ဟယ္ရီကိန္းရဲ႕ၾကံ့ခိုင္မႈ အေၾကာင္းကိုေျပာၾကားခဲ့တဲ့ ဗန္ဒိုက္

ျပီးခဲ့တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ စပါးအသင္းနည္းျပ ပိုခ်က္တီႏိုဟာ ဒဏ္ရာသက္သာကာစ ျဖစ္တဲ့တိုက္စစ္မွဴး ဟယ္ရီကိန္းကို ပြဲထြက္ကစားေစဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ စပါးအသင္း ဗိုလ္လုပြဲကို တက္ေရာက္ခဲ့တဲ့ လမ္းတစ္ေလွ်ာက္ အဓိက ေျခစြမ္းျပခဲ့တဲ့ လူးကပ္မိုရာကို ခ်န္လွပ္ျပီး ဟယ္ရီကိန္းကို အသံုးျပဳခဲ့တာဟာ ပိုခ်က္တီႏိုအတြက္ေတာ့ မဟာစြန္႔စားမႈၾကီးတစ္ခုလိုပါပဲ။

ဒါေပမဲ့လည္း စပါးတိုက္စစ္ဟာ အလုပ္မျဖစ္ခဲ့ပဲ ဂိုးရဖို႔ရုန္းကန္ခဲ့ရျပီး တိုက္စစ္မွဴး ဟယ္ရီကိန္းဟာလည္း လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ ရဲ႕ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္ခဲ့ရပါတယ္။ ဒီေန႔ညမွာ နယ္သာလန္အသင္းနဲ႔အဂၤလန္အသင္းတို႔ဟာ ႏိုင္ငံတကာလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ထိပ္တိုက္ေတြ႔ဆံုသြားၾကဖို႔ရွိျပီး နယ္သာလန္ခံစစ္မွဴး ဗန္ဒိုက္နဲ႔ အဂၤလန္တိုက္စစ္မွဴးဟယ္ရီကိန္းတို႔ဟာလည္း ေနာက္တစ္ၾကိမ္ ေတြ႔ဆံု ၾကဦးမွာျဖစ္ပါတယ္။

ဒါနဲ႔ပက္သက္ျပီး ဗန္ဒိုက္က-

” ဟယ္ရီကိန္းဟာ ထူးျခားတဲ့ တိုက္စစ္မွဴးတစ္ဦးပါ၊ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးေတြထဲက တစ္ေယာက္ျဖစ္ျပီး၊ အခုလက္ရွိ အဂၤလန္အသင္းရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးတစ္ဦးလည္းျဖစ္ပါတယ္…”

” တကယ္လို႔သာ ကစားသမားတစ္ေယာက္က ၾကံ့ခိုင္မႈ မျပည့္၀ပဲ ပြဲကစားခဲ့ရင္ အေသးစားဖ်က္ထုတ္မႈတစ္ခု ခံရတာနဲ႔ နာက်င္မႈကိုခံစားရႏိုင္ပါတယ္၊ ကြ်န္ေတာ္သူ႔ကို ဗိုလ္လုပြဲမွာ စပါးအတြက္ ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ပါတယ္၊ ဒါေပမဲ့ သူ႔အေနနဲ႔ ၾကံ့ခိုင္မႈျပည့္၀မွာမဟုတ္ဘူးဆိုတာကိုေတာ့ သိပါတယ္…”

” ဒီေန႔ညပြဲစဥ္မွာ အဂၤလန္အတြက္ သူပါ၀င္ကစားေပးႏိုင္မလား ကြ်န္ေတာ္မသိပါဘူး၊ ဒါေပမဲ့ သူပါလာခဲ့ရင္လည္း အသင့္ျဖစ္ေနဖို႔ ျပင္ဆင္ထားပါတယ္…” လို႔ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဟယ်ရီကိန်းရဲ့ကြံ့ခိုင်မှု အကြောင်းကိုပြောကြားခဲ့တဲ့ ဗန်ဒိုက်

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းနည်းပြ ပိုချက်တီနိုဟာ ဒဏ်ရာသက်သာကာစ ဖြစ်တဲ့တိုက်စစ်မှူး ဟယ်ရီကိန်းကို ပွဲထွက်ကစားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စပါးအသင်း ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ လမ်းတစ်လျှောက် အဓိက ခြေစွမ်းပြခဲ့တဲ့ လူးကပ်မိုရာကို ချန်လှပ်ပြီး ဟယ်ရီကိန်းကို အသုံးပြုခဲ့တာဟာ ပိုချက်တီနိုအတွက်တော့ မဟာစွန့်စားမှုကြီးတစ်ခုလိုပါပဲ။

ဒါပေမဲ့လည်း စပါးတိုက်စစ်ဟာ အလုပ်မဖြစ်ခဲ့ပဲ ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ခဲ့ရပါတယ်။ ဒီနေ့ညမှာ နယ်သာလန်အသင်းနဲ့အင်္ဂလန်အသင်းတို့ဟာ နိုင်ငံတကာလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံသွားကြဖို့ရှိပြီး နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းတို့ဟာလည်း နောက်တစ်ကြိမ် တွေ့ဆုံ ကြဦးမှာဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ပြီး ဗန်ဒိုက်က-
” ဟယ်ရီကိန်းဟာ ထူးခြားတဲ့ တိုက်စစ်မှူးတစ်ဦးပါ၊ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ပြီး၊ အခုလက်ရှိ အင်္ဂလန်အသင်းရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်…”

” တကယ်လို့သာ ကစားသမားတစ်ယောက်က ကြံ့ခိုင်မှု မပြည့်ဝပဲ ပွဲကစားခဲ့ရင် အသေးစားဖျက်ထုတ်မှုတစ်ခု ခံရတာနဲ့ နာကျင်မှုကိုခံစားရနိုင်ပါတယ်၊ ကျွန်တော်သူ့ကို ဗိုလ်လုပွဲမှာ စပါးအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်၊ ဒါပေမဲ့ သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝမှာမဟုတ်ဘူးဆိုတာကိုတော့ သိပါတယ်…”

” ဒီနေ့ညပွဲစဉ်မှာ အင်္ဂလန်အတွက် သူပါဝင်ကစားပေးနိုင်မလား ကျွန်တော်မသိပါဘူး၊ ဒါပေမဲ့ သူပါလာခဲ့ရင်လည်း အသင့်ဖြစ်နေဖို့ ပြင်ဆင်ထားပါတယ်…” လို့ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar