ဒုတိယေျမာက္ျဖစ္လာမယ့္ေခၚယူမႈအတြက္သေဘာတူညီမႈရခဲ့ျပီျဖစ္တဲ့မန္ယူႏိုက္တက္

နာမည္ၾကီးကစားသမားေတာ္ေတာ္မ်ားနဲ႔သတင္းေတြထြက္ေပၚခဲ့တဲ့ မန္ယူႏိုက္တက္အသင္းဟာ ကစားသမားတစ္ဦးတည္းကိုသာ ေရေရရာရာ ေခၚယူထားႏိုင္ေသးျပီး၊ အေျပာင္းအေရႊ႕ကာလမွာ ေျခလွမ္းေတြ ေႏွးေနခဲ့ေပမဲ့ သူတို႔ရဲ႕ဒုတိယေျမာက္ေခၚယူမႈျဖစ္လာမယ့္ကစားသမားနဲ႔ သေဘာတူညီမႈရခဲ့ျပီလို႔ သိရပါတယ္။

သူကေတာ့ ခရစ္စတယ္ပဲေလ့အသင္း ညာေနာက္ခံလူ ၀မ္ဘစ္ဆာခါပဲျဖစ္ျပီး သူအတြက္ ယူႏိုက္တက္နဲ႔ ခရစ္စတယ္ပဲေလ့အသင္းတို႔ဟာ ေျပာင္းေရႊ႕ေၾကး ေပါင္ (၅၅)သန္းနဲ႔ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈ ရရွိခဲ့ျပီလို႔သိရပါတယ္။ ယူႏိုက္တက္ဟာ ဘစ္ဆာခါကို ခ်ိတ္ဆက္ေနခဲ့တာ ၾကာျပီျဖစ္ျပီး ထြက္ခြာသြားတဲ့ ဗလန္စီယာေနရာမွာ အစားထိုးသြားဖို႔ ရည္ရြယ္ထားတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရက္ပိုင္းတုန္းက ယူႏိုက္တက္ရဲ႕ေပါင္သန္း (၅၀)နဲ႔ ကမ္းလွမ္းမႈအေပၚ ခရစ္စတယ္ပဲေလ့အသင္းက ပယ္ခ်ထားခဲ့ေပမဲ့ ယခု ေပါင္(၅)သန္းထပ္တိုးျပီး ေနာက္ထပ္တစ္ၾကိ္မ္ ကမ္းလွမ္းခဲ့ရာမွာေတာ့ ခရစ္စတယ္ပဲေလ့ဘက္က ေခါင္းညိမ့္လိုက္တာျဖစ္ပါတယ္။

ယူႏိုက္တက္ပရိသတ္ တခ်ိဳ႕ကေတာ့ ဒီသေဘာတူညီမႈအေပၚမွာ ဘ၀င္မက်မႈေတြရွိေနပါတယ္။ ျပီးခဲ့တဲ့ ျပင္သစ္နဲ႔ပြဲမွာ အဂၤလန္လူငယ္အသင္းအတြက္ ပြဲထြက္ကစားခဲ့ျပီး ကိုယ့္ဂိုးကို ျပန္သြင္းခဲ့တဲ့ ဘစ္ဆာခါလို ကစားသမားတစ္ေယာက္အတြက္ ေပါင္ (၅၅)သန္းဆိုတဲ့ ပမာဏဟာ မ်ားလြန္းေနတယ္လို႔ ယူဆေနာကတာလည္းျဖစ္ပါတယ္။

တကယ္လို႔ ၀မ္ဘစ္ဆာခါသာ ေဖာ္ျပပါ ေျပာင္းေရႊ႕ေၾကးနဲ႔ အိုးထရက္ဖို႔ဒ္ထံ အျပီးသတ္ေရာက္ရွိလာခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ သမိုင္းမွာ ကမာၻ႔ေစ်းအျမင့္ဆံုး ညာေနာက္ခံလူ ျဖစ္လာဖို႔လည္းရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဒုတိယမြောက်ဖြစ်လာမယ့်ခေါ်ယူမှုအတွက်သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့မန်ယူနိုက်တက်

နာမည်ကြီးကစားသမားတော်တော်များနဲ့သတင်းတွေထွက်ပေါ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ကစားသမားတစ်ဦးတည်းကိုသာ ရေရေရာရာ ခေါ်ယူထားနိုင်သေးပြီး၊ အပြောင်းအရွှေ့ကာလမှာ ခြေလှမ်းတွေ နှေးနေခဲ့ပေမဲ့ သူတို့ရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမယ့်ကစားသမားနဲ့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

သူကတော့ ခရစ်စတယ်ပဲလေ့အသင်း ညာနောက်ခံလူ ဝမ်ဘစ်ဆာခါပဲဖြစ်ပြီး သူအတွက် ယူနိုက်တက်နဲ့ ခရစ်စတယ်ပဲလေ့အသင်းတို့ဟာ ပြောင်းရွှေ့ကြေး ပေါင် (၅၅)သန်းနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီလို့သိရပါတယ်။ ယူနိုက်တက်ဟာ ဘစ်ဆာခါကို ချိတ်ဆက်နေခဲ့တာ ကြာပြီဖြစ်ပြီး ထွက်ခွာသွားတဲ့ ဗလန်စီယာနေရာမှာ အစားထိုးသွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ယူနိုက်တက်ရဲ့ပေါင်သန်း (၅၀)နဲ့ ကမ်းလှမ်းမှုအပေါ် ခရစ်စတယ်ပဲလေ့အသင်းက ပယ်ချထားခဲ့ပေမဲ့ ယခု ပေါင်(၅)သန်းထပ်တိုးပြီး နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းခဲ့ရာမှာတော့ ခရစ်စတယ်ပဲလေ့ဘက်က ခေါင်းညိမ့်လိုက်တာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ် တချို့ကတော့ ဒီသဘောတူညီမှုအပေါ်မှာ ဘဝင်မကျမှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ်နဲ့ပွဲမှာ အင်္ဂလန်လူငယ်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီး ကိုယ့်ဂိုးကို ပြန်သွင်းခဲ့တဲ့ ဘစ်ဆာခါလို ကစားသမားတစ်ယောက်အတွက် ပေါင် (၅၅)သန်းဆိုတဲ့ ပမာဏဟာ များလွန်းနေတယ်လို့ ယူဆနောကတာလည်းဖြစ်ပါတယ်။

တကယ်လို့ ဝမ်ဘစ်ဆာခါသာ ဖော်ပြပါ ပြောင်းရွှေ့ကြေးနဲ့ အိုးထရက်ဖို့ဒ်ထံ အပြီးသတ်ရောက်ရှိလာခဲ့မယ်ဆိုရင် သူ့အနေနဲ့ သမိုင်းမှာ ကမ္ဘာ့ဈေးအမြင့်ဆုံး ညာနောက်ခံလူ ဖြစ်လာဖို့လည်းရှိနေပါတယ်။

လူညိုချော@SportsGabar