အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲမွာ စံခ်ိန္သစ္ေတြတင္ခဲ့ၾကတဲ့ အေမရိကန္နဲ႔ထိုင္း

ၾကာသပေတးေန႔ကကန္ခဲ့တဲ့ အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲရဲ႕အုပ္စုေနာက္ဆံုး ပြဲစဥ္မွာ အေမရိကန္ အမ်ိဳးသမီးအသင္းက ဆြီဒင္အမ်ိဳးသမီးအသင္းကို (၂)ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ျပီးေနာက္ ကမာၻဖလားျပိဳင္ပြဲမွာ ေနာက္ထပ္စံခ်ိန္တစ္ခုကို ထပ္မံခ်ိဳးျဖတ္ႏိုင္ခဲ့ပါတယ္။

အဖြင့္ပြဲစဥ္မွာ အာဆီယံထိပ္သီး ထိုင္းအသင္းကို စံခ်ိန္တင္ (၁၃)ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာမၾကာေသးခင္မွာပဲ ေနာက္ထပ္စံခ်ိန္တစ္ခုအေနနဲ႔ အေမရိကန္အမ်ိဳးသမီးအသင္းဟာ အုပ္စုအဆင့္မွာ ဂိုးအမ်ားဆံုးဆိုတဲ့ မွတ္တမ္းေကာင္းကို ရရွိခဲ့ပါတယ္။ ထိုင္းကို(၁၃)ဂိုး၊ ခ်ီလီကို (၃)ဂိုးနဲ႔ ဆြီဒင္ကို (၂)ဂိုးသြင္းယူႏိုင္ခဲ့လို႔ အေမရိကန္ရဲ႕အုပ္စုတြင္း သြင္းဂိုး စုစုေပါင္းက (၁၈)ဂိုးအထိ ရွိခဲ့တာပါ။

ယခင္က အုပ္စုတြင္းဂိုးအမ်ားဆံုးစံခ်ိန္ကို ဟန္ေဂရီ(၁၉၅၄)နဲ႔ ေနာ္ေ၀(၁၉၉၅)တို႔က (၁၇)ဂိုးသြင္းယူျပီး မွတ္တမ္း၀င္ထားခဲ့တာပါ။ ဒါေၾကာင့္ အေမရိကန္အမ်ိဳးသမီးအသင္းအေနနဲ႔ စံခ်ိန္ေဟာင္းကို (၁)ဂိုးအသာနဲ႔ ခ်ိဳးျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အာဆီယံထိပ္သီး ထိုင္းအမ်ိဳးသမီးအသင္းကေတာ့ အေမရိကန္နဲ႔ ဆန္႔က်င္ဘက္ မွတ္တမ္းဆိုးတစ္ခုအျဖစ္ အုပ္စုတြင္း ေပးဂိုးအမ်ားဆံုးဆိုတဲ့စံခ်ိန္ကိုပိုင္ဆိုင္သြားခဲ့တာျဖစ္ပါတယ္။

ထိုင္းအသင္းဟာအဖြင့္ပြဲမွာ အေမရိကန္ကို (၁၃)ဂိုး၊ ဒုတိယေျမာက္ပြဲစဥ္မွာ ဆြီဒင္ကို (၅)ဂိုး နဲ႔ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ခ်ီလီကို (၂)ဂိုး ခြင့္ျပဳခဲ့ရျပီး အုပ္စုအတြင္းစုစုေပါင္း ဂိုး(၂၀)အထိခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ဒါဟာ ကမာၻဖလားသမိုင္းမွာ ဘယ္အသင္းထက္မဆို ပိုမိုမ်ားျပားတဲ့ ေပးဂိုးအေရအတြက္ျဖစ္ခဲ့ျပီး၊ သူတို႔ရဲ႕ရဂိုးကလည္း (၁)ဂိုးသာရွိခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စံချိန်သစ်တွေတင်ခဲ့ကြတဲ့ အမေရိကန်နဲ့ထိုင်း

ကြာသပတေးနေ့ကကန်ခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အမေရိကန် အမျိုးသမီးအသင်းက ဆွီဒင်အမျိုးသမီးအသင်းကို (၂)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာဖလားပြိုင်ပွဲမှာ နောက်ထပ်စံချိန်တစ်ခုကို ထပ်မံချိုးဖြတ်နိုင်ခဲ့ပါတယ်။

အဖွင့်ပွဲစဉ်မှာ အာဆီယံထိပ်သီး ထိုင်းအသင်းကို စံချိန်တင် (၁၃)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာမကြာသေးခင်မှာပဲ နောက်ထပ်စံချိန်တစ်ခုအနေနဲ့ အမေရိကန်အမျိုးသမီးအသင်းဟာ အုပ်စုအဆင့်မှာ ဂိုးအများဆုံးဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့ပါတယ်။ ထိုင်းကို(၁၃)ဂိုး၊ ချီလီကို (၃)ဂိုးနဲ့ ဆွီဒင်ကို (၂)ဂိုးသွင်းယူနိုင်ခဲ့လို့ အမေရိကန်ရဲ့အုပ်စုတွင်း သွင်းဂိုး စုစုပေါင်းက (၁၈)ဂိုးအထိ ရှိခဲ့တာပါ။

ယခင်က အုပ်စုတွင်းဂိုးအများဆုံးစံချိန်ကို ဟန်ဂေရီ(၁၉၅၄)နဲ့ နော်ဝေ(၁၉၉၅)တို့က (၁၇)ဂိုးသွင်းယူပြီး မှတ်တမ်းဝင်ထားခဲ့တာပါ။ ဒါကြောင့် အမေရိကန်အမျိုးသမီးအသင်းအနေနဲ့ စံချိန်ဟောင်းကို (၁)ဂိုးအသာနဲ့ ချိုးဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အာဆီယံထိပ်သီး ထိုင်းအမျိုးသမီးအသင်းကတော့ အမေရိကန်နဲ့ ဆန့်ကျင်ဘက် မှတ်တမ်းဆိုးတစ်ခုအဖြစ် အုပ်စုတွင်း ပေးဂိုးအများဆုံးဆိုတဲ့စံချိန်ကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

ထိုင်းအသင်းဟာအဖွင့်ပွဲမှာ အမေရိကန်ကို (၁၃)ဂိုး၊ ဒုတိယမြောက်ပွဲစဉ်မှာ ဆွီဒင်ကို (၅)ဂိုး နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ချီလီကို (၂)ဂိုး ခွင့်ပြုခဲ့ရပြီး အုပ်စုအတွင်းစုစုပေါင်း ဂိုး(၂၀)အထိခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာဖလားသမိုင်းမှာ ဘယ်အသင်းထက်မဆို ပိုမိုများပြားတဲ့ ပေးဂိုးအရေအတွက်ဖြစ်ခဲ့ပြီး၊ သူတို့ရဲ့ရဂိုးကလည်း (၁)ဂိုးသာရှိခဲ့ပါတယ်။

လူညိုချော@SportsGabar