ဒီဘရိုင္းရဲ႕ကိုယ္ပြားေလးကိုစာခ်ဳပ္သက္တမ္းတိုးခ့ဲတ့ဲမန္စီးတီး

ဒီဘရိုင္းရဲ႕ကိုယ္ပြားေလးကိုစာခ်ဳပ္သက္တမ္းတိုးခ့ဲတ့ဲမန္စီးတီး

မန္စီးတီးအသင္းဟာ ဇင္ခ်န္ကို လို႔အမည္ရတ့ဲအသက္(၂၂)ႏွစ္အရြယ္ကြင္းလယ္ကစားသမားေလးကို (၃)ႏွစ္စာခ်ဳပ္သက္တမ္းကိုတိုးခ့ဲတယ္လို႔သိရပါတယ္။ အဆိုပါစာခ်ုဳပ္ေၾကာင့္ ဇင္ခန္ကိုဟာ မန္စီးတီးအသင္းမွာ(၂၀၂၃-၂၄)ေဘာလံုးရာသီအထိရွိေနေတာ့မွာျဖစ္ပါတယ္။

ဇင္ခ်န္ကိုဟာ ပံုမွန္အားျဖင့္ ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးအျဖစ္ကစားေလ့ရွိေပမ့ဲ မန္စီးတီးနည္းျပ ပတ္ဂြာဒီယိုလာရဲ႕လက္ေအာက္မွာ ဇင္ခ်န္ကိုဟာ ဘယ္ေနာက္ခံလူ အျဖစ္ကစားေနရတာလည္းျဖစ္ပါတယ္။ ဇင္ခ်န္ကိုရဲ႕ေျခစြမ္းေတြေၾကာင့္ ျပီးခ့ဲတ့ဲေဘာလံုးရာသီဒုတိယပိုင္းကိုေရာက္ရွိလာခ့ဲတ့ဲအခ်ိန္မွာ ဇင္ခ်န္ကိုဟာ ဂြာဒီယိုလာရဲ႕ယံုၾကည္မႈကိုရရွိလာခ့ဲျပီး၊ ပရီးမီးယားလိဂ္မွာ(၁၄)ပြဲအထိပါ၀င္ကစားခြင့္ရခ့ဲကာ(၃)ဂိုးဖန္တီးေပးႏိုင္ခ့ဲပါတယ္။

မန္စီးတီးအသင္းရဲ႕ဘယ္ေနာက္ခံလူ မန္ဒီဟာ အသင္းမွာေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနရတ့ဲအခ်ိန္မွာ ဇင္ခ်န္ကိုက မန္ဒီရဲ႕ေနရာကိုေကာင္းစြားအစားထိုးႏိုင္ခ့ဲျပီး၊ ဘယ္ေနာက္ခံေနရာမွာေျခစြမ္းျပႏိုင္ခ့ဲတာေၾကာင့္ နည္းျပဂြာဒီယိုလာရဲ႕စိတ္ၾကိဳက္ကစားသမားတစ္ဦးအျဖစ္ရွိလာခ့ဲပါတယ္။ ဇင္ခ်န္ကို ကိုေခၚယူဖို႔ ၀ုဗ္အသင္းက ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနတ့ဲအခ်ိန္မွာခုလိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ခ့ဲတ့ဲအတြက္ မန္စီးတီးအတြက္ေတာ့အက်ိဳးရွိတ့ဲလုပ္ရပ္တစ္ခုကိုလုပ္ေဆာင္ႏိုင္ခ့ဲတာပဲျဖစ္ပါတယ္။

ဇင္ခ်န္ကိုဟာ ျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ေဘာလံုးရာသီမွာ မန္စီးတီးအသင္းအတြက္ျပိဳင္ပြဲစံု (၂၉)ပြဲပါ၀င္ကစားေပးခ့ဲတ့ဲကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ အသင္(၂၂)ႏွစ္အရြယ္သာရွိေသးျပီး၊ ေနရာစံုကစားႏိုင္တ့ဲေျခစြမ္းေတြေၾကာင့္ အလားအလာရွိတ့ဲလူငယ္ေလးတစ္ဦးအျဖစ္လည္းသတ္မွတ္ထားၾကပါတယ္။ ဇင္ခ်န္ကိုဟာ မန္စီးတီးအသင္းရဲ႕ကြင္းလယ္လူ ဒီဘရိုင္းနဲ႔လည္း ရုပ္ခ်င္းဆင္တူေနတာေၾကာင့္ ဒီဘရိုင္းလက္သစ္လို႔တင္စားခံေနရတ့ဲကစားသမားေလးတစ္ဦးလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒီဘရိုင်းရဲ့ကိုယ်ပွားလေးကိုစာချုပ်သက်တမ်းတိုးခဲ့တဲ့မန်စီးတီး

မန်စီးတီးအသင်းဟာ ဇင်ချန်ကို လို့အမည်ရတဲ့အသက်(၂၂)နှစ်အရွယ်ကွင်းလယ်ကစားသမားလေးကို (၃)နှစ်စာချုပ်သက်တမ်းကိုတိုးခဲ့တယ်လို့သိရပါတယ်။ အဆိုပါစာချုုပ်ကြောင့် ဇင်ခန်ကိုဟာ မန်စီးတီးအသင်းမှာ(၂၀၂၃-၂၄)ဘောလုံးရာသီအထိရှိနေတော့မှာဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ ပုံမှန်အားဖြင့် ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးအဖြစ်ကစားလေ့ရှိပေမဲ့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာရဲ့လက်အောက်မှာ ဇင်ချန်ကိုဟာ ဘယ်နောက်ခံလူ အဖြစ်ကစားနေရတာလည်းဖြစ်ပါတယ်။ ဇင်ချန်ကိုရဲ့ခြေစွမ်းတွေကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီဒုတိယပိုင်းကိုရောက်ရှိလာခဲ့တဲ့အချိန်မှာ ဇင်ချန်ကိုဟာ ဂွာဒီယိုလာရဲ့ယုံကြည်မှုကိုရရှိလာခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာ(၁၄)ပွဲအထိပါဝင်ကစားခွင့်ရခဲ့ကာ(၃)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ဘယ်နောက်ခံလူ မန်ဒီဟာ အသင်းမှာခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရတဲ့အချိန်မှာ ဇင်ချန်ကိုက မန်ဒီရဲ့နေရာကိုကောင်းစွားအစားထိုးနိုင်ခဲ့ပြီး၊ ဘယ်နောက်ခံနေရာမှာခြေစွမ်းပြနိုင်ခဲ့တာကြောင့် နည်းပြဂွာဒီယိုလာရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးအဖြစ်ရှိလာခဲ့ပါတယ်။ ဇင်ချန်ကို ကိုခေါ်ယူဖို့ ဝုဗ်အသင်းက ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့အချိန်မှာခုလိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် မန်စီးတီးအတွက်တော့အကျိုးရှိတဲ့လုပ်ရပ်တစ်ခုကိုလုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက်ပြိုင်ပွဲစုံ (၂၉)ပွဲပါဝင်ကစားပေးခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အသင်(၂၂)နှစ်အရွယ်သာရှိသေးပြီး၊ နေရာစုံကစားနိုင်တဲ့ခြေစွမ်းတွေကြောင့် အလားအလာရှိတဲ့လူငယ်လေးတစ်ဦးအဖြစ်လည်းသတ်မှတ်ထားကြပါတယ်။ ဇင်ချန်ကိုဟာ မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ဒီဘရိုင်းနဲ့လည်း ရုပ်ချင်းဆင်တူနေတာကြောင့် ဒီဘရိုင်းလက်သစ်လို့တင်စားခံနေရတဲ့ကစားသမားလေးတစ်ဦးလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar