ဟီဂူအင္ကို စာခ်ဳပ္ခ်ဳပ္လိုက္ခ်ိန္မွာ သူစိတ္ပ်က္ခဲ့ရေၾကာင္း ဂီေရာက္၀န္ခံ

ခ်ဲလ္ဆီးအသင္းရဲ႕ ယူရိုပါလိဂ္ေအာင္ပြဲေတြမွာ သြင္းဂိုး (၁၁)ဂိုးနဲ႔ ဆရာက်ခဲ့တဲ့ ဂီေရာက္တစ္ေယာက္၊ တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္နဲ႔အတူ ခ်ဲလ္ဆီးမွာ ေနာက္တစ္ႏွစ္ဆက္ရွိေနဖို႔ လက္မွတ္ထိုးထားျပီးပါျပီ။

ဗဟိုတိုက္စစ္မွဴး အေနနဲ႔ ပရီးမီးယားလိဂ္မွာ ပြဲမထြက္ရေပမယ့္ ယူရိုပါလိဂ္မွာ ေကာင္းေကာင္းပြဲထြက္ျပီး၊ ေျခစြမ္းျပခဲ့တဲ့အေပၚ ဂီေရာက္ကို အသင္းလက္မလႊတ္ဖို႔ ဆံုးျဖတ္ခဲ့တာပါ။ ဒီဆံုးျဖတ္ခ်က္ကို ဂီေရာက္ခ်မွတ္ခဲ့ခ်ိန္မွာလြယ္ကူခဲ့တာေတာ့ မဟုတ္ဘဲ အေၾကာင္းက အသင္းကို ေရာက္လာတဲ့ ဗဟုိတိုက္စစ္မွဴး ဟီဂူအင္ေၾကာင့္လို႔ ဂီေရာက္က ဆိုပါတယ္။

‘ ဆာရီနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ေထာက္ျပခ်င္တဲ့အခ်က္တစ္ခ်က္က သူ႕ရဲ႕ ေရြးခ်ယ္မႈေတြကို ကၽြန္ေတာ္နားမလည္ဘူးဆိုတာပါပဲ၊ သူကကၽြန္ေတာ့္အေပၚ ျပတ္သားခဲ့တယ္၊ ဇန္န၀ါရီလမွာတုန္းက စိတ္ပ်က္ဖို႔ ေကာင္းခဲ့တာက သူေကာင္းေကာင္းသိတယ္ဆိုတဲ့ ဟီဂူအင္ဆိုတဲ့ တိုက္စစ္မွဴးကို အငွားနဲ႔ ကမ္းလွမ္းလိုက္တဲ့အခ်ိန္ပဲ’

‘ ကၽြန္ေတာ့္အတြက္ေတာ့ ဘယ္လိုမွာ အက်ိဳးေက်းဇူးေကာင္းေတြရလာမွာ မဟုတ္ဘူးေလ၊ ပံုမွန္အတိုင္းပဲ ကၽြန္ေတာ္ကစားႏုိင္တယ္ဆိုတာကို သက္ေသျပဖို႔ အာရံုစိုက္တယ္၊ သူ႕ရဲ႕ေရြးခ်ယ္မႈေတြနဲ႔ ပတ္သက္ျပီး မွားတယ္ဆုိတာကို သက္ေသျပဖို႔ ဆက္ၾကိဳးစားတယ္၊ ဒါေပမဲ့ ဇန္န၀ါရီလလိုမ်ိဳးမွာ ကစားသမားတစ္ေယာက္ကို ေခၚလိုက္တာက ေဖာ္ျပဖို႔နဲ႔ သက္ေသျပဖို႔ ခက္ခဲပါတယ္။’

‘ အခုေတာ့ အဂၤလန္မွာ အနည္းဆံုး တစ္ႏွစ္ဆက္ရွိေနပါမယ္၊ အခြင့္အေရးေတြ ေနာက္တစ္ႏွစ္ထပ္ရွိေသးတယ္ဆိုျပီးေတာ့ပါ၊ ခ်ဲလ္ဆီးကလြဲျပီး တစ္ျခားေနရာမွာ ကစားဖို႔မျမင္မိပါဘူး၊ ‘ ဆိုျပီး ေျပာသြားခဲ့ပါတယ္။ ဟီဂူအင္ေရာက္လာျပီး ေနာက္ပိုင္းမွာ ဂီေရာက္အေနနဲ႔ ျပင္သစ္ကိုေျပာင္းဖို႔ စဥ္းစားခဲ့ေပမယ့္ ယူရိုပါလိဂ္မွာ ပြဲထြက္ခြင့္ရျပီး သက္ေသျပႏိုင္တဲ့အေပၚ ေနာက္တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

ဟီဂူအင္ကေတာ့ အသင္းနဲ႔ အံမက်ခဲဘဲ ေျခစြမ္းေကာင္းေပ်ာက္ဆံုးေနတဲ့အေပၚ သူေရာက္လာတာက ဂီေရာက္ကို တြန္းအားေပးသလို ျဖစ္ခဲ့ျပီး၊ ေျခစြမ္းျပေစခဲ့တာကပဲ ခ်ဲလ္ဆီးအက်ိဳးအျမတ္ရခဲ့တယ္လို႔ ဆိုရမွာပါပဲ။

ေရႊရင္ေအး@SportsGabar

Unicode

ဟီဂူအင်ကို စာချုပ်ချုပ်လိုက်ချိန်မှာ သူစိတ်ပျက်ခဲ့ရကြောင်း ဂီရောက်ဝန်ခံ

ချဲလ်ဆီးအသင်းရဲ့ ယူရိုပါလိဂ်အောင်ပွဲတွေမှာ သွင်းဂိုး (၁၁)ဂိုးနဲ့ ဆရာကျခဲ့တဲ့ ဂီရောက်တစ်ယောက်၊ တစ်နှစ်သက်တမ်းတိုးစာချုပ်နဲ့အတူ ချဲလ်ဆီးမှာ နောက်တစ်နှစ်ဆက်ရှိနေဖို့ လက်မှတ်ထိုးထားပြီးပါပြီ။

ဗဟိုတိုက်စစ်မှူး အနေနဲ့ ပရီးမီးယားလိဂ်မှာ ပွဲမထွက်ရပေမယ့် ယူရိုပါလိဂ်မှာ ကောင်းကောင်းပွဲထွက်ပြီး၊ ခြေစွမ်းပြခဲ့တဲ့အပေါ် ဂီရောက်ကို အသင်းလက်မလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ဂီရောက်ချမှတ်ခဲ့ချိန်မှာလွယ်ကူခဲ့တာတော့ မဟုတ်ဘဲ အကြောင်းက အသင်းကို ရောက်လာတဲ့ ဗဟိုတိုက်စစ်မှူး ဟီဂူအင်ကြောင့်လို့ ဂီရောက်က ဆိုပါတယ်။

‘ ဆာရီနဲ့ ပတ်သက်ပြီး ကျွန်တော်ထောက်ပြချင်တဲ့အချက်တစ်ချက်က သူ့ရဲ့ ရွေးချယ်မှုတွေကို ကျွန်တော်နားမလည်ဘူးဆိုတာပါပဲ၊ သူကကျွန်တော့်အပေါ် ပြတ်သားခဲ့တယ်၊ ဇန်နဝါရီလမှာတုန်းက စိတ်ပျက်ဖို့ ကောင်းခဲ့တာက သူကောင်းကောင်းသိတယ်ဆိုတဲ့ ဟီဂူအင်ဆိုတဲ့ တိုက်စစ်မှူးကို အငှားနဲ့ ကမ်းလှမ်းလိုက်တဲ့အချိန်ပဲ’

‘ ကျွန်တော့်အတွက်တော့ ဘယ်လိုမှာ အကျိုးကျေးဇူးကောင်းတွေရလာမှာ မဟုတ်ဘူးလေ၊ ပုံမှန်အတိုင်းပဲ ကျွန်တော်ကစားနိုင်တယ်ဆိုတာကို သက်သေပြဖို့ အာရုံစိုက်တယ်၊ သူ့ရဲ့ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး မှားတယ်ဆိုတာကို သက်သေပြဖို့ ဆက်ကြိုးစားတယ်၊ ဒါပေမဲ့ ဇန်နဝါရီလလိုမျိုးမှာ ကစားသမားတစ်ယောက်ကို ခေါ်လိုက်တာက ဖော်ပြဖို့နဲ့ သက်သေပြဖို့ ခက်ခဲပါတယ်။’

‘ အခုတော့ အင်္ဂလန်မှာ အနည်းဆုံး တစ်နှစ်ဆက်ရှိနေပါမယ်၊ အခွင့်အရေးတွေ နောက်တစ်နှစ်ထပ်ရှိသေးတယ်ဆိုပြီးတော့ပါ၊ ချဲလ်ဆီးကလွဲပြီး တစ်ခြားနေရာမှာ ကစားဖို့မမြင်မိပါဘူး၊ ‘ ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဟီဂူအင်ရောက်လာပြီး နောက်ပိုင်းမှာ ဂီရောက်အနေနဲ့ ပြင်သစ်ကိုပြောင်းဖို့ စဉ်းစားခဲ့ပေမယ့် ယူရိုပါလိဂ်မှာ ပွဲထွက်ခွင့်ရပြီး သက်သေပြနိုင်တဲ့အပေါ် နောက်တစ်နှစ်စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဟီဂူအင်ကတော့ အသင်းနဲ့ အံမကျခဲဘဲ ခြေစွမ်းကောင်းပျောက်ဆုံးနေတဲ့အပေါ် သူရောက်လာတာက ဂီရောက်ကို တွန်းအားပေးသလို ဖြစ်ခဲ့ပြီး၊ ခြေစွမ်းပြစေခဲ့တာကပဲ ချဲလ်ဆီးအကျိုးအမြတ်ရခဲ့တယ်လို့ ဆိုရမှာပါပဲ။

ရွှေရင်အေး@SportsGabar