံကြည်လာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်၊ ဂျုဗင်တပ်ကအီတလီမှာအရေးကြီးဆုံးအသင်းတစ်သင်းပါ ” လို့ပြောကြားသွားခဲ့ပါတယ်။
ဂျုဗင်တပ်ရဲ့တာဝန်ရှိသူတွေကလည်းဆာရီကို ဥရောပမှာလည်းအောင်မြင်မှုတွေရဖို့အသင်းကိုကူညီပေးနိုင်ဖို့မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ ဆာရီရဲ့အီတလီမြေအကြောင်းကိုသိနေခြင်းက ချဲလ်ဆီးမှာလုပ်ပြနိုင်ခဲ့သလိုဒီမှာလည်းမကြာမီလုပ်ပြနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။
Sirဇော်ကြီး@SportsGabar