ဟာဇက္ကိုမက္ဆီ၊စီေရာ္နယ္ဒိုတို႔နဲ႔ႏိႈင္းယွဥ္ျပီးခ်ီးက်ဳးလိုက္တ့ဲ ကီပါ

ခ်ဲလ္ဆီးအသင္းရဲ႕ဂိုးသမားကီပါက အသင္းေဖာ္ဟာဇက္ကို မက္ဆီ၊စီေရာ္နယ္ဒိုတို႔နဲ႔ႏိႈင္းယွဥ္ျပီးခ်ီးက်ဳးေျပာဆိုမႈေတြျပဳလုပ္ခ့ဲပါတယ္။ ဟာဇက္က ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕ဖို႔နီးစပ္ေနတ့ဲသူျဖစ္ျပီး၊ ဒီရာသီမွာခ်ဲလ္ဆီးအသင္းနဲ႔အတူ ယူရိုပါလိဂ္ဖလားကိုရယူထားနိုင္ခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။

ဟာဇက္က အာဆင္နယ္အသင္းကိုေလးဂိုးတစ္ဂိုးနဲ႔အနိုင္ရရွိခ့ဲတ့ဲ ယူရိုပါလိဂ္ဗိုလ္လုပြဲမွာလည္း အသင္းအတြက္ ႏွစ္ဂိုးသြင္းကယ တစ္ဂိုးဖန္တီးေပးနိုင္ခ့ဲျပီး၊ ေျခစြမ္းျပကစားထားနိုင္ခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ဂိုးသမား ကီပါ ကေတာ့ ဟာဇက္ကို မက္ဆီ၊ စီေရာ္နယ္ဒိုတို႔နဲ႔ႏိႈင္းယွဥ္ျပီး၊ ခ်ီးမြမ္းခန္းဖြင့္ခ့ဲတာလည္းျဖစ္ပါတယ္။

ကီပါက ” သူကအရာရာကိုလုပ္နိုင္ပါတယ္၊ သူက ဖန္တီးမႈေတြလည္းျပဳလုပ္နိုင္သလို ဂိုးေတြလည္းသြင္းယူေပးနိုင္ပါတယ္၊ ေနာက္ျပီး၊ ဘယ္ေတာင္ပံရာ ညာေတာင္ပံမွာပါကစားနိုင္ပါတယ္၊ သူကျမန္တယ္၊ ကစားအားရွိတယ္၊ တစ္ဦးခ်င္းျဖတ္ေက်ာ္ရာမွာလည္းအရမ္းေကာင္းတယ္၊ သူကေဘာလံုးကိုေကာင္းစြာ ကစားႏိုင္စြမ္းရွိတယ္၊ ကၽြန္ေတာ့အတြက္ေတာ့ သူကပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးကစားသမားတစ္ေယာက္ပါပဲ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဟာဇက္အေနနဲ႔ဘလြန္းဒီေအာ္ဆုကို မက္စီနဲ႔စီေရာ္နယ္ဒိုတို႔လို ငါးၾကိမ္ေလာက္ရနိုင္လားဆိုတ့ဲေမးခြန္းနဲ႔ပတ္သက္ျပီးေတာ့လည္း ကီပါက ” ကၽြန္ေတာ္မေျပာနိုင္ပါဘူး၊ ဒါေပမ့ဲ နီးစပ္ပါတယ္၊ သူက ကမာၻ႕အေကာင္းဆံုးကစားသမားငါးေယာက္ထဲမွာပါပါတယ္၊ သူက ကစားသမားေကာင္းေတြအားလံုးရဲ႕အထက္မွာရွိေနပါတယ္၊ ေနာက္ျပီး သူကအသင္းကိုအျမဲတိုးတက္ေစတ့ဲကစားသမားတစ္ဦးပါ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဟာဇက္က ဒီရာသီမွာခ်ဲလ္ဆီးအသင္းအတြက္ ျပိဳင္ပြဲစံု (၂၁)ဂိုးသြင္းယူထားျပီး၊ ဂိုးဖန္တီးမႈ (၁၅)ၾကိမ္အထိျပဳလုပ္ေပးထားနိုင္ခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။ ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕ဖို႔နီးစပ္လ်က္ရွိေနျပီး၊ ခ်ဲလ္ဆီးအသင္းဘက္က ဟာဇက္အတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၁၀၀)အလိုရွိေနတာလညး္ျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဟာဇက်ကိုမက်ဆီ၊စီရော်နယ်ဒိုတို့နဲ့နှိုင်းယှဉ်ပြီးချီးကျုးလိုက်တဲ့ ကီပါ

ချဲလ်ဆီးအသင်းရဲ့ဂိုးသမားကီပါက အသင်းဖော်ဟာဇက်ကို မက်ဆီ၊စီရော်နယ်ဒိုတို့နဲ့နှိုင်းယှဉ်ပြီးချီးကျုးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဟာဇက်က ရီးရဲလ်အသင်းကိုပြောင်းရွှေ့ဖို့နီးစပ်နေတဲ့သူဖြစ်ပြီး၊ ဒီရာသီမှာချဲလ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကိုရယူထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ဟာဇက်က အာဆင်နယ်အသင်းကိုလေးဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းအတွက် နှစ်ဂိုးသွင်းကယ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး၊ ခြေစွမ်းပြကစားထားနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ဂိုးသမား ကီပါ ကတော့ ဟာဇက်ကို မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့နှိုင်းယှဉ်ပြီး၊ ချီးမွမ်းခန်းဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။

ကီပါက ” သူကအရာရာကိုလုပ်နိုင်ပါတယ်၊ သူက ဖန်တီးမှုတွေလည်းပြုလုပ်နိုင်သလို ဂိုးတွေလည်းသွင်းယူပေးနိုင်ပါတယ်၊ နောက်ပြီး၊ ဘယ်တောင်ပံရာ ညာတောင်ပံမှာပါကစားနိုင်ပါတယ်၊ သူကမြန်တယ်၊ ကစားအားရှိတယ်၊ တစ်ဦးချင်းဖြတ်ကျော်ရာမှာလည်းအရမ်းကောင်းတယ်၊ သူကဘောလုံးကိုကောင်းစွာ ကစားနိုင်စွမ်းရှိတယ်၊ ကျွန်တော့အတွက်တော့ သူကပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

ဟာဇက်အနေနဲ့ဘလွန်းဒီအော်ဆုကို မက်စီနဲ့စီရော်နယ်ဒိုတို့လို ငါးကြိမ်လောက်ရနိုင်လားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့လည်း ကီပါက ” ကျွန်တော်မပြောနိုင်ပါဘူး၊ ဒါပေမဲ့ နီးစပ်ပါတယ်၊ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားငါးယောက်ထဲမှာပါပါတယ်၊ သူက ကစားသမားကောင်းတွေအားလုံးရဲ့အထက်မှာရှိနေပါတယ်၊ နောက်ပြီး သူကအသင်းကိုအမြဲတိုးတက်စေတဲ့ကစားသမားတစ်ဦးပါ ” လို့ပြောကြားသွားခဲ့ပါတယ်။

ဟာဇက်က ဒီရာသီမှာချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ဂိုးသွင်းယူထားပြီး၊ ဂိုးဖန်တီးမှု (၁၅)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းကိုပြောင်းရွှေ့ဖို့နီးစပ်လျက်ရှိနေပြီး၊ ချဲလ်ဆီးအသင်းဘက်က ဟာဇက်အတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၁၀၀)အလိုရှိနေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar