ေနမာအတြက္ေငြအၾကီးအက်ယ္သံုးဖို႔ျပင္ဆင္လာျပန္တ့ဲ ရီးရဲလ္

လာမယ့္ရာသီမွာ အသင္းကိုျပန္လည္တည္ေဆာက္ဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းဟာယခုေႏြေစ်းကြက္ထဲမွာ ကစားသမားအေျပာင္းအေရႊ႕အတြက္ အသံုးစရိတ္ယူရိုသန္း(၄၀၀)အထိသံုးဖို႔ျပင္ဆင္ထားတာလည္းျဖစ္ပါတယ္။

လက္ရွိမွာ ရီးရဲလ္ဟာ ဟာဇက္၊ လူကာဂ်ိဳဗစ္၊မန္ဒီ၊ ရိုဒရီဂို၊ မီလီတာရိုနဲ႔ ကူဘိုတို႔ကိုေခၚယူႏိုင္ခ့ဲျပီးျဖစ္ကာ ဒီေႏြေစ်းကြက္ရဲ႕(၇)ေယာက္ေျမာက္ကစားသမားေခၚယူမႈကိုျပဳလုပ္ဖို႔ ေနမာကိုပစ္မွတ္လာတာလည္းျဖစ္ပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီအသင္းမွာမေပ်ာ္မရႊင္ျဖစ္ေနျပီး၊ အသင္းေဟာင္းဘာစီလိုနာကိုေျပာင္းေရႊ႕မယ္လို႔သတင္းေတြထြက္ေနတာလည္းျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ ရီးရဲလ္အသင္းကေနမာကိုေခၚယူဖို႔ပစ္မွတ္ထားလာတာျဖစ္ျပီး၊ေနမာအတြက္ေျပာင္းေရႊ႕ေၾကးကို အမ်ားအျပားသံုးစြဲသြားဖို႔ရွိေနတယ္လို႔လည္းသိရပါတယ္။ လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ ရီးရဲလ္ဟာေနမာကိုေခၚယူႏိုင္ဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးယူရိုသန္း(၁၃၀)အျပင္ ဒီရာသီအသင္းကေနထြက္ခြာရဖို႔ရွိေနတ့ဲ ေဘးလ္ ဒါမွမဟုတ္ ဂ်ိမ္းစ္တို႔ထဲကတစ္ဦးကိုပါအလိုက္ေပးျပီးကမ္းလွမ္းသြားမယ္လို႔သိရပါတယ္။

ေနမာတစ္ေယာက္ ပီအက္စ္ဂ်ီမွာရုန္းကန္ေနရတ့ဲအခ်ိန္မွာ စပိန္ေျမကိုလြမ္းဆြတ္ေနတာျဖစ္ျပီး၊ ပီအက္စ္ဂ်ီကိုယ္တိုင္ကလည္း ေနမာရဲ႕ဒဏ္ရာျပႆနာေတြနဲ႔ ကစားေဖာ္ေတြၾကားထင္ေပၚလိုတ့ဲအျပဳအမူေတြကိုစိတ္ပ်က္ေနတာျဖစ္ျပီး၊ ေနမာအတြက္ထိုက္သင့္တ့ဲ ေျပာင္းေရႊ႕ေၾကးနဲ႔ကမ္းလွမ္းမႈမ်ိဳးေတြရွိလာမယ္ဆိုရင္ ေရာင္းခ်ဖို႔အတြက္ ျဖစ္ႏိုင္ဖြယ္ရွိေနပါတယ္။

ဒါ့ေၾကာင့္ေနမာတစ္ေယာက္ အသင္းေဟာင္းဘာစီလိုနာကိုပဲျပန္မလား၊ ရီးရဲလ္ကိုပဲေရာက္မလား၊ ဒါမွမဟုတ္ ပီအက္စ္ဂ်ီမွာပဲဆက္ျပီးေတာ့ရွိေနမလားဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နေမာအတွက်ငွေအကြီးအကျယ်သုံးဖို့ပြင်ဆင်လာပြန်တဲ့ ရီးရဲလ်

လာမယ့်ရာသီမှာ အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာယခုနွေဈေးကွက်ထဲမှာ ကစားသမားအပြောင်းအရွှေ့အတွက် အသုံးစရိတ်ယူရိုသန်း(၄၀၀)အထိသုံးဖို့ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ရီးရဲလ်ဟာ ဟာဇက်၊ လူကာဂျိုဗစ်၊မန်ဒီ၊ ရိုဒရီဂို၊ မီလီတာရိုနဲ့ ကူဘိုတို့ကိုခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကာ ဒီနွေဈေးကွက်ရဲ့(၇)ယောက်မြောက်ကစားသမားခေါ်ယူမှုကိုပြုလုပ်ဖို့ နေမာကိုပစ်မှတ်လာတာလည်းဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာမပျော်မရွှင်ဖြစ်နေပြီး၊ အသင်းဟောင်ဘာစီလိုနာကိုပြောင်းရွှေ့မယ်လို့သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ရီးရဲလ်အသင်းကနေမာကိုခေါ်ယူဖို့ပစ်မှတ်ထားလာတာဖြစ်ပြီး၊နေမာအတွက်ပြောင်းရွှေ့ကြေးကို အများအပြားသုံးစွဲသွားဖို့ရှိနေတယ်လို့လည်းသိရပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ရီးရဲလ်ဟာနေမာကိုခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၁၃၀)အပြင် ဒီရာသီအသင်းကနေထွက်ခွာရဖို့ရှိနေတဲ့ ဘေးလ် ဒါမှမဟုတ် ဂျိမ်းစ်တို့ထဲကတစ်ဦးကိုပါအလိုက်ပေးပြးကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

နေမာတစ်ယောက် ပီအက်စ်ဂျီမှာရုန်းကန်နေရတဲ့အချိန်မှာ စပိန်မြေကိုလွမ်းဆွတ်နေတာဖြစ်ပြီး၊ ပီအက်စ်ဂျီကိုယ်တိုင်ကလည်း နေမာရဲ့ဒဏ်ရာပြဿနာတွေနဲ့ ကစားဖော်တွေကြားထင်ပေါ်လိုတဲ့အပြုအမူတွေကိုစိတ်ပျက်နေတာဖြစ်ပြီး၊ နေမာအတွက်ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းမှုမျိုးတွေရှိလာမယ်ဆိုရင် ရောင်းချဖို့အတွက် ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

ဒါ့ကြောင့်နေမာတစ်ယောက် အသင်းဟောင်းဘာစီလိုနာကိုပဲပြန်မလား၊ ရီးရဲလ်ကိုပဲရောက်မလား၊ ဒါမှမဟုတ် ပီအက်စ်ဂျီမှာပဲဆက်ပြီးတော့ရှိနေမလားဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar