ဘိန္းစ္ ကိုစာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ့ဲတ့ဲ အဲဗာတန္

အဲဗာတန္အသင္းဟာ အသင္းရဲ႕ဘယ္ေနာက္ခံလူ ဘိန္းစ္ကို စာခ်ဳပ္သက္တမ္းတစ္ႏွစ္တိုးခ့ဲျပီးတ့ဲေနာက္မွာေတာ့ လာမယ့္ရာသီမွာအသင္းမွာဆက္ရွိေနဖို႔ အတည္ျပဳေျပာဆိုသြားခ့ဲပါတယ္။

ဘိန္းစ္ဟာ အဲဗာတန္နဲ႔တစ္ႏွစ္စာခ်ုဳပ္သက္တမ္းတိုးခ့ဲတာေၾကာင့္ အဲဗာတန္အသင္းနဲ႔အတူ (၁၃)ရာသီေျမာက္ ကစားသမားဘ၀ကို ျဖတ္သန္းသြားေတာ့မွာျဖစ္ပါတယ္။ ဘိန္းစ္ကိုလြန္ခ့ဲတ့ဲ(၂၀၀၇)ခုႏွစ္က ၀ီဂန္အသင္းကေနေခၚယူခ့ဲတာျဖစ္ျပီး၊ အဆိုပါအဂၤလန္လက္ေရြးစင္ေဟာင္းဟာအဲဗာတန္အသင္းရဲ႕သက္ေတာ္ရွည္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဘိန္းစ္ဟာျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ေဘာလံုးရာသီမွာအဲဗာတန္အတြက္ (၇)ပြဲသာပါ၀င္ကစားေပးခ့ဲရတာျဖစ္ျပီး၊ ေနာက္ခံလူ လူးကပ္စ္ ဒစ္ေနးရဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္နဲ႔သာရွိေနခ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲလည္း ဘိန္းစ္ဟာအသင္းမွာဆက္ေနဖို႔ဆံုးျဖတ္ခ့ဲတာျဖစ္ပါတယ္။ အခုလိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ခ့ဲတ့ဲအေပၚမွာဘိန္းစ္က သူ႔ခံစားခ်က္ကိုေျပာၾကားသြားခ့ဲပါေသးတယ္။

ဘိန္းစ္က ” ပထမဆံုးစာခ်ဳပ္ ခ်ဳပ္ခ့ဲတုန္းကလိုပါပဲ၊ ကၽြန္ေတာ္ဂုဏ္ယူမိပါတယ္၊ ကၽြန္ေတာ္ဟာအသက္ၾကီးလာျပီျဖစ္တ့ဲအတြက္ အသင္းရဲ႕အဆင့္အတန္းတိုးတက္လာဖို႔ လိုအပ္တ့ဲအလုပ္ကိုကၽြန္ေတာ္လုပ္ေပးရမွာမယ္ဆိုတာ နားလည္ထားရပါမယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။ အသင္းရဲ႕နည္းျပ မားကို႔ ေဆးလ္ဗားကလည္း ဘိန္းစ္ကိုစာခ်ဳပ္ သစ္ခ်ဳပ္ဆိုႏိုင္ခ့ဲတ့ဲအေပၚမွာအခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။ မားကို႔က ” ဘိန္းစ္ကို အသင္းမွာဆက္ထိန္းထားဖို႔က ကၽြန္ေတာ္အတြက္တကယ္ကိုလိုအပ္ပါတယ္၊ ရာသီၾကိဳေျခစြမ္းပြဲေတြမတိုင္ခင္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခ့ဲတ့ဲအတြက္ ေက်နပ္မိပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

အဲဗာတန္အသင္းဟာ (၂၀၁၉-၂၀)ပရီးမီးယားလိဂ္ေဘာလံုးရာသီရဲ႕အဖြင့္ပြဲစဥ္အျဖစ္ ခရစၥတယ္ပဲေလ့အသင္းရဲ႕အိမ္ကြင္းမွာသြားေရာက္ရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။ (၂၀၁၉-၂၀)ပရီးမီးယားလိဂ္ရာသီသစ္ဟာ ၾသဂုတ္လ(၁၀)ရက္ေန႔မွာျပန္လည္စတင္ေတာ့မွာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘိန်းစ် ကိုစာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ အသင်းရဲ့ဘယ်နောက်ခံလူ ဘိန်းစ်ကို စာချုပ်သက်တမ်းတစ်နှစ်တိုးခဲ့ပြီးတဲ့နောက်မှာတော့ လာမယ့်ရာသီမှာအသင်းမှာဆက်ရှိနေဖို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

ဘိန်းစ်ဟာ အဲဗာတန်နဲ့တစ်နှစ်စာချုုပ်သက်တမ်းတိုးခဲ့တာကြောင့် အဲဗာတန်အသင်းနဲ့အတူ (၁၃)ရာသီမြောက် ကစားသမားဘဝကို ဖြတ်သန်းသွားတော့မှာဖြစ်ပါတယ်။ ဘိန်းစ်ကိုလွန်ခဲ့တဲ့(၂၀၀၇)ခုနှစ်က ဝီဂန်အသင်းကနေခေါ်ယူခဲ့တာဖြစ်ပြီး၊ အဆိုပါအင်္ဂလန်လက်ရွေးစင်ဟောင်းဟာအဲဗာတန်အသင်းရဲ့သက်တော်ရှည်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဘိန်းစ်ဟာပြီးခဲ့တဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာအဲဗာတန်အတွက် (၇)ပွဲသာပါဝင်ကစားပေးခဲ့ရတာဖြစ်ပြီး၊ နောက်ခံလူ လူးကပ်စ် ဒစ်နေးရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘိန်းစ်ဟာအသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ်မှာဘိန်းစ်က သူ့ခံစားချက်ကိုပြောကြားသွားခဲ့ပါသေးတယ်။

ဘိန်းစ်က ” ပထမဆုံးစာချုပ် ချုပ်ခဲ့တုန်းကလိုပါပဲ၊ ကျွန်တော်ဂုဏ်ယူမိပါတယ်၊ ကျွန်တော်ဟာအသက်ကြီးလာပြီဖြစ်တဲ့အတွက် အသင်းရဲ့အဆင့်အတန်းတိုးတက်လာဖို့ လိုအပ်တဲ့အလုပ်ကိုကျွန်တော်လုပ်ပေးရမှာမယ်ဆိုတာ နားလည်ထားရပါမယ် ” လို့ပြောကြားသွားခဲ့ပါတယ်။ အသင်းရဲ့နည်းပြ မားကို့ ဆေးလ်ဗားကလည်း ဘိန်းစ်ကိုစာချုပ် သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ်မှာအခုလိုပဲပြောကြားသွားခဲ့ပါတယ်။ မားကို့က ” ဘိန်းစ်ကို အသင်းမှာဆက်ထိန်းထားဖို့က ကျွန်တော်အတွက်တကယ်ကိုလိုအပ်ပါတယ်၊ ရာသီကြိုခြေစွမ်းပွဲတွေမတိုင်ခင် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ (၂၀၁၉-၂၀)ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့အဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့အသင်းရဲ့အိမ်ကွင်းမှာသွားရောက်ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။ (၂၀၁၉-၂၀)ပရီးမီးယားလိဂ်ရာသီသစ်ဟာ သြဂုတ်လ(၁၀)ရက်နေ့မှာပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar