ဟက္ထရစ္သြင္းႏုိင္ခဲ့တဲ့ ေရာ္နယ္ဒိုကို ပါရမီရွင္ေဘာလံုးသမားလို႔ ခ်ီးက်ဴးလိုက္တဲ့နည္းျပ

ျပီးခဲ့တဲ့ ညက ယွဥ္ျပိဳင္ကစားခဲ့တဲ့ ေပၚတူဂီအသင္းနဲ႔ ဆြစ္ဇာလန္အသင္းတို႕ရဲ႕ ပြဲစဥ္မွာ ေပၚတူဂီအသင္းဟာ (၃-၁)ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဥေရာပႏိုင္ငံတကာဖလားျပိဳင္ပြဲရဲ႕ ဆီးမီးဖိုင္နယ္ပြဲစဥ္ကို အႏိုင္ရခဲ့တာ ျဖစ္တဲ့အတြက္ ေပၚတူဂီတို႔ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ျပီဆိုရမွာပါ။

ထူးဆန္းတဲ့အခ်က္အေနနဲ႔ ေပၚတူဂီအသင္းရရွိတဲ့ သြင္းဂိုး (၃)ဂိုးလံုးကို စီေရာ္နယ္ဒိုတစ္ေယာက္တည္းက သြင္းယူခဲ့တာျဖစ္ျပီး၊ ပရိသတ္ေတြအားလံုးကို အံ့အားသင့္ေစခဲ့ရပါတယ္။ ေပၚတူဂီနည္းျပ ကိုယ္တိုင္က ေဘာလံုးပါရမီရွင္လို႔ ခ်ီးက်ဴးခဲ့ရသလို ဒီအေၾကာင္းကို ပြဲအျပီး အင္တာဗ်ဴးမွာ အခုလို ေျပာသြားခဲ့ပါတယ္။

‘ ေရာ္နယ္ဒိရဲ႕ ကစားပြဲကို ခ်ီးက်ဴးမယ္ဆိုရင္ ဂုဏ္ပုဒ္ေတြ အမ်ားၾကီး သံုးရပါမယ္၊ ကၽြန္ေတာ္ ၂၀၀၃ ခုႏွစ္ကတည္းက သူ႕နည္းျပလုပ္လာခဲ့တာ သူဘယ္ကို သြားေနလဲဆိုတာ ကၽြန္ေတာ္သိပါတယ္၊ သူကပါရမီရွင္ပါ၊ ကိုယ္တိုင္ပံုေဖာ္ထုဆစ္ေနတဲ့ ေဘာလံုးပါရမီရွင္တစ္ေယာက္ပါ၊ တစ္ေယာက္ေယာက္က သံုးဂိုး သြင္းတဲ့အခါ သူတို႔က ျခားနားတဲ့ ကစားကြက္ပံုေဖာ္သူေတြျဖစ္တယ္’

‘ ဒီကစားပြဲက ခက္ခဲတယ္၊ ေကာင္းေကာင္း ကစားႏုိင္ခဲ့တယ္၊ ႏိုင္ဖို႔အတြက္ကို ႏွစ္ဘက္အသင္းလံုးက လံုး၀ေတာင့္တင္းလြန္းတယ္၊ တစ္ဖက္အသင္းက သူတို႔ရဲ႕ ပံုစံကို ေျပာင္းျပီး၊ နည္းစနစ္ပိုင္းအရ ေကာင္းေကာင္းတည္ေဆာက္ထားတဲ့အခါမွာ ကြင္းထဲမွာ ဘာလုပ္ရမလဲကို သူတို႔ ေကာင္းေကာင္းသိတယ္၊ ကၽြန္ေတာ္တို႔ ေတြးထားတဲ့ ယုိေပါက္ေတြကို လံုး၀ကန္႔သတ္ႏိုင္ခဲ့တယ္ ‘ ဆိုျပီး ေျပာသြားခဲ့ပါတယ္။

နည္းျပ ဆန္းတို႔ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ တစ္ဘက္အသင္းရဲ႕ ကစားကြက္ေကာင္းလြန္းခဲ့ေပမယ့္ သံုးဂိုးသြင္းျပီး ေရာ္နယ္ဒို ေကာင္းခဲ့တဲ့အတြက္ ပါရမီရွင္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ေရာ္နယ္ဒိုကို ပါရမီရွင္လို႔ ခ်ီးက်ဴးတဲ့ နည္းျပဟာ ေပၚတူဂီနည္းျပၾကီးအတြက္ေတာ့ ပိုလြန္းခဲ့မယ္ မထင္ပါဘူး။ အေၾကာင္းကေတာ့ ေပၚတူဂီအသင္း ဖိုင္နယ္ကို တက္ေရာက္ျပီး ေနာက္ဖလားတစ္လံုးကို ဗိုလ္စြဲဖို႔ အေကာင္းဆံုးအခြင့္အေရးကို ေရာက္ေနခဲ့ျပီ ျဖစ္တာေၾကာင့္လို႔ ဆိုရမွာပါပဲ။

ေရႊရင္ေအး@SportsGabar

Unicode

ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို ပါရမီရှင်ဘောလုံးသမားလို့ ချီးကျူးလိုက်တဲ့နည်းပြ

ပြီးခဲ့တဲ့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဥရောပနိုင်ငံတကာဖလားပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်ပွဲစဉ်ကို အနိုင်ရခဲ့တာ ဖြစ်တဲ့အတွက် ပေါ်တူဂီတို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဆိုရမှာပါ။

ထူးဆန်းတဲ့အချက်အနေနဲ့ ပေါ်တူဂီအသင်းရရှိတဲ့ သွင်းဂိုး (၃)ဂိုးလုံးကို စီရော်နယ်ဒိုတစ်ယောက်တည်းက သွင်းယူခဲ့တာဖြစ်ပြီး၊ ပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ ပေါ်တူဂီနည်းပြ ကိုယ်တိုင်က ဘောလုံးပါရမီရှင်လို့ ချီးကျူးခဲ့ရသလို ဒီအကြောင်းကို ပွဲအပြီး အင်တာဗျူးမှာ အခုလို ပြောသွားခဲ့ပါတယ်။

‘ ရော်နယ်ဒိရဲ့ ကစားပွဲကို ချီးကျူးမယ်ဆိုရင် ဂုဏ်ပုဒ်တွေ အများကြီး သုံးရပါမယ်၊ ကျွန်တော် ၂၀၀၃ ခုနှစ်ကတည်းက သူ့နည်းပြလုပ်လာခဲ့တာ သူဘယ်ကို သွားနေလဲဆိုတာ ကျွန်တော်သိပါတယ်၊ သူကပါရမီရှင်ပါ၊ ကိုယ်တိုင်ပုံဖော်ထုဆစ်နေတဲ့ ဘောလုံးပါရမီရှင်တစ်ယောက်ပါ၊ တစ်ယောက်ယောက်က သုံးဂိုး သွင်းတဲ့အခါ သူတို့က ခြားနားတဲ့ ကစားကွက်ပုံဖော်သူတွေဖြစ်တယ်’

‘ ဒီကစားပွဲက ခက်ခဲတယ်၊ ကောင်းကောင်း ကစားနိုင်ခဲ့တယ်၊ နိုင်ဖို့အတွက်ကို နှစ်ဘက်အသင်းလုံးက လုံးဝတောင့်တင်းလွန်းတယ်၊ တစ်ဖက်အသင်းက သူတို့ရဲ့ ပုံစံကို ပြောင်းပြီး၊ နည်းစနစ်ပိုင်းအရ ကောင်းကောင်းတည်ဆောက်ထားတဲ့အခါမှာ ကွင်းထဲမှာ ဘာလုပ်ရမလဲကို သူတို့ ကောင်းကောင်းသိတယ်၊ ကျွန်တော်တို့ တွေးထားတဲ့ ယိုပေါက်တွေကို လုံးဝကန့်သတ်နိုင်ခဲ့တယ် ‘ ဆိုပြီး ပြောသွားခဲ့ပါတယ်။

နည်းပြ ဆန်းတို့ရဲ့ ပြောကြားချက်အရဆိုရင် တစ်ဘက်အသင်းရဲ့ ကစားကွက်ကောင်းလွန်းခဲ့ပေမယ့် သုံးဂိုးသွင်းပြီး ရော်နယ်ဒို ကောင်းခဲ့တဲ့အတွက် ပါရမီရှင်လို့ ချီးကျူးခဲ့ပါတယ်။ ရော်နယ်ဒိုကို ပါရမီရှင်လို့ ချီးကျူးတဲ့ နည်းပြဟာ ပေါ်တူဂီနည်းပြကြီးအတွက်တော့ ပိုလွန်းခဲ့မယ် မထင်ပါဘူး။ အကြောင်းကတော့ ပေါ်တူဂီအသင်း ဖိုင်နယ်ကို တက်ရောက်ပြီး နောက်ဖလားတစ်လုံးကို ဗိုလ်စွဲဖို့ အကောင်းဆုံးအခွင့်အရေးကို ရောက်နေခဲ့ပြီ ဖြစ်တာကြောင့်လို့ ဆိုရမှာပါပဲ။

ရွှေရင်အေး@SportsGabar