စီေရာ္နယ္ဒိုစံခ်ိန္သစ္တင္ႏိုင္ဖို႔ကူညီေပးမယ္ဆိုတ့ဲနည္းျပသစ္ဆာရီ

ဂ်ဳဗင္တပ္အသင္းရဲ႕အသစ္စက္စက္နည္းျပ ဆာရီဟာ အသင္းရဲ႕တိုက္စစ္မွဴးစီေရာ္နယ္ဒို စံခ်ိန္သစ္တင္ႏိုင္ဖို႔အတြက္ ကူညီေပးႏိုင္ဖို႔ေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။ စီေရာ္နယ္ဒိုဟာ စီးရီးေအတစ္ရာသီအတြင္းဂိုးသြင္းအမ်ားဆံုးစံခ်ိန္ကို ခ်ိဳးျဖတ္ဖို႔ပစ္မွတ္ထားေနတယ္လည္းျဖစ္ပါတယ္။

ျပီးခ့ဲတ့ဲေႏြရာသီကမွ ရီးရဲလ္အသင္းကေနဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕ေၾကးယူရို(၁၁၂)သန္းနဲ႔ေရာက္ရွိလာခ့ဲတ့ဲ တိုက္စစ္မွဴးစီေရာ္နယ္ဒိုဟာ ဂ်ဳဗင္တပ္အသင္းနဲ႔ပထမဆံုးေဘာလံုးရာသီမွာပဲ စီးရီးေအသြင္းဂိုး(၂၁)ဂိုးသြင္းယူေပးႏိုင္ခ့ဲပါတယ္။ ဒီလိုအေျခအေနမွာ ဆာရီဟာ တိုက္စစ္မွဴးစီေရာ္နယ္ဒိုကုိ နာပိုလီတိုက္စစ္မွဴးဟီဂူအင္တင္ထားခ့ဲတ့ဲ တစ္ရာသီအတြင္းစီးရီးေအဂိုးသြင္းအမ်ားဆံုးစံခ်ိန္ကိုခ်ိုးျဖတ္ဖို႔အလိုရွိေနတယ္လို႔သိရပါတယ္။

ဟီဂူအင္ဟာ(၂၀၁၅-၁၆)ေဘာလံုးရာသီမွာတစ္ရာသီအတြင္း စီရီးေအသြင္းဂိုး(၃၆)ဂိုးအထိသြင္းယူႏိုင္ခ့ဲတာလည္းျဖစ္ပါတယ္။ ဆာရီကေတာ့ စီေရာ္နယ္ဒိုအေနနဲပ ဟီဂူအင္ရဲ႕စံခ်ိန္ကိုခ်ိဳးျဖတ္ႏိုင္ဖို႔အလိုရွိေနတာပဲျဖစ္ပါတယ္။ ဟီဂူအင္ အဆိုပါစံခ်ိန္ကိုတင္ႏိုင္ခ့ဲတ့ဲအခ်ိန္က နာပိုလီအသင္းကို ဆာရီကနည္းျပေနခ့ဲတာလည္းျဖစ္ပါတယ္။

ဆာရီက သူ႔အေနနဲ႔စီးရီးေအဂိုးသြင္းစံခ်ိန္ကို နာပိုလီအသင္းမွာတုန္းက ဟီဂူအင္နဲ႔တင္ျပႏိုင္ခ့ဲျပီး၊ ယခုတစ္ခါမွာေတာ့ အသင္းရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုနဲ႔အတူ ဒီလိုလုပ္ျပႏိုင္ဖို႔ ေမ်ွာ္လင့္ေနတာလည္းျဖစ္ပါတယ္။ ဆာရီရဲ႕စကားဟာ တိုက္စစ္မွဴးစီေရာ္နယ္ဒိုကို စိန္ေခၚလိုက္တ့ဲပံုစံမ်ိဳးျဖစ္ျပီး၊ စီေရာ္နယ္ဒိုတစ္ေယာက္ ဆာရီေျပာသလို စံခ်ိန္သစ္ကိုလာမယ့္ေဘာလံုးရာသီမွာခ်ိဳးျဖတ္သြားႏိုင္မလား၊ ဆာရီကေတာ့ဘယ္လိုနည္းလမ္းေတြနဲ႔ကူညီေပးမွာလဲဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီရော်နယ်ဒိုစံချိန်သစ်တင်နိုင်ဖို့ကူညီပေးမယ်ဆိုတဲ့နည်းပြသစ်ဆာရီ

ဂျုဗင်တပ်အသင်းရဲ့အသစ်စက်စက်နည်းပြ ဆာရီဟာ အသင်းရဲ့တိုက်စစ်မှူးစီရော်နယ်ဒို စံချိန်သစ်တင်နိုင်ဖို့အတွက် ကူညီပေးနိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။ စီရော်နယ်ဒိုဟာ စီးရီးအေတစ်ရာသီအတွင်းဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖြတ်ဖို့ပစ်မှတ်ထားနေတယ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ ရီးရဲလ်အသင်းကနေဂျုဗင်တပ်ကိုပြောင်းရွှေ့ကြေးယူရို(၁၁၂)သန်းနဲ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းနဲ့ပထမဆုံးဘောလုံးရာသီမှာပဲ စီးရီးအေသွင်းဂိုး(၂၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဆာရီဟာ တိုက်စစ်မှူးစီရော်နယ်ဒိုကို နာပိုလီတိုက်စစ်မှူးဟီဂူအင်တင်ထားခဲ့တဲ့ တစ်ရာသီအတွင်းစီးရီးအေဂိုးသွင်းအများဆုံးစံချိန်ကိုချိုးဖြတ်ဖို့အလိုရှိနေတယ်လို့သိရပါတယ်။

ဟီဂူအင်ဟာ(၂၀၁၅-၁၆)ဘောလုံးရာသီမှာတစ်ရာသီအတွင်း စီရီးအေသွင်းဂိုး(၃၆)ဂိုးအထိသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆာရီကတော့ စီရော်နယ်ဒိုအနေနဲပ ဟီဂူအင်ရဲ့စံချိန်ကိုချိုးဖြတ်နိုင်ဖို့အလိုရှိနေတာပဲဖြစ်ပါတယ်။ ဟီဂူအင် အဆိုပါစံချိန်ကိုတင်နိုင်ခဲ့တဲ့အချိန်က နာပိုလီအသင်းကို ဆာရီကနည်းပြနေခဲ့တာလည်းဖြစ်ပါတယ်။

ဆာရီက သူ့အနေနဲ့စီးရီးအေဂိုးသွင်းစံချိန်ကို နာပိုလီအသင်းမှာတုန်းက ဟီဂူအင်နဲ့တင်ပြနိုင်ခဲ့ပြီး၊ ယခုတစ်ခါမှာတော့ အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့အတူ ဒီလိုလုပ်ပြနိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ ဆာရီရဲ့စကားဟာ တိုက်စစ်မှူးစီရော်နယ်ဒိုကို စိန်ခေါ်လိုက်တဲ့ပုံစံမျိုးဖြစ်ပြီး၊ စီရော်နယ်ဒိုတစ်ယောက် ဆာရီပြောသလို စံချိန်သစ်ကိုလာမယ့်ဘောလုံးရာသီမှာချိုးဖြတ်သွားနိုင်မလား၊ ဆာရီကတော့ဘယ်လိုနည်းလမ်းတွေနဲ့ကူညီပေးမှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar