အာရွအသင္းကိုအႏိုင္ကစားမယ္လို႔ ၾကံဳး၀ါးလိုက္တဲ့ မက္ဆီ

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီက အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ရင္ဆိုင္ရမယ့္ ကာတာအသင္းကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ၾကံဳး၀ါးလိုက္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ပါရာေဂြးအသ္းကို သေရသာကစားႏိုင္ခဲ့ျပီးေနာက္ ကိုပါအေမရိကျပိဳင္ပြဲမွာ ရလဒ္ေတြ ဆိုးရြားေနျပီး ကစားျပီးခဲ့တဲ့ (၂)ပြဲမွာ (၁)ပြဲရံႈး၊ (၁)ပြဲသေရက်ထားကာ ရမွတ္ (၁)မွတ္နဲ႔ အုပ္စုေအာက္ဆံုးမွာ ျပားျပား၀ပ္ေနပါတယ္။

အာဂ်င္တီးနားအသင္းကို ကိုပါအေမရိကဖလားအရယူေပးျပီးရင္ အနားယူေတာ့မယ္လို႔ ေလသံပစ္ထားခဲ့တဲ့ နည္းျပ လီယြန္နယ္ စကယ္လိုနီ လည္း ျပိဳင္ပြဲျပီးရင္ အလုပ္ေတြမနားတမ္းဆက္လုပ္သြားရဖို႔ အေလးသာေနပါတယ္။ ဒါေပမဲ့ ပါရာေဂြးနဲ႔ပြဲမွာ အသင္းအတြက္ အဖိုးတန္ေျခပဂိုးတစ္ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ မက္ဆီကေတာ့ သူ႔အသင္းဟာ ေနာက္ပြဲမွာ ကာတာကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနေၾကာင္းေျပာလိုက္တာပါ။ မက္ဆီက-

” ကြ်န္ေတာ့္အသင္းဟာ ေနာက္ပြဲမွာေတာ့ ျပိဳင္ဘက္ကို အလဲထိုးႏိုင္ယူသြားမွာပါ၊ ကြ်န္ေတာ္တို႔ ပိုမိုတိုးတက္လာမွာျဖစ္ျပီး အသင္းရဲ႕ပံုစံေကာင္းကို ရွာေဖြႏိုင္ပါလိမ့္မယ္ ”

” ပထမပိုင္းမိနစ္ေတာ္ေတာ္မ်ားမ်ားမွာ ကြ်န္ေတာ္တို႔က ပြဲကို စိုးမိုးႏိုင္ခဲ့ေပမဲ့ ဂိုးေပးလိုက္ရျပီးေနာက္ ကြ်န္ေတာ္တို႔ အနည္းငယ္ျပာသြားခဲ့ပါတယ္၊ ဒုတိယပိုင္းအေရာက္မွာေတာ့ ဂိုးရဖို႔အတြက္ နည္းလမ္းေပါင္းစံုနဲ႔ အားထုတ္ခဲ့ပါတယ္၊ ဒါေၾကာင့္ ေခ်ပဂိုးရခဲ့ျပီး သေရက်ခဲ့တာပါ ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ပါရာေဂြးအသင္းကို သေရက်ခဲ့လို႔ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ မရွိေတာ့တဲ့ အာဂ်င္တီးနားအသင္းဟာ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ကာတာအသင္းနဲ႔ ဘယ္လိုရလဒ္မ်ိဳးပဲ ထြက္ေပၚေပါေစ တစ္ဖက္မွာ ပါရာေဂြးကသာ ကိုလံဘီယာကိုႏိုင္လိုက္ရင္ မက္ဆီတို႔တစ္သိုက္ အသဲေတြကြဲျပီး အိမ္ျပန္ရပါျပီ။

လူညိဳေခ်ာ@SportsGabar

unicode

အာရှအသင်းကိုအနိုင်ကစားမယ်လို့ ကြုံးဝါးလိုက်တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရင်ဆိုင်ရမယ့် ကာတာအသင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကြုံးဝါးလိုက်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပါရာဂွေးအသ်းကို သရေသာကစားနိုင်ခဲ့ပြီးနောက် ကိုပါအမေရိကပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး ကစားပြီးခဲ့တဲ့ (၂)ပွဲမှာ (၁)ပွဲရှုံး၊ (၁)ပွဲသရေကျထားကာ ရမှတ် (၁)မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ပြားပြားဝပ်နေပါတယ်။

အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလားအရယူပေးပြီးရင် အနားယူတော့မယ်လို့ လေသံပစ်ထားခဲ့တဲ့ နည်းပြ လီယွန်နယ် စကယ်လိုနီ လည်း ပြိုင်ပွဲပြီးရင် အလုပ်တွေမနားတမ်းဆက်လုပ်သွားရဖို့ အလေးသာနေပါတယ်။ ဒါပေမဲ့ ပါရာဂွေးနဲ့ပွဲမှာ အသင်းအတွက် အဖိုးတန်ခြေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီကတော့ သူ့အသင်းဟာ နောက်ပွဲမှာ ကာတာကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းပြောလိုက်တာပါ။ မက်ဆီက-

” ကျွန်တော့်အသင်းဟာ နောက်ပွဲမှာတော့ ပြိုင်ဘက်ကို အလဲထိုးနိုင်ယူသွားမှာပါ၊ ကျွန်တော်တို့ ပိုမိုတိုးတက်လာမှာဖြစ်ပြီး အသင်းရဲ့ပုံစံကောင်းကို ရှာဖွေနိုင်ပါလိမ့်မယ် ”

” ပထမပိုင်းမိနစ်တော်တော်များများမှာ ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့ပေမဲ့ ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့ အနည်းငယ်ပြာသွားခဲ့ပါတယ်၊ ဒုတိယပိုင်းအရောက်မှာတော့ ဂိုးရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ အားထုတ်ခဲ့ပါတယ်၊ ဒါကြောင့် ချေပဂိုးရခဲ့ပြီး သရေကျခဲ့တာပါ ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပါရာဂွေးအသင်းကို သရေကျခဲ့လို့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတော့တဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကာတာအသင်းနဲ့ ဘယ်လိုရလဒ်မျိုးပဲ ထွက်ပေါ်ပေါစေ တစ်ဖက်မှာ ပါရာဂွေးကသာ ကိုလံဘီယာကိုနိုင်လိုက်ရင် မက်ဆီတို့တစ်သိုက် အသဲတွေကွဲပြီး အိမ်ပြန်ရပါပြီ။

လူညိုချော@SportsGabar