ဘစ္ဆာခါနဲ႔ အိုးထရက္ဖို႔ဒ္ကေစာင့္ၾကိဳေနတဲ့ေက်ာနံပါတ္

မန္ယူႏိုက္တက္နဲ႔ခရစ္စတယ္ပဲေလ့အသင္းတို႔ၾကား ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈရယူႏိုင္ခဲ့ျပီးေနာက္ လာမယ့္ရက္ပိုင္းအတြင္း အျပီးသတ္ေျပာင္းေရႊ႕ဖြယ္ရွိေနတဲ့ ညာေနာက္ခံလူ ၀မ္ဘစ္ဆာခါ အေနနဲ႔ ေနာက္ထပ္စဥ္းစားရမယ့္ ကိစၥတစ္ခုကဆီးၾကိဳေနပါတယ္။

အဲတာကေတာ့ ေက်ာနံပါတ္ကိစၥပါပဲ။ ဟုတ္ပါတယ္။ ကစားသမားတစ္ေယာက္ရဲ႕ေက်ာနံပါတ္ဟာ သူ႔ရဲ႕ေျခစြမ္းနဲ႔တိုက္ရိုက္အခ်ိဳးက်မႈ မရွိဘူးဆိုေပမဲ့ ယူႏိုက္တက္ပရိသတ္အမ်ားစုကေတာ့ သူတို႔ရဲ႕ သူရဲေကာင္းေတြခတ္အဆက္ဆက္ ၀တ္ဆင္ခဲ့ၾကတဲ့ ကေ်ာနံပါတ္ေတြအေပၚ စိတ္ခံစားမႈအင္မတန္ ျပင္းထန္ၾကျပီး၊ အထူးသျဖင့္ ဂႏၳ၀င္ေတြ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ကို ဆက္ခံသူေတြအေပၚမွာ ၾကီးၾကီးမားမားေမွ်ာ္လင့္တက္ၾကပါတယ္။

အသစ္ေရာက္ရွိလာတဲ့ ကစားသမားတစ္ေယာက္ဟာ ပံုမွန္ေျခစြမ္းျပသႏိုင္ခဲ့ရင္ေတာင္ သူဆက္ခံတဲ့ ေက်ာနံပါတ္ရဲ႕ ယခင္ပိုင္ရွင္က သူ႔ထက္ပိုေကာင္းခဲ့ျပီး ပိုေအာင္ျမင္တဲ့သူျဖစ္ခဲ့ဖူးရင္ေတာ့ အဲဒီ့ကစားသမားသစ္ဟာ ျပႆနာတက္ပါျပီ။

ဘယ္ေလာက္ၾကိဳးစားၾကိဳးစား ေ႔ရွလူကိုမမွီရင္ ေ၀ဖန္မႈဒဏ္ေတြကို ခံစားရမွာျဖစ္သလို မမွ်တတဲ့ ဖိအားေတြေအာက္က်ေရာက္မႈေၾကာင့္ ကြင္းအတြင္းေျခစြမ္းကိုပါထိခိုက္လာျပီး ပံုမွန္ကစားခြင့္ေပ်ာက္ဆံုးကာ ေနာက္ဆံုး အသင္းရဲ႕ စြန္႔ပစ္ျခင္းကိုခံရတဲ့အထိ အေျခအေန ဆိုးရြားသြားေလ့ရွိပါတယ္။ ဥပမာအေနနဲ႔ ယူႏိုက္တက္ရဲ႕ နာမည္ေက်ာ္ နံပါတ္တစ္ခုျဖစ္တဲ့ ေက်ာနံပါတ္(၇)ကိုပဲၾကည့္ပါ။

ေဒးဗစ္ဘက္ခမ္း လက္ထက္မွာစတင္ ကမာၻေက်ာ္ခဲ့တဲ့ေက်ာနံပါတ္(၇)ကို စီေရာ္နယ္ဒိုက ဆက္လက္၀တ္ဆင္ခဲ့ျပီး ကမာၻအေကာင္းဆံုးအျဖစ္ ေအာင္ျမင္ခဲ့ျပီးေနာက္မွာေတာ့ နံပါတ္(၇)ဟာ အရွိန္အ၀ါၾကီးမားလာခဲ့ပါတယ္။ အဲဒီ့ေနာက္မွာေတာ့ ဗလန္စီယာ၊ မိုက္ကယ္အို၀င္၊ ဒီမာရီယာ နဲ႔ ဒီပိုင္း တို႔ဟာ ဒီနံပါတ္ကို ဆက္ခံခဲ့ၾကျပီး ထိပ္တန္းအဆင့္ေျခစြမ္းေတြျပသခဲ့ၾကေပမဲ့ ဘက္ခမ္း၊ စီေရာ္နယ္ဒိုတို႔ရဲ႕လႊမ္းမိုးမႈေအာက္ေရာက္ကာ ဖိအားဒဏ္ေတြခံစားရင္း က်ရံႈးခဲ့ၾကရပါတယ္။

ဘစ္ဆာခါအေနနဲ႔ တစ္ခု ကံေကာင္းသြားတာက ေနာက္ခံလူတစ္ဦးျဖစ္ေနတာေၾကာင့္ နံပါတ္(၇)ကို ၀တ္ဆင္ရဖို႔ ျဖစ္ႏိုင္ေျခေတာ့ မရွိပါဘူး။ လက္ရွိယူႏိုက္တက္မွာ လစ္လပ္ေနျပီး ဘစ္ဆာခါ ေရြးခ်ယ္ႏိုင္ေျခရွိေနတဲ့ ေက်ာနံပါတ္ေတြကေတာ့ နံပါတ္(၅)၊(၁၉)၊(၂၁)၊(၂၅)၊(၂၆)၊(၂၇)၊(၂၈)၊(၃၀)တို႔ျဖစ္ျပီး ခရစ္စတယ္ပဲေလ့မွာ သူ၀တ္ဆင္တဲ့ ေက်ာနံပါတ္(၂၉)ကိုလည္း ဖိအားကင္းကင္းနဲဆက္လက္၀တ္ဆင္ဖို႔ ေရြးခ်ယ္ခြင့္ ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘစ်ဆာခါနဲ့ အိုးထရက်ဖို့ဒ်ကစောင့်ကြိုနေတဲ့ကျောနံပါတ်

မန်ယူနိုက်တက်နဲ့ခရစ်စတယ်ပဲလေ့အသင်းတို့ကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် လာမယ့်ရက်ပိုင်းအတွင်း အပြီးသတ်ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာခါ အနေနဲ့ နောက်ထပ်စဉ်းစားရမယ့် ကိစ္စတစ်ခုကဆီးကြိုနေပါတယ်။

အဲတာကတော့ ကျောနံပါတ်ကိစ္စပါပဲ။ ဟုတ်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ကျောနံပါတ်ဟာ သူ့ရဲ့ခြေစွမ်းနဲ့တိုက်ရိုက်အချိုးကျမှု မရှိဘူးဆိုပေမဲ့ ယူနိုက်တက်ပရိသတ်အများစုကတော့ သူတို့ရဲ့ သူရဲကောင်းတွေခတ်အဆက်ဆက် ဝတ်ဆင်ခဲ့ကြတဲ့ ကျောနံပါတ်တွေအပေါ် စိတ်ခံစားမှုအင်မတန် ပြင်းထန်ကြပြီး၊ အထူးသဖြင့် ဂန္ထဝင်တွေဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ဆက်ခံသူတွေအပေါ်မှာ ကြီးကြီးမားမားမျှော်လင့်တက်ကြပါတယ်။

အသစ်ရောက်ရှိလာတဲ့ ကစားသမားတစ်ယောက်ဟာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ရင်တောင် သူဆက်ခံတဲ့ ကျောနံပါတ်ရဲ့ ယခင်ပိုင်ရှင်က သူ့ထက်ပိုကောင်းခဲ့ပြီး ပိုအောင်မြင်တဲ့သူဖြစ်ခဲ့ဖူးရင်တော့ အဲဒီ့ကစားသမားသစ်ဟာ ပြဿနာတက်ပါပြီ။

ဘယ်လောက်ကြိုးစားကြိုးစား ေ့ရှလူကိုမမှီရင် ဝေဖန်မှုဒဏ်တွေကို ခံစားရမှာဖြစ်သလို မမျှတတဲ့ ဖိအားတွေအောက်ကျရောက်မှုကြောင့် ကွင်းအတွင်းခြေစွမ်းကိုပါထိခိုက်လာပြီး ပုံမှန်ကစားခွင့်ပျောက်ဆုံးကာ နောက်ဆုံး အသင်းရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့အထိ အခြေအနေ ဆိုးရွားသွားလေ့ရှိပါတယ်။ ဥပမာအနေနဲ့ ယူနိုက်တက်ရဲ့ နာမည်ကျော် နံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်(၇)ကိုပဲကြည့်ပါ။

ဒေးဗစ်ဘက်ခမ်း လက်ထက်မှာစတင် ကမ္ဘာကျော်ခဲ့တဲ့ကျောနံပါတ်(၇)ကို စီရော်နယ်ဒိုက ဆက်လက်ဝတ်ဆင်ခဲ့ပြီး ကမ္ဘာအကောင်းဆုံးအဖြစ် အောင်မြင်ခဲ့ပြီးနောက်မှာတော့ နံပါတ်(၇)ဟာ အရှိန်အဝါကြီးမားလာခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ ဗလန်စီယာ၊ မိုက်ကယ်အိုဝင်၊ ဒီမာရီယာ နဲ့ ဒီပိုင်း တို့ဟာ ဒီနံပါတ်ကို ဆက်ခံခဲ့ကြပြီး ထိပ်တန်းအဆင့်ခြေစွမ်းတွေပြသခဲ့ကြပေမဲ့ ဘက်ခမ်း၊ စီရော်နယ်ဒိုတို့ရဲ့လွှမ်းမိုးမှုအောက်ရောက်ကာ ဖိအားဒဏ်တွေခံစားရင်း ကျရှုံးခဲ့ကြရပါတယ်။

ဘစ်ဆာခါအနေနဲ့ တစ်ခု ကံကောင်းသွားတာက နောက်ခံလူတစ်ဦးဖြစ်နေတာကြောင့် နံပါတ်(၇)ကို ဝတ်ဆင်ရဖို့ ဖြစ်နိုင်ခြေတော့ မရှိပါဘူး။ လက်ရှိယူနိုက်တက်မှာ လစ်လပ်နေပြီး ဘစ်ဆာခါ ရွေးချယ်နိုင်ခြေရှိနေတဲ့ ကျောနံပါတ်တွေကတော့ နံပါတ်(၅)၊(၁၉)၊(၂၁)၊(၂၅)၊(၂၆)၊(၂၇)၊(၂၈)၊(၃၀)တို့ဖြစ်ပြီး ခရစ်စတယ်ပဲလေ့မှာ သူဝတ်ဆင်တဲ့ ကျောနံပါတ်(၂၉)ကိုလည်း ဖိအားကင်းကင်းနဲဆက်လက်ဝတ်ဆင်ဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။

လူညိုချော@SportsGabar