ေဘာလံုးကစားျခင္းမွ ရုတ္တရက္အနားယူလိုက္တဲ့ ေတာရက္စ္

လီဗာပူးလ္အသင္းနဲ႔ခ်ဲလ္ဆီးအသင္းေတြမွာ ကစားခဲ့ဖူးတဲ့ စပိန္တိုက္စစ္မွဴး ဖာနန္ဒိုေတာရက္စ္ဟာ ေဘာလံုးကစားသမားဘ၀ကေန အနားယူေတာ့မယ္လို႔ ရုတ္တရက္ေၾကျငာလိုက္ပါတယ္။

ျပီးခဲ့တဲ့ႏွစ္က အက္သလက္တီကိုမက္ဒရစ္အသင္းကေနထြက္ခြာျပီး ဂ်ပန္ကလပ္စကန္တိုဆူ အသင္းမွာ သြားေရာက္ကစားေနတဲ့ စပိန္လက္ေရြးစင္ေဟာင္းဟာ အသက္အရြယ္အားျဖင့္ (၃၅)ႏွစ္ရွိေနျပီလည္းျဖစ္ပါတယ္။ လီဗာပူးလ္အသင္းမွာ (၄)ႏွစ္ၾကာကစားခဲ့ျပီး (၈၁)ဂိုးသြင္းကာ ေအာင္ျမင္တဲ့အခ်ိန္ေတြကိုပိုင္ဆိုင္ခဲ့တဲ့ ေတာရက္စ္ဟာ ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိခ်ိန္မွာလည္း ခ်န္ပီယံလိဂ္ဖလားနဲ႔ အက္ဖ္ေအဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ျပီး ထပ္မံေအာင္ျမင္ခဲ့ျပန္ပါတယ္။

စပိန္လက္ေရြးစင္အသင္းၾကီးနဲ႔အတူ ယူရို(၂၀၀၈)ဖလားနဲ႔ (၂၀၁၀) ကမာၻ႔ဖလားတို႔ကိုလည္း ရယူႏိုင္ခဲ့တဲ့ ဖာနန္ဒိုေတာရက္စ္က-

” ကြ်န္ေတာ့္အတြက္ အရမ္းအေရးၾကီးတဲ့ အရာတစ္ခုကို ေၾကျငာစရာရွိပါတယ္၊ ကစားသမားဘ၀မွာ (၁၈)ႏွစ္ၾကာက်င္လည္ခဲ့ျပီးေနာက္ ေဘာလံုးကစားျခင္းကို အဆံုးသတ္ဖို႔အခ်ိန္ က်ေရာက္လာခဲ့ပါျပီ၊ ကြ်န္ေတာ္ အနားယူပါေတာ့မယ္ ” လို႔ ေၾကျငာသြားခဲ့တာပါ။

လြန္ခဲ့တဲ့ (၂၀၀၇)ခုႏွစ္က အက္သလက္တီကိုအသင္းကေန ပရီးမီးယားလိဂ္ထံေျပာင္းေရႊ႕လာခဲ့တဲ့ ေတာရက္စ္ဟာ လီဗာပူးလ္အတြက္ ေရာက္ေရာက္ခ်င္းႏွစ္မွာပဲ ပရီးမီးယားလိဂ္ဂိုး (၂၄)ဂိုးအထိသြင္းယူႏိုင္ခဲ့လို႔ အန္ဖီးလ္မွာ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္ခဲ့သူပါ။ အဲဒီေနာက္(၂၀၁၁)ခုႏွစ္ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလေနာက္ဆံုးေန႔ရက္ေတြမွာ ေတာရက္စ္ဟာ ခ်ဲလ္ဆီးထံကို ေပါင္သန္း (၅၀)နဲ႔ေျပာင္းသြားခဲ့လို႔ လီဗာပူးလ္ပရိသတ္ေတြရဲ႕ျငိဳျငင္မႈကို ရင္ဆိုင္ခဲ့ရပါေသးတယ္။

ခ်ဲလ္ဆီးအသင္းကေန စီးရီးေအကလပ္ ေအစီမီလန္အသင္းမွာ အငွားသြားေရာက္ကစားခဲ့တဲ့ ေတာရက္စ္ကို (၂၀၁၅)ခုႏွစ္မွာ အသင္းေဟာင္း အက္သလက္တီကိုက ျပန္လည္ေခၚယူခဲ့ပါတယ္။ အဲဒီေနာက္ ျပီးခဲ့တဲ့ ဂ်ဴလိုင္လမွာေတာ့ အက္သလက္တီကိုအသင္းကိုစြန္႔ခြာသြားျပီး ဂ်ပန္ကလပ္စကန္တိုဆူ အသင္းကိုေျပာင္းေရႊ႕သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘောလုံးကစားခြင်းမှ ရုတ်တရက်အနားယူလိုက်တဲ့ တောရက်စ်

လီဗာပူးလ်အသင်းနဲ့ချဲလ်ဆီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ ဘောလုံးကစားသမားဘဝကနေ အနားယူတော့မယ်လို့ ရုတ်တရက်ကြေငြာလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေထွက်ခွာပြီး ဂျပန်ကလပ်စကန်တိုဆူ အသင်းမှာ သွားရောက်ကစားနေတဲ့ စပိန်လက်ရွေးစင်ဟောင်းဟာ အသက်အရွယ်အားဖြင့် (၃၅)နှစ်ရှိနေပြီလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ (၄)နှစ်ကြာကစားခဲ့ပြီး (၈၁)ဂိုးသွင်းကာ အောင်မြင်တဲ့အချိန်တွေကိုပိုင်ဆိုင်ခဲ့တဲ့ တောရက်စ်ဟာ ချဲလ်ဆီးအသင်းကို ရောက်ရှိချိန်မှာလည်း ချန်ပီယံလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ထပ်မံအောင်မြင်ခဲ့ပြန်ပါတယ်။

စပိန်လက်ရွေးစင်အသင်းကြီးနဲ့အတူ ယူရို(၂၀၀၈)ဖလားနဲ့ (၂၀၁၀) ကမ္ဘာ့ဖလားတို့ကိုလည်း ရယူနိုင်ခဲ့တဲ့ ဖာနန်ဒိုတောရက်စ်က-

” ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို ကြေငြာစရာရှိပါတယ်၊ ကစားသမားဘဝမှာ (၁၈)နှစ်ကြာကျင်လည်ခဲ့ပြီးနောက် ဘောလုံးကစားခြင်းကို အဆုံးသတ်ဖို့အချိန် ကျရောက်လာခဲ့ပါပြီ၊ ကျွန်တော် အနားယူပါတော့မယ် ” လို့ ကြေငြာသွားခဲ့တာပါ။

လွန်ခဲ့တဲ့ (၂၀၀၇)ခုနှစ်က အက်သလက်တီကိုအသင်းကနေ ပရီးမီးယားလိဂ်ထံပြောင်းရွှေ့လာခဲ့တဲ့ တောရက်စ်ဟာ လီဗာပူးလ်အတွက် ရောက်ရောက်ချင်းနှစ်မှာပဲ ပရီးမီးယားလိဂ်ဂိုး (၂၄)ဂိုးအထိသွင်းယူနိုင်ခဲ့လို့ အန်ဖီးလ်မှာ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့သူပါ။ အဲဒီနောက်(၂၀၁၁)ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်တွေမှာ တောရက်စ်ဟာ ချဲလ်ဆီးထံကို ပေါင်သန်း (၅၀)နဲ့ပြောင်းသွားခဲ့လို့ လီဗာပူးလ်ပရိသတ်တွေရဲ့ငြိုငြင်မှုကို ရင်ဆိုင်ခဲ့ရပါသေးတယ်။

ချဲလ်ဆီးအသင်းကနေ စီးရီးအေကလပ် အေစီမီလန်အသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ တောရက်စ်ကို (၂၀၁၅)ခုနှစ်မှာ အသင်းဟောင်း အက်သလက်တီကိုက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ဂျူလိုင်လမှာတော့ အက်သလက်တီကိုအသင်းကိုစွန့်ခွာသွားပြီး ဂျပန်ကလပ်စကန်တိုဆူ အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

လူညိုချော@SportsGabar